Friday 8 May 2009

လွမ်းပုံ့ပြင်

နင့်ရဲ့နူးညံ့တဲ့ ဆံစလေးတွေကို ငါလွမ်းမိတိုင်း
ဆံပင်ရှည်ရှည်ကောင်မလေးနဲ့ တွဲခဲ့မိတယ်။
နင့်ရဲ့ချစ်စရာကောင်းတဲ့ အပြုံးတွေကို သတိရတိုင်း
ငါ့ကိုပြန်ပြုံးပြတတ်တဲ့ ကောင်မလေးနား ရောက်ခဲ့တယ်။
နင့်ရဲ့နွေးထွေးတဲ့ လက်တစ်စုံကို တမ်းတမိတော့
ကောင်မလေးရဲ့ လက်ကို ဆုပ်ကိုင်မိတယ်။
တကယ်တော့ ငါနင့်ကိုလွမ်းနေတာပါ။
ငါ့နားမှာ နင်မရှိလို. မဖြစ်ဘူးလေ။

တွေးမိရေးရာ

ကိုယ့်အတွက်တော့ ဘ၀ဆိုတာ ဘတ်စ်ကားနောက်ဘီးပေါ်က ထိုင်ခုံကြီးလိုပါဘဲ။ ထိုင်ရတာ ခြေထောက်၂ချောင်း ဘယ်ထားရမှန်းမသိအောင် ကိုးလိုးကန့်လန့်နိုင်သလောက်၊ မြေပြင်က အဖုအထစ်တချို.ကို ကားဘီးကနင်းမိတာနဲ့ ထိုင်နေရင်း မြောက်တတ်သွားတာမျိုးလဲ ရှိရဲ့။ ကားကအဲကွန်းလေးအရှိန်နဲ့ငိုက်မြည်းရင်း၊ အိတ်ဆောင် MP3 Playerလေးနဲ့ချိုမြိန်တဲ့ သံစဉ်လေးတွေနားထောင်နေတဲ့ အချိန်မှာတော့ ခက်ခဲမှုအရာအားလုံးကို မေ့ထားနိုင်တယ်လေ။

Saturday 2 May 2009

ရင်ထဲမှာ ရွာနေတဲ့မိုး
ဘယ်တော့မှတိတ်နိုင်မှာလဲ
ချစ်သူတွေဝိုင်းပြီး
အချစ်စစ်ကို ရှာမတွေ.နိုင်သူတစ်ယောက်
ဘာအတွက် ဆက်လက်ရှင်သန်ရမှာလဲ။
ငါမသိခြင်းတွေဝိုင်းနေတဲ့
ဒီလောကမှာ
နင်ဘယ်သူလဲလို. မေးရမှာလား။

Friday 24 April 2009

ငါ့ခြေထောက်ပေါ် ငါရပ်နေလဲ
သူများနှာခေါင်းနဲ့ အသက်ရှူနေရတယ်
ငါ့နှလုံးသားက အရမ်းချစ်နေလဲ
သူ.တုန့်ပြန်မှုကို စောင့်နေရတယ်
ငါ့လက်တွေက လှုပ်ချင်နေလဲ
သော့ခတ်ထားတဲ့ ကြိုးတွေ ဖြေမယ့်အချိန် စောင့်ရေတယ်
လောကမှာ ငါဟာဘယ်သူပါလဲ
ငါ့ဘ၀ငါ မပိုင်ဘူး
ငါ့ဘ၀ကို နင်လဲမပိုင်ဘူး
ဘာဘဲဖြစ်ဖြစ်
တစ်နေ့နေ့တော့
ငါ.......... ...
အချိန်တန်ကောင်းပါရဲ့

