Thursday 27 November 2008

အီဂျစ်ခရီး။




ဂျော်ဒန်မသွားဖြစ်ခင် အစ်မလတ်က အီ၈ျစ်ကိုအရင်ဝင်တယ်လေ။ သူအီဂျစ်ကပါလာတဲ့ ဓာတ်ပုံလေးအချို.ကိုလည်း ဝေမျှပါတယ်။ ပိရမစ်ကို ဆောက်ထားတဲ့ကျောက်တုံးတစ်တုံးဟာ လူတစ်ရပ်စာမြင့်ပါတယ်တဲ့။


ဒါကတော့ အားလုံးဘဲသိပြီးဖြစ်နိုင်တဲ့ ပိရမစ်တွေပါဘဲ။


ကိုင်ရိုမြို.ရဲ့အလှ။







ပိရမစ်ရှိုးပွဲ

Tuesday 25 November 2008

အထီးကျန်စိတ်

တခါတရံ ငါလေ
ဘာကိုလိုချင်မှန်းမသိ
တောင့်တနေမိတယ်။
ကောင်းကင်ထဲကို
လွင့်စင်တတ်သွားတဲ့
မီးခိုးငွေ.တန်းလေးတွေလို
ငါ့စိတ်တွေလည်း
ထွေရာလေးပါး တွေးချင်တိုင်း
မျောပါလျက်။
လက်ဖက်ရည်ကြမ်းခွက်ကို
လက်ကကိုင်ပြီး၊ ကဗျာမဆန်တဲ့
စာလုံးတွေလည်း ရိုက်ထည့်နေမိတယ်။
ညမိုးချုပ်မှာ
သည်းသည်းမည်းမည်းရွာနေတတ်တဲ့
မိုးသံကို တမ်းတမိနေပေမယ့်
တကယ်တမ်း ငါ့နားမှာ ကြားနေရတာ
လေအေးပေးစက်မြည်သံတချို.။
အမှောင်ကို ကြောက်တဲ့ငါ
စာကြည့်မီးလုံးလေးက အလင်းရောင်နဲ့
ငါ့ညတွေကို ကျော်ဖြတ်တတ်နေပြီလေ
တခါတရံတော့လည်း
အိမ်မှာလို အလုပ်ကပြန်လာရင်
ကိုရီးယားကားလေးကြည့်ရင်း
အမေခူးကျွေးတဲ့ ထမင်းကို
အဆင်သင့်စားရတဲ့ဘ၀ကို
ပြန်ရချင်သား။
လောကဓံထဲကို
ဆတ်ဆတ်ဆော့ဆော့
ဝင်တိုးမိတော့
အထီးကျန်သားကောင်
ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပေါ။
တခါတရံတော့လည်း
စီးကရက်သောက်ကြည့်ချင်မိတယ်
မီးခိုးငွေ.တွေကြား စိတ်ခံစားမှုတွေ
မျောပါနိုင်ခွင့်ရှိမလားလို.လေ။
ဖိစီးမှုတွေများလာတိုင်း
သီချင်းတွေနားထောင်လွန်းလို.
နားကြပ်လေးတောင်
ပွန်းပဲ့ဒဏ်ရာဗလပွနဲ့ပေါ့။
အခုအချိန်သေချာနေတာကတော့
ငါ အချစ်ကို ရှာဖွေနေမိပြန်ပြီ။



Sunday 23 November 2008

Jordan နိုင်ငံ၊ Petra မြို.ဟောင်းသို. အလည်တစ်ခေါက်။(၂)

အစ်မလုပ်တဲ့သူ အီဂျစ်ရောက်နေတုန်း၊ သူပြန်လာရင် ဂျော်ဒန်ဆက်သွားမယ်တဲ့။ သူသွားမယ်ဆိုတော့ လိုက်ချင်တာပေါ့နော်။ အီဂျစ်တုန်းကတောင် ပတ်စပို့သက်တမ်းတိုးထားတာ ပြန်မရလို. မသွားလိုက်ရတာ။ အခုမှ ပတ်စပို.ကလဲ လက်ထဲမှာပူပူနွေးနွေးပြန်ရထားတာဆိုတော့ ရောဂါကတားမရ။ ဟိုကောင်ကလဲ ခေါ်ဖို.ကို အင်တင်တင်ပေမယ့် မကြီးရဲ့ ဘဏ်ကဒ်က ကိုယ့်လက်ထဲမှာလေ။ ကိုယ့်ကိုမခေါ်ဘဲ သွားလို.ကတော့ ဘဏ်ကဒ်ကိုပေးလိုက်ဖို. အစီအစဉ်မရှိတော့ (အမှန်တော့ ညစ်တာ) မခေါ်ချင့်ခေါ်ချင်နဲ့ ခေါ်သွားလေရဲ့။ သွားကြမယ်ဆိုတော့လဲ ဘာမှ အဆင်သင့်မဖြစ်သေး။
အစ်မလတ် အီဂျစ်ကပြန်လာတဲ့ နောက်တစ်နေ့မနကမှာဘဲ ညီအစ်မ၂ယောက် Jordan Embassy ကိုသွား၊ visa သွားယူ။ ကံကောင်းချင်တော့ တစ်နာရီဘဲ စောင့်ရတယ်။ ချက်ချင်းရ။ ပြီးတော့မှ ၁း၀၀ထွက်မယ့် လေယာဉ်ကိုမှီဖို. ၁၁း၃၀မှ လေဆိပ်ကိုပြေး၊ Ethihad ရုံးခန်းမှာ လက်မှတ်အပြေးအလွှားဝယ်။ (တော်သေးတာက လက်မှတ်ကျန်ပေလို.ပေါ့)။ ပြီးမှ ပါလာတဲ့Laptop လေးကိုဖွင့်၊ အင်တာနက် လိုင်းမိတဲ့နေရာကိုရှာ ဟိုတယ်ဘွတ်ကင်လုပ်။ အားလုံးပြီးတော့မှဘဲ နေ့လည်စာစားဖို. ဘာဂါလေးတွေ တစ်လုံးစီကိုင်ရင်း၊ လေယာဉ်ချိန်အမှီ Check In Counter ကို အသဲအသန်ပြေးဝင်ရ။ ဟူး...မောသွားတာဘဲ။ အားလုံးက Last Minute တွေချည်းဘဲ။ စိတ်ထဲမှာ ငါတော့ဒီနေ့ ဂျော်ဒန်မသွားဖြစ်တော့ဘူးလို.ထင်နေတာ။ ကံကောင်းလို.ရောက်ခဲ့ရတယ်။
ဂျော်ဒန်ရောက်တော့လဲ မောခဲ့သမျှတွေပြေခဲ့ပါတယ်။ (Dead Sea ထဲမှာရေဆော့ကြရင်း ဖုန်းထဲရေ၀င်သွားလို. ဖုန်းပျက်ခဲ့ရတာကလွဲလို.ပေါ့။) အခုတော့ လက်ဆော့လာသမျှ ပုံလေးတွေ ဆက်လက်မျှဝေလိုက်ပါတယ်။ အားပေးကြပါဦးလို့.......


