Tuesday, 25 November 2008

အထီးကျန်စိတ်

တခါတရံ ငါလေ
ဘာကိုလိုချင်မှန်းမသိ
တောင့်တနေမိတယ်။
ကောင်းကင်ထဲကို
လွင့်စင်တတ်သွားတဲ့
မီးခိုးငွေ.တန်းလေးတွေလို
ငါ့စိတ်တွေလည်း
ထွေရာလေးပါး တွေးချင်တိုင်း
မျောပါလျက်။
လက်ဖက်ရည်ကြမ်းခွက်ကို
လက်ကကိုင်ပြီး၊ ကဗျာမဆန်တဲ့
စာလုံးတွေလည်း ရိုက်ထည့်နေမိတယ်။
ညမိုးချုပ်မှာ
သည်းသည်းမည်းမည်းရွာနေတတ်တဲ့
မိုးသံကို တမ်းတမိနေပေမယ့်
တကယ်တမ်း ငါ့နားမှာ ကြားနေရတာ
လေအေးပေးစက်မြည်သံတချို.။
အမှောင်ကို ကြောက်တဲ့ငါ
စာကြည့်မီးလုံးလေးက အလင်းရောင်နဲ့
ငါ့ညတွေကို ကျော်ဖြတ်တတ်နေပြီလေ
တခါတရံတော့လည်း
အိမ်မှာလို အလုပ်ကပြန်လာရင်
ကိုရီးယားကားလေးကြည့်ရင်း
အမေခူးကျွေးတဲ့ ထမင်းကို
အဆင်သင့်စားရတဲ့ဘ၀ကို
ပြန်ရချင်သား။
လောကဓံထဲကို
ဆတ်ဆတ်ဆော့ဆော့
ဝင်တိုးမိတော့
အထီးကျန်သားကောင်
ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပေါ။
တခါတရံတော့လည်း
စီးကရက်သောက်ကြည့်ချင်မိတယ်
မီးခိုးငွေ.တွေကြား စိတ်ခံစားမှုတွေ
မျောပါနိုင်ခွင့်ရှိမလားလို.လေ။
ဖိစီးမှုတွေများလာတိုင်း
သီချင်းတွေနားထောင်လွန်းလို.
နားကြပ်လေးတောင်
ပွန်းပဲ့ဒဏ်ရာဗလပွနဲ့ပေါ့။
အခုအချိန်သေချာနေတာကတော့
ငါ အချစ်ကို ရှာဖွေနေမိပြန်ပြီ။



1 comment:

Anonymous said...

တခါတရံတော့လည်း
စီးကရက်သောက်ကြည့်ချင်မိတယ်။
NO No....မကောင်းဘူး.သောက်ချင်ရင်တော့ပို့ပေးလိုက်
မယ်...။ အရမ်းမွေးတဲ့သစ်ရွက်ခြောက်တွေ Ever ဆွဲကာကွဲ... :p