Sunday 19 April 2009

FOOD FOR THOUGH

ပူပြင်းလှတဲ့ သဲသောင်ပြင်မှာ ကုန်တင်ကားအစုတ်ကြီးကို ပင်ပန်းကြီးစွာ စီးနင်းလိုက်ပါရင်း၊ ရုတ်တရက် လမ်းဘေးကို လှမ်းကြည့်လိုက်မိတယ်။ ဘုရား၊ ဘုရား..... လူလို့အမည်သညာတစ်ခုသာပေးနိုင်တော့သော လူမပီသ၊ လူရုပ်မပေါက်တော့တဲ့ ကလေးငယ်တစ်ယောက်။ သေမင်းကခေါ်မယ့်အချိန်ကို မျက်နှာချင်းဆိုင်က လင်းတငှက်က စောင့်ဆိုင်းပြောပြနေတာ နားထောင်နေရသလိုဘဲ။ အဖြစ်ဆိုးလိုက်တာ။
ချက်ချင်း စီးလာတဲ့ကားကို ရပ်ခိုင်းပြီး ကလေးငယ်ဆီ အပြေးသွားမိတယ်။ မျှော်လင့်ချက်ဆိုတာ ဘာမှမရှိတဲ့ မျက်တွင်းဟောက်ပက်တစ်စုံက သွေးတွေလူးနေတဲ့ မိခင်ကို လှမ်းကြည့်နေရှာတယ်။ ကလေးငယ်ကို ရုတ်တရက် ပွေ.ချီလိုက်တော့ ကော်ပက်ရုပ်တစ်ရုပ်ထက်တောင် ပေါ့ပါးပြီး အေးစက်ဖျော့တော့နေလေရဲ့။
ရုတ်တရက် ဂျစ်ကား၃စီး သေနတ်တွေတရပ်စပ်ပစ်လို.၊ သူတို.ပစ်နေတာ လူတွေဆိုတာရော သိရဲ့လားမသိ။ သေနတ်တွေပစ်နေတုန်းက ကြောက်လန်.တကြားပြေးလွှားနေတဲ့ လူတွေက ဆန်အိတ်တွေလဲတွေ.ရော သေမှာလဲ မကြောက်တော့ဘဲ သေနတ်သမားတွေကို ပြန်ခုခံရင်း၊ အစာလုပွဲတွေ စတော့တာပါဘဲ။
Angelina Jolie ရဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ရုပ်ရှင်နာမည်လဲမသိပါဘူး။ ဖြတ်ကနဲ ကြည့်လိုက်ရတဲ့ တစ်ပိုင်းတစ်စလေးပါဘဲ။ ရင်ထဲကို လာထိတယ်။ ဆက်မကြည့်ရက်နိုင်အောင် ဖြစ်လာတယ်။ လောကကြီးမှာ ဒီလိုမညီမျှမှုတွေ ဘယ်တော့များမှ အဆုံးသတ်မှာလဲ။

Saturday 18 April 2009

HAPPY NEW YEAR

မင်္ဂလာနှစ်သစ်ကူးပါ။ သူငယ်ချင်းအားလုံးပျော်ရွှင်ကြမယ်ထင်ပါတယ်။ ကိုယ်တို.ကတော့ မြန်မာနိုင်ငံမဟုတ်တဲ့ နိုင်ငံရပ်ခြားမှာ သင်္ကြန်အတုလေးတစ်ခု ဖန်တီးပြီး နှစ်သစ်ကို ပျော်ရွှင်စွာဖြတ်ကျော်ခဲ့ကြပါတယ်။


နှစ်သစ်မှာ
ကန်တော့ဖို.
အမေကအနားမှာ မရှိဘူး။
နှစ်သစ်မှာ
တရားနာဖို.
ဘုန်းကြီးကျောင်း မရှိဘူး။
နှစ်သစ်မှာ
ရိုးရာဓလေ့တွေ ပျောက်ဆုံးလို.
ယဉ်ကျေးမှုခြင်း ဆန့်ကျင်နေတဲ့
နိုင်ငံတခုမှာ ငါရောက်နေတယ်
နှစ်သစ်တိုင်း
ရပ်ကွက်ဓမာရုံမှာ
တရားနာဖို.
ငါ့ကို အားပြုလမ်းလျောက် ရောက်အောင်သွားတတ်တဲ့
အဖွားကိုလွမ်းတယ်။
နှစ်သစ်တိုင်း
မနက်အစောကြီး
ရွှေတိဂုံဘုရားသွားဖို. နှိုးဆော်တတ်တဲ့
အမေ့ကို သတိရတယ်။
နှစ်သစ်တိုင်း
သူငယ်ချင်းတွေနဲ့ သွေးလှူဖြစ်တဲ့
အချိန်တချို.
နှစ်သစ်တိုင်း
........နဲ့ ဆုံဆည်းနေကျ အချိန်တချို.
အရာရာ သတိရမိတယ်
သင်္ကြန်ကို အတုဖန်တီးပျော်နိုင်ခဲ့ပေမယ့်
နှစ်သစ်ကို ဘာနဲ့မှ အစားထိုးမရခဲ့ဘူး။
လွမ်းတယ် နှစ်သစ်ရယ်