နန်းတော် မုခ်ဦးဝ။








ဒါတွေကတော့ ကျောက်ဂူတွေ၊ ကျောက်နံရံတွေ အစုံဘဲ။ ကျောက်တောင်ပေါ်တတ်ကဲတုန်း ရိုက်ထားတဲ့ပုံလေးပါတင်ထားတယ်။





ဒီလို လက်ဆောင်ပစည်းလေးတွေကို ရောင်းကြပါတယ်။

Theater တဲ့။ ရှေးခေတ်က နပန်းပွဲတွေ၊ ဘာတွေများကြည့်တဲ့ စင်ဖြစ်မယ်ထင်တယ်နော်။ အောက်ကဘဲ ဓာတ်ပုံရိုက်ဖြစ်တယ်။ တတ်ကြည့်ရင် ပြန်မဆင်းရဲမှာကြောက်လို.။ အဟဲ


Saturday 22 November 2008

Jordan နိုင်ငံ၊ Petra မြို.ဟောင်းသို. အလည်တစ်ခေါက်။

အခုရက်ပိုင်း အမေနဲ့ အစ်မကြီး ရန်ကုန်ပြန်နေတုန်း အငယ်၂ကောင်ပေါင်းပြီး Jordan ကိုခရီးထွက်ခဲ့ကြပါတယ်။ ကုန်ကျစရိတ်ကတော့ အစ်မကြီး ယုံကြည်စိတ်ချစွာ အပ်ထားခဲ့တဲ့ ဘဏ်ကဒ်လေးနဲ့ပေါ့။ ဟဲဟဲ (အစ်မကြီး အမိရာလေ)
Jordan နိုင်ငံ၊ Amman မြို.ဟာ အလွန်လှပတဲ့ တောင်ပေါ်မြို.လေးတစ်မြို.ပါ။ ကလောဒေသလိုမျိုးလေးပေါ့။ ညနေ၅း၃၀ဆို ပိန်းပိတ်အောင်မှောင်နေပါပြီ။ အပူပိုင်းဒေသကUAE ကလာတဲ့ ကိုယ်တို. ၂ကောင်ကတော့ ညခင်းမှောင်တာကို စိတ်ပျက်လက်ပျက်နဲ့ပေါ့။ Jordan နိုင်ငံရဲ့ အထင်ကရ Pentra မြို.ဟောင်းသို.သွားခဲ့တဲ့၊ မှတ်တမ်းဓာတ်ပုံလေးတချို.ကို သူငယ်ချင်းများထံ မျှဝေလိုက်ပါတယ်။ ကျန်တာကတော့ နောက်နေ့များမှဘဲ။ အခုမှ ပြန်ရောက်တာဆိုတော့ အိပ်ချင်ပြီ။ ဟီးဟီး။



Jordan မြို.ရဲ့ လေယာဉ်ပေါ်က ရှုခင်းလေးပါ။ မြစ်လက်တတ်၊ ချောင်းလက်တတ်လေးတွေလိုဘဲ အမြွာလေးတွေဖြာဆင်းနေတာ၊ အမှန်တော့ သဲတွေဖုံးနေတဲ့ ကျောက်ဆောင်ကြီးတွေပေါ့။
ဂျပ်ပုံးလေးတွေနဲ့တူတဲ့ Jordan နိုင်ငံ၊ Ammanမြို.ရဲ့ တနိုင်ငံလုံး ဆင်တူအိမ်လေးတွေ၊ အိမ်တွေက တောင်ပေါ်မှာ၊ ကားလမ်းမက တောင်အောက်မှာလေ။

Petra မြို.ဟောင်းကို သွားကြမယ်ဆိုရင်တော့ ဒီမှာလမ်းညွှန်မြေပုံအရင်ကြည့်ပါတဲ့။
မြင်းစီးပြီး မြို.ဟောင်းကို ၀င်မလား၊ လမ်းလျောက်ပြီးဝင်မလား။ မြင်းပုလေးတွေလဲရနိုင်ပါတယ်တဲ့။


