နင့်ရဲ့နူးညံ့တဲ့ ဆံစလေးတွေကို ငါလွမ်းမိတိုင်း
ဆံပင်ရှည်ရှည်ကောင်မလေးနဲ့ တွဲခဲ့မိတယ်။
နင့်ရဲ့ချစ်စရာကောင်းတဲ့ အပြုံးတွေကို သတိရတိုင်း
ငါ့ကိုပြန်ပြုံးပြတတ်တဲ့ ကောင်မလေးနား ရောက်ခဲ့တယ်။
နင့်ရဲ့နွေးထွေးတဲ့ လက်တစ်စုံကို တမ်းတမိတော့
ကောင်မလေးရဲ့ လက်ကို ဆုပ်ကိုင်မိတယ်။
တကယ်တော့ ငါနင့်ကိုလွမ်းနေတာပါ။
ငါ့နားမှာ နင်မရှိလို. မဖြစ်ဘူးလေ။
Friday, 8 May 2009
Subscribe to:
Post Comments (Atom)
1 comment:
ဆံစလေးတွေ သတိရတိုင်း ဆံတိုမလေးတွေနဲ့ လည်း တွဲလို့  ရပါတယ်အေ။
ချစ်စရာကောင်းတဲ့ အပြုံးတွေကို သတိရတိုင်း အူဝဲလေးတွေကြည့်လိုက် ပိုချစ်စရာကောင်းတယ် မဟုတ်လားအေ့
အဟင်းဟင်း
ချစ်လို့ စသွားတယ် ညီမလေးထွေးရေ..
Post a Comment