Tuesday 14 April 2009

သင်္ကြန်ဖိတ်စာ



သင်္ကြန်လုပ်ကြမယ်ဆိုတော့ ဖိတ်စာလိုလာပါရောလား။ ဖိတ်စာလုပ်ဖို. ဒီဇိုင်းကို ဒီနေ့မှ အသဲအသန်ထရှာကြတာ၊ နောက်ဆုံးတော့ ကိုသစ်နက်ဆူးဘလော့ကနေ ကော်ပီပုံလေးယူပြီး ခပ်တည်တည်နဲ့ ဖိတ်စာလုပ်ပလိုက်တယ်။ ဟီး....
ဒါလေးကတော့ ကိုယ်နဲ့ Engg: စက်ကပ်ကြေးမမ ၂ယောက်ပေါင်း ဖြတ်၊ ညှပ်၊ ကပ်ထားကြတဲ့ ဖိတ်စာလေးပါ။
သူငယ်ချင်းအားလုံး လာခဲ့ကြနော်။ ငရုတ်သီးကျွေးမယ်၊ အဲ..ယောင်လို. မုန်.လုံးရေပေါ်ကျွေးမယ် ပြောတာ။ ဟဲဟဲ..... :P

Saturday 11 April 2009

2009 Formula 1

2009 ခုနှစ်ရဲ့ Formula One ပြိုင်ပွဲကို UAE, Abu Dhabi မှာ ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲ အချိန်ဇယားကတော့
Fri 30 October 2009
Friday Practice 1 10:00 - 11:30
Friday Practice 2 14:00 - 15:30
Sat 31 October 2009
Saturday Practice 11:00 - 12:00
Qualifying 14:00
Sun 01 November 2009
Race 15:00

အချိန်တွေကတော့ UAE ဒေသ စံတော်ချိန်နဲ့ ရေးထားတာပါ။ အခုလောလောဆယ် ကြားတာတော့ ဈေးကွက်ထဲမှာ လက်မှတ်တစ်စောင်ကို DHS 2000 ဆိုဘဲ။ ဟုတ်မဟုတ်တော့ မသိပါဘူး။ USD 700 လောက်ရှိနေပြီ။ တော်ဘီ Laptop လေးဘဲ အသစ်လဲတော့မယ်။

Tuesday 7 April 2009

Easter Egg Festival


ပထမရတဲ့ အဖွဲ.လေ။


ကိုယ်ဆွဲထားတာလေ။ ဟီးဟီး ဆုမရဘူး။


ဒါလေးလဲကြိုက်တာဘဲ။

ဒုတိယရတာ ဒီအဖွဲ.လေ။

သူတို.လဲ ဆွဲထားတာ လှတယ်နော်။
ဒီနေ့ ကိုယ်တို. ဟိုတယ်မှာ အီစတာကြက်ဥပုံလေးတွေ ဆွဲကြတယ်လေ။ ကိုယ်ကတော့ ဆုမရပါဘူး။ဘာဘဲဖြစ်ဖြစ် ဆွဲရတာ ပျော်ခဲ့ပါတယ်။

Saturday 4 April 2009

ဒီရက်တွေ ကွန်ပျူတာနားမကပ်နိုင်တာလဲကြာပြီ။ သီချင်းလဲ ဝေလေလေလုပ်ပြီး မဆိုဖြစ်။ မနေ့နဲ့ ဒီနေ့ လှော်ခဲ့ရတဲ့ National dragon Boat ပြိုင်ပွဲကလဲ တတိယဘဲရတယ်။ လှော်ကြတဲ့သူတွေလဲ အချင်ချင်းမတည့် ဖြစ်နေကြပြီ။ လူကြီးတွေကလဲ မကြည်ကြဘူး။ ပထမရအောင်မယူကြလို.ဆိုပြီးပေါ့။
နောက်ဆုံးတော့ လုပ်စရာကုန်ပြီဆိုတော့ ကွန်ပျူတာပြန်ဖွင့်ပြီ။ ဘလော့ပြန်ရေးပြီ။ ဟီးဟီး
အခုလောလောဆယ်တော့ ရေးဖို.အကြောင်းအရာ စဉ်းစားဦးမယ်။