Petra မြို.ဟောင်းမှ ထူးဆန်းသော ကျောက်ဂူကြီးများ။

ဒါက Pentra မြို.ဟောင်းနန်းတော်ရဲ့ မုခ်ဝပါ။ လာကြတဲ့ ခရီးသွားတွေကတော့ ကြိတ်ကြိတ်တိုးပါဘဲ။











Saturday 15 November 2008

ငါရှုံးတယ်

ရေပြင်ကို လှော်တတ်နဲ့ ထိုးခွင်း၊ လက်မောင်းနဲ့ ကျောပြင်က ကြွက်သားတွေကို စုစည်း၊ အရှေ.တူရူကို မျက်နှာမူပြီး ငါလှေကိုလှော်တယ်။ ဘေးက ဗလကောင်းကောင်း မျက်နှာဖြူလူမျိုးတွေကြားထဲမှာ အရှေ.တိုင်းသားတွေချည်း စုစည်းထားတဲ့ အကောင်သေးသေး၊ ဗလသေးသေး ငါတို.လှေကလေး မျက်နှာငယ်ခဲ့ရတယ်။ follow me ဆိုတဲ့ သူများတွေရဲ့ အသံကို မကြားချင်ယောင်ဆောင်ရင်း၊ ဒိုင်လူကြီးရဲ့ ခရာမှုတ်သံကို စောင့်ဆိုင်းရတယ်။
GO! ဆိုတာနဲ့ အားလုံးတတ်ညီလက်ညီလှော်ခတ်ခဲ့ကြတယ်။ တစ်မိနစ်ပါဘဲ။ အားကုန်သုံး၊ အသံကုန်ဟစ်ပြီး၊ လှော်တတ်ညီညီနဲ့ပေါ့။ မိတာ ၅၀၀ကို ရောက်ခါနီးပြီ။ ငါတို.လှေ ထိပ်ဆုံးမှာ။ အားတတ်ပြီးလှော်ခတ်ခဲ့တယ်။
မမျှော်လင့်တဲ့ ကံကြမာဆိုတာ ဘယ်သူသိမှာလဲ။ ထိပ်ဆုံးက လှေတစ်စင်းဖြစ်ရက်နဲ့ နောက်ဆုံးကိုရောက်ခဲ့ရတာ။ ဘေးလှေ captain ရဲ့ လှေအထိန်းသိမ်းညံ့လို.ဘဲလား၊ လေလမ်းကြောင့်ဘဲလား ငါမသိဘူး။ သူတို.လှေ ငါတို.လှေရှေ့ကို ကန့်လန့်ဖြတ်ဝင်လာတယ်။ လှေလှော်သားတွေ လန့်သွားတယ်။ ဆက်လှော်နေကြတုန်း၊ ထိမ်းသိမ်းရေ အဖွဲ့တွေက လှေကိုရပ်ခိုင်းတယ်။ မရပ်ရင် လှေ၂စင်းလုံး မှောက်ကုန်မယ်လေ။ နောက်က လိုက်လာတဲ့ လှေ၃စင်း က ပထမ၊ ဒုတိယ၊ တတိယ ကိုအသီးသီးရသွားတယ်။ သူများလှေနဲ့ အတိုက်ခံရတဲ့ ငါတို.တွေကတော့ ကျန်ရစ်ပေါ့။ အသင်း ၅၀ကျော်ပြိုင်တဲ့ ပွဲမှာ semi final ကိုရောက်ဖို. ငါတို. ခက်ခက်ခဲခဲတတ်ခဲ့ရတယ်။ professional မဟုတ်တဲ့ ငါတို.တွေ စည်းစည်းလုံးလုံးနဲ့ ပင်ပန်းစွာ ကျင့်ခဲ့ရတယ်။အခုတော့.... နံပါတ်လေးနဲ့ နံပါတ်၅ကို လုဖို. final ကို ထပ်စောင့်ရမယ်တဲ့။ မစောင့်ချင်တာ့ဘူး။ မျှော်လင့်ချက်တွေ ပျက်စီးကုန်မှတော့ ဘာဆက်လုပ်နိုင်တော့မှာလဲ။ ၄ဘဲရရ၊ ၅ဘဲရရ။ ပထမ မှမဟုတ်တာ။ Captain ကိုပြောပြီး ပြန်လာခဲ့တယ်။ သူကတော့ dubai race အတွက် အသင့်ပြင်ထားဖို.ပြောတယ်။ ဆက်ပြီး လှော်ဖြစ်မလှော်ဖြစ်ကတော့............

Tuesday 11 November 2008

လှေပြိုင်မယ်

အခုတလော ချစ်မိသမျှဇာတ်လမ်းတွေကို ပြန်လည်ခံစားနေတာနဲ့ myoversealife အကြောင်းရေးဖို.ကို မေ့နေတယ်။ ထွေးလေးလောလောဆယ် ဘာလုပ်နေလဲဆိုတော့ လှေလှော်နေပါတယ်။ Abu Dhabi မှာရှိရှိသမျှ ဟိုတယ်ပေါင်းစုံ လှေလှော်ပြိုင်ပွဲမှာ ထွေးလေးတစ်ကောင်လည်း ထုံးစံအတိုင်း ဆက်ဆက်ဆော့ဆော့ ပါဖြစ်တယ်။ လှေလှော်မယ်သာပြောတယ်၊ ရေမကူးတတ်ဘူးဗျ။ ရေမကူးတတ်ရုံတင်မက ကမ်းခြေတောင် မရောက်ဖူးဘူး။ ဒီလိုလူက လှေလှော်မယ်ဆိုတော့ အံ့သြကြတယ်။ လှော်မယ့် တခြားလူတွေနဲ့ ယှဉ်ကြည့်တော့လည်း၊ ဗလကသေးနေတယ်။ တော်သေးတာက တခြားကောင်မလေး၃ယောက်လောက်လည်းလှော်လို.ပေါ့။
လှော်ကြမယ့် လှေအမျိုးအစားကတော့ Dragon boat လို.ခေါ်တယ်။ ၂၂ယောက်လှော်ရမယ်။ မနက်၆း၀၀ဆို အစောကြီးထပြီး practice လုပ်ရပြီ။ ဒီလိုနဲ့ ကျင့်လာလိုက်တာ ၂ပတ်ကျော်လာပြီး၊ လက်မောင်းနာတာတွေ ဘာတွေလဲပျောက်ပေါ့။ တော်တော်ဟုတ်နေပြီ ထင်တဲ့အချိန်မှာ လူရွေးတဲ့ စာရင်းထွက်တော့ ကိုယ့်နာမည်ပါလာတယ်။။ အဟဲ..ပျော်လိုက်တာ။ တော်သေးတာပေါ့ back up အဖွဲ.ထဲရောက်မှာ သိပ်စိုးတာလေ။ အဲလိုနဲ့ ကိုယ့်ဟာကိုယ်ဟုတ်လှပြီ ထင်ပြီးဆက်ကျင့်နေတာ။ ဒီနေ့ အားလုံးပေါင်းပြီး လှေ၂စီးစာလူရွေးကြတော့ ကိုယ်က ညံ့တဲ့ အသင်းထဲပါသွားတယ်။ စိတ်ညစ်လိုက်တာ။ လှေလဲဆက်မလှော်ချင်တော့ဘူး။ စိတ်ဓာတ်လဲကျသွားတယ်။ အခုလဲ ရင်ထဲမှာ မကောင်းဘူး။ အစ်မလတ်ဆီဖုန်းဆက်ပြီး ပြောပြတော့ အစ်မကတော့ စိတ်မညစ်ဖို.အားပေးပါတယ်။ စိတ်တော်တော်ညစ်နေတယ်။ ကိုယ်က ဘာလုပ်လုပ် ဆုရမှလုပ်ချင်တာ။ ဆုမရနိုင်တဲ့ အဖွဲ.မှာတော့ ၀င်မပြိုင်ချင်တော့ဘူး။ ပြိုင်ပွဲကလဲ ၂ရက်ဘဲလိုတော့တယ်။ ဟူး...... ဆုံးဖြတ်ရခက်လိုက်တာနော်.....

Sunday 9 November 2008

ချစ်မိခဲ့သမျှ....(၄)