Sunday 29 March 2009

အခုလက်ရှိ

အခုတလော Music ကိုအရူးထနေတယ်။ တနေ့တနေ့ သီချင်းဘဲရေး၊ သီချင်းဘဲဆိုချင်နေတယ်။ (ပုံကိုသာ ကြည့်လိုက်ပါတော့) စာသားတွေကလည်း ထွက်ကျမလာတော့ခက်တယ်။ ဘလော့လဲ မေ့နေတယ်။ Online လဲမချက်နိုင်ဘူး။ အသက်ကြီးမှ အဆိုတော်ရူးရူးနေတယ်။ အဟီး။ စာရေးမကောင်းတာသိရက်နဲ့ လာအားပေးကြတယ် သူငယ်ချင်းဘလော့ဂါတွေကို တောင်းပန်ပါတယ်။ သီချင်းလေးတစ်ပုဒ်လောက် ဖြစ်မြောက်အောင် လုပ်ပြီးမှ ပြန်တွေ.ကြမယ်နော်။ တာ့တာ

Wednesday 25 March 2009

သင်္ကြန်စိတ်ကူး

ကိုသစ်နက်ဆူးရဲ့ သင်္ကြန်လက်ဆောင်ပုံလေးတွေ တွေ.တော့မှ သင်္ကြန်ရောက်ဖို. သိပ်မလိုတော့မှန်း သတိရမိတယ်။ ကလေးဘ၀က ပျော်ခဲ့ရတဲ့ သင်္ကြန်ကတော့ အဖြူစင်ဆုံးနဲ့ အပျော်ခဲ့ရဆုံး သင်္ကြန်ရက်တွေပေါ့။ အသက်တွေရလို. အရွယ်ရောက်လာတော့ သင်္ကြန်ရောက်တိုင်း အတွဲလေးတွေ ပြောင်းတတ်ခဲ့တာပေါ့။ ဒီနှစ်တော့ နိုင်ငံရပ်ခြား သင်္ကြန်အတွေ.အကြုံ စတွေ.ရတော့မှာပေါ့လေ။
ရန်ကုန်က အင်ယားနဲ့ တကသိုလ်ရိပ်သာကိုလဲ လွမ်းမိပါရဲ့။ ကန်ဘောင်က ဘူးသီးကြော်လဲ တမ်းတမိတယ်။
မန်းလေးက ကျုံးရှေ.နဲ့ ဦးပိန်တံတားလဲ သတိရတယ်။
ပုဂံက သင်္ကြန်မှာလဲ ပျော်ဖူးချင်တယ်။
အခု Abu Dhabi က သင်္ကြန်ကတော့ ချောင်းသာကမ်းခြေက Beach သင်္ကြန်နဲ့ ဆင်မယ်ထင်တယ်။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ မြန်မာ့ရိုးရာ အတာသင်္ကြန်မှတော့ သင်္ကြန်အစာလေးတွေ အပြတ်ဝါးရင်၊ သင်္ကြန်မယ်လေးတွေကို အပြတ်ငမ်းပလိုက်ဦးမယ်။ အဟေ့။
ခုလောလောဆယ်တော့ သင်္ကြန်မှာ သူများတွေနားညည်းရအောင် သင်္ကြန် RAP သီချင်းလေးတစ်ပုဒ်လုပ်ဦးမယ်။ ဟီဟိ

.....????.......

မသေချာတဲ့ ဘ၀မှာ
နင်နဲ့ငါ ၂ယောက်တည်း
အဖြေရှာမထွက်တဲ့ သင်္ချာကို
ဘယ်လိုမှ တွက်ထုတ်မရခဲ့
ဘာလုပ်ရမလဲ
ဘာဆက်ဖြစ်မလဲ
ငါစိတ်ကူး မသိဘူး
အရူးတစ်ယောက်လိုဘဲ
ခံစားလို.မရ
မှားနေတဲ့ ဂဏန်းပေါင်းစက်
နာရီတွေ ပြောင်းပြန်လည်
ငါ့ကိုယ်ငါ ပြန်မမြင်ရတဲ့
မှန်တစ်ချပ်
သေချာတာ ငါ.........

Saturday 21 March 2009

တစ်နေ့နေ့ရောက်ဖို.