၁၀တန်းဖြေအပြီး၊ GTC မတတ်ခင် ဂျပန်စာသင်တန်း တတ်ဖြစ်တယ်။ သင်္ကြန်အပြီး နှစ်ဆန်း၃ရက်နေ့လောက်မှာ စဖွင့်ခဲ့တဲ့ သင်တန်းလေးကို အိပ်ချင်မူးတူးနဲ့ ရောက်လာခဲ့တယ်။ အမှန်က တတ်ချင်လွန်းလှလို.တော့ မဟုတ်ဘူး။ အိမ်ထဲမှာနေရတာ ပျင်းလို. အကြောင်းရှာပြီးတတ်တာ။
မနက်၇း၀၀နာရီမှာ သင်တန်းစတယ်။ ၆း၃၀လောက် အိပ်ရာကထပြီး၊ လမ်းလျောက်လာရတယ်။ သင်တန်းနဲ့ အိမ်နဲ့က ၁၅မိနစ်လောက်လမ်းလျောက်ရင် ရောက်ပြီလေ။ သင်တန်းရောက်တော့ ကိုယ်ကစောနေတယ်၊ ဘယ်သူမှမရောက်သေးဘူး။ အဲဒါနဲ့ ဒုတိယလိုင်းမှာ နေရာယူလိုက်တယ်။ စာအုပ်လေးတွေ ထုတ်ပြီး၊ တစ်ခါမှမမြင်ဖူးတဲ့ ဂျပန်စာကို လျောက်ဖတ်ကြည့်နေတုန်း၊ ကောင်မလေးတစ်ယောက် ဘေးမှလာထိုင်တယ်။ ပြီးတော့ မိတ်ဆက်တယ်။ သူ.နာမည်က ခေတ် တဲ့။ အသက်က ရွယ်တူဘဲ။ သူက ခေတ်ဆန်တယ်၊ သွက်တယ်၊ ချစ်စရာကောင်းတယ်။ ပွင့်လင်းတယ်။ သူနဲ့ စကားပြောနေတုန်း၊ ဆရာက စာစသင်တယ်။ နောက်ကျတဲ့သူတွေကို သူမစောင့်နိုင်တော့ဘူး ထင်ပါတယ်။ စာသင်နေတုန်း၊ ကိုယ့်ဘေးကို အစိမ်းရောင် အရိပ်လေးတစ်ခု ကျလာတယ်။ စာထဲကို အာရုံစိုက်မိတော့ သူ.ကိုလှည့်မကြည့်မိဘူး။ ဘေးက ခေတ် ကလဲ စကားတွေ တောက်လျောက်ပြောနေတယ်။ စိတ်ထဲမှာ ဘေးက အစိမ်းရောင်အရိပ်လေးကို လှည့်ကြည်.ချင်လာတယ်။ ကြည့်လိုက်တော့လဲ ဆံပင်တွေနဲ့ ကွယ်နေတဲ့ မျက်နှာတစ်ခု။ သေချာမမြင်ရဘူး။ အစိမ်းရောင် သွယ်လျလျအရုပ်လေး တစ်ခုနဲ့တူတယ်။ အရပ်ကတော့ အရှည်ကြီးဘဲ။ သေချာကြည့်နေတုန်း ဆရာက စာဆက်သင်တယ်။
သင်တန်းပြီးသွားလို. စာအုပ်တွေသိမ်းနေတုန်း၊ အစိမ်းရောင် အရိပ်လေးထွက်သွားတာ မသိလိုက်ဘူး။ ခေတ် ကလဲ ဖုန်းနံပါတ်မေးတာ ဖြေရသေးတယ်။ အားလုံးပြီးပြီးချင်း အောက်ကို အပြေးဆင်းကြည့်တယ်။ သူ မရှိတော့ဘူး။ ရင်ထဲမှာ ဟာသွားတယ်။
နောက်နေ့မှာ သူ.အတွက် နေရာကို သေချာဦးထားတယ်။ အဲဒီအချိန်မှာ ခေတ် ရောက်လာတယ်။ ခေတ် နဲ့ စကားပြောနေတုန်း သူရောက်လာတယ်။ ဒီနေ့တော့ အနက်ရောင် ကိုယ်ကျပ်အကျီလေးကို ၀တ်ထားတယ်။ မျက်နှာကို သေသေချာချာကြည့်ဖြစ်တယ်၊ မြင်ဖူးသလိုလိုဘဲ။ သူ.ကို ကြည့်နေတုန်း၊ ထုံးစံအတိုင်း အရမ်းသွက်တဲ့ ခေတ်က စမိတ်ဆက်တယ်။ သြော်....မြင်ဖူးတယ်လို.ကြည့်နေတာ သူက မော်ဒယ်မမတစ်ယောက်ဘဲ။ ဒါကြောင့် အရပ်တော်တော်ရှည်တာ။
မနဲ့ စကားပြောရင် ရင်တွေခုန်တယ်။ သူ.ကိုဘဲ တစိမ့်စိမ့်ကြည့်ပြီး၊ စာကို စိတ်မ၀င်စားဘူး။ ကိုယ်က မကိုကြည့်နေချိန်မှာ၊ ခေတ်ရဲ့ ၀မ်းနည်းနေတဲ့ မျက်ဝန်းတွေကို မသိချင်ယောင်ဆောင်နေခဲ့မိတယ်။ ကိုယ်တို့ သုံးယောက် အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။
အရာရာကို ပွင့်ပွင့်လင်းလင်း နေတတ်တဲ့ ခေတ် က ကိုယ့်ကို စပြီး propose လုပ်တယ်။ မ,ကို ချစ်နေရက်နဲ့ ခေတ် ကို လက်ခံမိတယ်။ (အားနာလို.) မ, မသိအောင်ခေတ် နဲ့တွဲတယ်။ အဲလိုနေရင်း မ,ကို propose လုပ်ဖြစ်တယ်။ မ, က စိတ်မ၀င်စားဘူး ပြောတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အငြင်းကိုခံခဲ့ရတာ ပထမဆုံးဘဲ။ စိတ်ထဲမှာ မာနကို နဲနဲထိသွားတယ်။ မခံချင်စိတ်က နိုးထလာတယ်။ မ, ကိုရအောင်လိုက်မယ်လို. ဆုံးဖြတ်ခဲ့တယ်။ အချစ်အစား မာနကရောလာတော့ ကစားပွဲက ကြမ်းသွားတယ်။
ခေတ်ကို ဖြတ်ပြီး၊ မ, အပေါ် လုံးဝစိတ်ကိုနှစ်လိုက်တယ်။ မ, ကြိုက်တတ်တာ၊ သွားနေကျနေရာ၊ ၀ယ်နေကျဆိုင်၊ ရိုက်ကွင်းသွားရင်၊ အကုန်လုံးကို ကြိုသိနေအောင်လုပ်တယ်။ မ, အနားမှာ အရိပ်လိုကပ်တယ်။ မ, အလို၇ှိရာ တောင့်တဖို. ဘေးမှာ အဆင်သင့်ရှိနေမြဲ။ နောက်ဆုံးတော့ မ, အချစ်ကို ပြန်ရတယ်။ စုစုပေါင်း ရက်၄၀ ကြာတယ်။ နောက်၁၀ရက်မှာ ဖြတ်ပစ်ခဲ့တယ်။ ကိုယ်မရှိတော့ မ, မနေတတ်ဘူး။ ကိုယ်လိုချင်တာ အဲဒါဘဲလေ။ မ, ကိုပြန်ပြောခဲ့တယ်၊ ရိုးရိုးလေးပါဘဲ စိတ်မ၀င်စားတော့ဘူးလို. ........
** အမှန်တကယ်တော့ အဲဒီပွဲမှာ ကိုယ်လဲ မ, ကိုမေ့နိုင်ဖို.တော်တော် ကြိုးစားခဲ့ရပါတယ်။ ပြိုင်ပွဲဆိုတာ နိုင်သူရော၊ ရှုံးသူရော ဒဏ်ရာကိုယ်စီနဲ့ပါ။

Saturday 8 November 2008

နင့်အတွက်ပန်းတစ်ပွင့်

နင်မသိတုန်း
ငါ့ရင်ထဲမှာ
ပန်းတစ်ပွင့် ပွင့်လိုက်တယ်
အုံ့ပုံးအချစ်တွေနဲ့
ရူးရူးမိုက်မိုက်ချစ်မိခဲ့တဲ့
ငါ့ရဲ့
အချစ်ပန်းလေးပေါ့။
သူငယ်ချင်းဘ၀ကိုဖြတ်ကျော်ရင်း
ငါ့ပန်းလေးကို
သံယောဇဉ်တွေနဲ့
သွန်းလောင်းခဲ့တယ်။
အခုတော့
သူတောင် အရောင်သွေးစုံစွာနဲ့
ပွင့်လန်းနေပြီ။
နင်ခူးဆွတ်ပန်ဆင်လှည့်ပါ။

Wednesday 5 November 2008

ချစ်မိခဲ့သမျှ....(၃)

၁၀တန်းရောက်တော့ စာတွေကျက်လာရပြီလေ။ အိမ်ကလဲ ကျောင်းမတတ်ခိုင်းတော့ဘူး။ ဘာသာစုံ တစ်ယောက်ထဲ ၀ိုင်းတတ်ရတယ်။ home guide ၃ယောက်ရှိတယ်။ အဲဒီဆယ်တန်းနှစ်ကို အမုန်းဆုံးဘဲ။ လူလဲ အိမ်ထဲက အိမ်ပြင်မထွက်ရ။ ကံကောင်းချင်တော့ စာမေးပွဲဖြေဖို. ၁၀ရက်ဘဲလိုတော့တဲ့အချိန်မှာ၊ အနီးကပ်၇ရက် ကျူရှင်တွေ ဖွင့်တယ်လေ။ လက်ကမ်းကြော်ငြာတွေရတော့ အမေ့ကို ပူဆာရတော့တာပေါ့။ တစ်နှစ်လုံး အိမ်ထဲမှာချည်းဘဲ စာကျက်ရတာ၊ အဲဒီကျူရှင်လေးတတ်ချင်တယ်။ အနီးကပ်မေးခွန်းလေးဘာလေး ရနိုင်တယ်ပေါ့။ အမေလဲ သနားလို.ထင်ပါတယ်။ ခွင့်ပြုလိုက်တယ်။
ကျူရှင်ခန်းက Hall Type အခန်းကျယ်ကြီးထဲမှာ၊ ခုံတန်း၇ှည်သေးသေးလေးတွေနဲ့၊ ကျောင်းသား၁၀၀လောက် ဆံ့မယ်ထင်တယ်။ လာတတ်တဲ့ လူတွေလဲအများကြီးဘဲ။ အတော်များများက နှစ်ကျတွေများတယ်။ အကုန်လုံးက သူ.လူနဲ့သူလာတတ်ကြတာ။ အရင် Section ကျူရှင်တွေကနေလာကြတာလေ။ ကိုယ်တစ်ယောက်ထဲ အူကြောင်ကြောင်နဲ့။စဉ်းစားကြည့်၊ လူ၁၀၀လောက်ဆံ့တဲ့ ကျူရှင်ခန်းမထဲမှာ၊ Roll တိုင်းဟာ လူအပြည့်။ ကိုယ်ထိုင်တဲ့ Roll မှာ ကိုယ်တစ်ယောက်တည်း။ ဘယ်သူမှ လာမထိုင်သလို၊ စကားလဲ ပြောချင်ကြပုံမရဘူး။
တစ်ယောက်ထဲ ဆရာမလာခင် ကျက်စရာရှိတဲ့ စာအုပ်လေးထုတ်နေတုန်း၊ ဝေ့၀ဲလာတဲ့ ဆံ၇ှည်တွေနဲ့ အတူ၊ "ကြိုးစားလှချည်လား"ဆိုတဲ့ ချိုသာလွန်းတဲ့ စကားသံလေးတစ်ခွန်း။ ကိုယ်မော့ကြည့်လိုက်မိတယ်။ မမရဲ့ မျက်ဝန်းတွေ၊ နီရဲနေတဲ့ နှုတ်ခမ်းတစ်စုံ၊ ပြုံးပြီး ဂရုတစိုက်မေးနေတဲ့ မျက်နှာလေး။ ရုတ်တရက် ရင်ထဲ လှစ်ခနဲ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ မမကထပ်မေးတယ် "ဆေးလိုင်းလိုချင်လို.လား" တဲ့။ ကိုယ်ကလဲ "ဒီလိုပါဘဲ အစ်မရယ်၊ လုပ်စရာမရှိလို. စာကျက်နေတာပါပေါ့"။ ဒီလိုနဲ့ စာအုပ်ကို ပိတ်၊ မမနဲ့ စကားတွေဖောင်ဖွဲ.။ ဆရာလာလို. စာသင်တော့လဲ အာ၇ုံက စာမှာမရှိ၊ အေ၇ှ.လိုင်းက မမဆီမှာ။ မနက်ဆို အိပ်ရာထပျင်းတဲ့သူက ကျူရှင်သွားဖို. ၀ီရိယတွေကောင်း။ ကျူရှင်မတတ်ခင် မမစားဖို. တစ်ခုခုဝယ်၊ မမ မလိုက်နိုင်တဲ့ ဘာသာရပ်တွေကို ပိုကျက်ပြီး၊ စာတွေ၇ှင်းပြ (မမက စာသိပ်မလိုက်နိုင်လို.လေ)၊ မမစာကျက်ဖို. note တွေထုတ်ပေး၊ ညနေစောင်း အိမ်ပြန်ချိန်ဆို ရန်ကင်းပြန်မယ့် bus ကားဂိတ်မှာ လိုက်စောင့်ပေးရင်းပေါ့ (အဲဒီအချိန်ထိ ကိုယ်တကယ် bus ကားမစီးခဲ့ဖူးသေးဘူး၊ ရန်ကင်းဆိုတာလဲ ဘယ်မှာမှန်းမသိသေးဘူး)
မမသူငယ်ချင်းတွေနဲ့လဲ ခင်လာတယ်။ သူတို.ကလဲ ကိုယ်ကြွေနေတာသိတယ်။ မမလဲ သိမှာပါ။ ကိုယ်ဖွင့်မပြောရဲခဲ့ဘူး။ ကိုယ့်ထက် မမက ၄နှစ်လောက်ကြီးတော့ စိတ်ဆိုးသွားမှာကြောက်မိတယ်။
ခုနစ်ရက်ဆိုတဲ့ အချိန်ကိုေ၇ာက်ခဲ့တယ်။ အဲဒီနေ့က ပြန်ကြတော့ မိုးတော်တော်ချုပ်နေပြီ။ ကားဂိတ်မှာ ကားစောင့်ရင်း စကားတွေပြောဖြစ်ကြတယ်။ စကားတွေလဲ ပြောသာပြောနေ၇တယ်၊ ကပေါက်တိ ကပေါက်ချာနဲ့။ ခွဲရတော့မယ်ဆိုတာသိနေတော့ ၇င်ထဲမှာ ခံရခက်နေတယ်။ မမလဲ မျက်နှာမကောင်းဘူး။ ရုတ်တရက် ကိုယ့ပခုံးပေါ် မမခေါင်းလေးက မှီလာတယ်။ ဘာလုပ်ရမှန်းမသိဘူး။ ကိုယ့်လက်ကိုလဲ ကိုင်ထားတာသိလိုက်တယ်။ ကိုယ့်လက်တွေ အေးစက်နေတာ မမသိပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘာစကားမှ မပြောဖြစ်ကြဘူး။ အကြာကြီးဘဲ။ အဲဒီချိန်မှာ မမစီးရမယ့် ဘတ်စ်ကားရောက်လာတယ်။ ကိုယ့် ညာဘက်ပါးပြင်နွေးကနဲ ဖြစ်သွားတယ်။ မမရဲ့ နီရဲတဲ့ နှုတ်ခမ်းတစ်စုံကိုခံစားလိုက်ရတယ်။ နားထဲမှာ ချစ်တယ်ဆိုတဲ့ စကားသံကို ကြားလိုက်ရတယ်။ ပြီးတော့ ကိုယ့်လက်ကို လွှတ်ပြီး မမကားပေါ်တတ်သွားတယ်။
ပြီးသွားပြီ။ နောက်ဆုံးဘဲ။ အဲဒီနေ့က မမကို နောက်ဆုံးတွေ.ခဲ့ရတယ်။ တစ်ညလုံး အိပ်မရခဲ့ဘူး။ မမပေးသွားတဲ့ နှုတ်ဆက်ခြင်းတွေ ကများလွန်းတယ်။ ရင်တွေ အပြင်းထန်ဆုံးခုန်ခဲ့တယ်။ အခုပြန်တွေးရင်တောင် လတ်ဆတ်နေသေးတယ်။ နောက်၂ရက်မှာ ၁၀တန်းစာမေးပွဲ စဖြေခဲ့တယ်။ မမဘယ်ကျောင်းကနေ ဖြေသလဲမသိဘူး။ စာမေးပွဲပြီးတော့လဲ မမကိုလမ်းမှာ တွေ.ဦးမလား၇ှာမိတယ်၊ ကျူရှင်အောက်မှာလဲ မတွေ.နိုင်မှန်းသိ၇က်နဲ့ သွား၇ှာမိတယ်။ ဒီလိုနဲ့ဘဲ ကျောင်းပိတ်ရက်တွေ ဖြတ်ကျော်ခဲ့တယ်၊ အောင်စာ၇င်းတွေထွက်တယ်၊ အမှတ်စာရင်းတွေ ထွက်တယ်၊ ကျောင်းဝင်ခွင့် ဘယ်မေဂျာယူရမလဲ အိမ်နဲ့ ငြင်းခုန်ကြတယ်၊ GTC ကိုရောက်လာတယ်။ ကျောင်းကြီးစတတ်ရတယ်..........................

ချစ်သောဖေဖေ

ဒီနေ့ နိုဝင်ဘာ၅ရက်နေ့။
အိပ်ရာကနေ မနက်၅း၀၀ထဖြစ်တယ်။ ဘုရားရှိခိုး၊ ပုတီးစိပ်၊ ဖေဖေ့အတွက် ဆုတောင်းဖြစ်တယ်။ တစ်နေ့လုံးသက်သက်လွတ်စားတယ်။ ဖြစ်နိုင်ရင် ဥပုသ်ပါစောင့်ချင်တာ။ အလုပ်ကနားရက်မရဘူး။
ဒီအချိန်ဆို ဖေဖေဘယ်ဘ၀ရောက်နေမလဲနော်။ မေမေလဲ ရန်ကုန်မှာ ဘုန်းကြီးကျောင်းသွားဖြစ်တယ်တဲ့။ စင်ကာပူမှာ အလည်ရောက်နေတဲ့ အစ်မကြီးနဲ့၊ ညနေပိုင်း ဂျူတီကျနေတဲ့ အစ်မလတ်ဆီ ဘုရားရှိခိုးကြဖို. မက်ဆေ့ပို.ရသေးတယ်။ တကယ်တမ်းတော့ သူတို.လဲဒီနေ့ကို မမေ့ကြပါဘူးလေ။
လွမ်းတယ်ဖေဖေရယ်။ ဘယ်လိုလွမ်းရမှန်းလဲသိဘူး။ မျက်နှာလဲမမြင်ဖူးတော့ ဘာကိုကြည့်ပြီး သတိရလွမ်းရမှန်းတောင်မသိဘူး။ ရင်ထဲမှာလဲ တစ်ဆို.နေတယ်။ တစ်နေ့လုံး ငိုချင်နေတယ်။
ဘာဘဲဖြစ်ဖြစ် ဖေဖေကောင်းရာမွန်ရာဘုံဘ၀မှာ ပျော်နေမယ်ဆိုတာ ယုံကြည်လျက်ပါ။

Monday 3 November 2008

ချစ်မိခဲ့သမျှ....(၂)

ဒုတိယတစ်ယောက်ကတော့ နွေးတဲ့။ တရုတ်မလေး။ စာသင်နှစ်ဝက်လောက်ကျမှ စာအတူတူကျက်ရင်း ခင်ကြတာ။ သူက ကျောင်းပျက်တာများတော့ စာအမြဲမေးတတ်တယ်။ ကိုယ်ကလဲ ဆရာလုပ်တတ်တော့ အဆင်ပြေကြတာပေါ့။ ဒီလိုပါဘဲ သူကကျောင်းပျက်လိုက်၊ ကိုယ်က စာအုပ်ငှားလိုက်နဲ့ နောက်ဆုံးတော့ ရည်းစားစာထည့်ပေးလိုက်တာ၊ အဆင်ပြေသွားရော။ (အဟဲ အဲဒီခေတ်တုန်းက စာရေးကောင်းရင် ကောင်မလေးတွေကြွေတယ်ဗျ။)
ဒီလိုနဲ့ဘဲ တစ်ယောက်ပြီးတစ်ယောက်တွဲဖြစ်တယ်။
၉တန်းနှစ်လဲရောက်ရော ပထမဆုံးတတ်တဲ့နေ့မှာဘဲ အရှေ.တန်းက မမတစ်ယောက်ကို စိတ်ဝင်စားမိတယ်။ သူ.နာမည်က မခိုင်တဲ့။ကိုယ့်ထက်တစ်နှစ်ကြီးတယ်။ ကျောင်းဖွင့်ပြီး ဒုတိယနေ့မှာ သူမတတ်ဘူး။ Absent List ထဲမှာ ရှာတော့ သူ.နာမည်ကိုတွေ.တယ်။ အဲဒီတော့မှ သူ.နာမည်လေးကို စသိတယ်။ နောက်နေ့တွေတိုင်းမှာ သူ.အနောက်တည့်တည့်ကထိုင်ပြီး၊ သူ.ကို အရိပ်တကြည့်ကြည့်ပေါ့။ သူကို လိုက်စတယ်၊ ပေါက်ကရတွေ လျောက်မေးတယ်။ ကိုယ့်ဘက်က ချစ်မိလွန်းလို.လား မသိပါဘူး၊ သူကတော့ တော်တော်ကြည့်မရဘူးတဲ့။ အားပါး... စိတ်လေသွားတယ်။ ကိုယ်ကတော့ အရူးအမူးကို ဖြစ်နေတော့တာဘဲသိတယ်။
ကံကြမာက ကိုယ့်ဘက်မှာ မျက်နှာသာပေးလို. ကံကောင်းစွာတဲ့ နေ့လေးတွေကိုရောက်ခဲ့တယ်။ သူက ပုံဆွဲညံ့တယ်လေ။ ပထ၀ီမှာ မြေပုံဆွဲရင် ကိုယ်ကအတန်းထဲမှာ အတော်ဆုံးဘဲ(ကြွားတာ)၊ အဲဒီတော့ သူ.ကို ပုံဆွဲပေးပြီးပေါင်းရတာပေါ့။ အမေကတော့ စာတွေကျက်နေတယ်ထင်တာ၊ အမှန်တော့ ပထ၀ီပုံတွေရော၊ သိပံပုံတွေရော၊ သူ.ပုံတွေရော အကုန်လျောက်ဆွဲနေတာ။ အဟဲ။
တစ်နေ့တစ်နေ့ သူ.ကိုပုံတွေဆွဲပေးလိုက်၊ ကဗျာတွေရေးပေးလိုက်၊ ဖုန်းတွေပြောလိုက်ကြနဲ့ နောက်ဆုံးတော့ သူလည်း ကိုယ့်ချစ်သူဖြစ်လာခဲ့တယ်။ စာတူတူကျက်ကြတယ်၊ ကျူ၇ှင်တူတူတတ်ကြတယ်၊ ဖယ်ရီတူတူစီးကြတယ်။ အတူတူပျော်ခဲ့ကြပေမယ့်၊ ၁၀တန်းရောက်တော့.......