နင်မရှိဘဲနဲ့
ရက်ပေါင်း ၃၆၈
ငါဘယ်လိုကျော်ဖြတ်ခဲ့မိပါလိမ့်။
အသေအချာတွေးတော့
ဒီရက်တွေကြားမှာ
ငါတို.ရဲ့.....
သတိရခြင်းတွေပါတယ်
ဝမ်းနည်းမှုတွေအပြည့်
နာကျင်ခြင်းနဲ့
ကြင်နာခြင်းတွေ
စကားလုံးနဲ့ဖော်ပြလို.မရခဲ့တဲ့
ခံစားချက်အချို.
ဘာဘဲဖြစ်ဖြစ်ပေါ့
နင်ငါ့ကိုချစ်တယ်
ငါနင့်ကိုချစ်တယ်
လုံလောက်ပါပြီလေ
ကျန်ခဲ့တဲ့
ချိုမြိန် ခါးသီးမှု
မှတ်တမ်းတွေကိုမေ့လို.
ငါတို.လမ်းကို
ယုံကြည်ချက်နဲ့
မ၀ံ့မရဲ ဆက်လှမ်းကြတာပေါ့။
တစ်နေ့နေ့ကျရင်...
ဆိုတဲ့ ပန်းတိုင်ရောက်ဖို.လေ။

Wednesday 18 March 2009

အချစ်ဆိုတာကို ဘယ်လိုနားလည်ရမလဲ???

--------ပင်လယ်ကို

အရမ်းချစ်တဲ့ လူတစ်ယောက်က အားတိုင်း မကြာခဏဆိုသလို ပင်လယ်ပြင်ကို
သွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကို ကြည့်ပြီး စကားတွေ ပြောနေတတ်တယ်။
တစ်နေ့တော့
သူက ပင်လယ်ကို ကြည့်ပြီး "ပင်လယ်... ငါမှာဖြင့် နင့်ကိုချစ်လိုက်ရတာ...
နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကို အချစ်နည်းနည်းပေးပါ ပင်လယ်...
ငါလာတိုင်း
ငြိမ်ပြီး နေမပြပါနဲ့" လို့ပြောတော့ ပင်လယ်က ခဏလောက်
တွေဝေသွားပြီး.....

"ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား"

"ဟုတ်တယ်... နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ"

"ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား"
"ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကိ
ု ငါစောင့်နေတယ်"

ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို တဖြည်းဖြည်း
ချည်းကပ်လာခဲ့တယ်။လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ သူဟာလန့်ပြီး
ထွက်ပြေးသွားခဲ့တယ်။ ပင်လယ်က
စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီး မျက်ရည်တွေ ကျနေခဲ့မိတယ်။
အဲဒီအဖြစ်အပျက်ကို တိမ်က မြင်လိုက်တယ်။

အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ ပင်လယ်ကို ချစ်တဲ့လူ
နောက်တစ်ယောက် ထပ်ရောက် လာခဲ့တယ်။ သူလည်း ပင်လယ်ကို အရမ်းချစ်ပြီး
ပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။ တစ်နေ့မှာ သူလည်း
ဟိုအရင်က
တစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။
"ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"

ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။
သူကလည်း
ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့
နောက်ဆုံးမှာ
ပင်လယ်က " ငါ့အချစ်တွေကို နင်တကယ်ယူမလား...ငါ့အချစ်က ပြင်းထန်တယ်နော်..
နင်ခံနိုင်ရည်ရှိပါ့မလား"

အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီး
ယုံကြည်မှုအပြည့်နဲ့ "
လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ" လို့ ပြောတယ်။ ပင်လယ်က အဝေးကနေ
လှိုင်းတွေထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်သွားတယ်။ လှိုင်းတွေ
ကမ်းနားရောက်လာပြီဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရ ပွေ့ဖက်
လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို
တိမ်က မြင်တော့ " သူဟာ အချစ်ကို နားလည်တဲ့လူပဲ။ အချစ်စစ်
အချစ်မှန်ဆိုတာ
ဘယ်လောက်ပဲ ပြင်းထန်နေပါစေ လူကိုမထိခိုက် မနာကျင်စေဘူးလေ" လို့
တစ်ကိုယ်တည်း
ပြောနေတော့တယ်။

အဲဒီလိုနဲ့ ပင်လယ်ချစ်သူက ပင်လယ်နဲ့ အတူတူနေလာတာ ကြာတော့ တစ်နေ့မှာ
သူက"ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က
ငြိမ်လိုက်....
လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တစ်ခြား
အပြောင်းအလဲလေးတောင်
မရှိတော့ဘူးလား... ငါသွားတော့မယ်" ဆိုပြီး ပင်လယ်ကို ထားရစ်ခဲ့ပြန်တယ်။
ပင်လယ်က
အရမ်း စိတ်ထိခိုက်ပေမယ့်လည်း သူ့ကို မတားဖြစ်ခဲ့ဘူး။ ဒါကို တိမ်က
မြင်လိုက်တယ်။
သူလည်း ပင်လယ်ကို ချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...

" မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့ မထိုက်တန်ပါဘူး...
ငါသိတယ်"
တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။

" နင့်သိတယ်..နင်ဘာကို သိတာလဲ" ပင်လယ်က တအံ့တသြ ပြန်မေးတယ်။

"သူတို့က နင့်ရဲ့ အပေါ်ယံကိုပဲ ကြည့်ပြီး ချစ်ခဲ့ကြတာ...
နင့်ရဲ့အတွင်းစိတ်ကို
ချစ်ဖို့ နားမလည်ခဲ့ကြဘူး။ တကယ်လို့ သူတို့က နင့်ကို နားလည်မယ်၊
တကယ်ချစ်တတ်
ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာ ရှုမငြီးတဲ့ အဖိုးတန်ရှုခင်း တွေဟာ
သူတို့အတွက်
နင်ဖန်တီးထားတယ် ဆိုတာကို သူတို့ခံစားကြရမှာပေါ့"

တစ်ချိန်တုန်းက ကိုယ်ဟာ လူတွေ မချစ်တတ်ခဲ့တဲ့ ပင်လယ်လား...? ဒါမှမဟုတ်
ပင်လယ်ကို မချစ်တတ်ခဲ့တဲ့ လူလား....?

ပင်လယ်ဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်မှာ လူတွေ မခံစားခဲ့ရတဲ့
လှပတဲ့
အတွင်းစိတ်တွေရှိမယ်။ ပင်လယ်ကို မချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင် ပင်လယ်
အောက်
(အတွင်းစိတ်)က ရှုခင်းတွေကို ကြည့်ဖို့ ကိုယ်မထိုက်ခဲ့လို့ပဲ။

အချစ်ဆိုတာ ဒီလိုပဲလား....?
အချစ်စစ်ကို ရှာတွေ့ဖို့ ကိုယ့်ကို နားလည်ပေးတတ်တဲ့ လူကို ရှာရမယ်တဲ့။
အဲဒီလူက
ခြောက်ပစ်ကင်းတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူဟာ ကိုယ့်ကို
နားလည်ပေးလို့
ကိုယ့်အမြင်မှာ သူဟာ ခြောက်ပစ်ကင်းနေပါတယ်။

တစ်ဦးကိုတစ်ဦး နားလည်တယ် ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာ ကိုယ်အကျင့်သိက္ခာကို ထိပါးတဲ့ စကားမပြောသူ
ကိုယ်စိတ်ညစ်နေချိန်မှာ အသေးအမွှား ကိစ္စတစ်ခုအတွက်နဲ့ ကိုယ့်ကို
ရန်မရှာတတ်သူ
မိုင်ပေါင်းထောင်ချီဝေးနေလည်း ကိုယ့်ကို ယုံကြည်စိတ်ချသူ
ကိုယ်စိတ်ရှုပ်ချိန်မှာ သူစိတ်ရှုပ်တာတွေကို ရင်မဖွင့်ပြတတ်တဲ့သူ
ကိုယ်ပျော်နေချိန်မှာ သူပျော်ရွှင်တာတွေကို ထုတ်ဖော်ပြောတတ်တဲ့သူ

တစ်ဦးကိုတစ်ဦး နားလည်နိုင်ဖို့ဆိုတာ ခွင့်လွတ်ခြင်းတွေရှိရမယ်၊
အကြင်နာတွေ
ရှိရမယ်။ ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ရာ
ခက်ကောင်းခက်လိုက်မယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရမယ်။ ကိုယ့်ကို နားလည်တဲ့
လူတစ်ယောက်ကို
ရှာဖို့ ကိုယ်က သူ့နားလည်နိုင်တဲ့လူ ဖြစ်အောင် အရင်ဆုံး
လုပ်ရလိမ့်မယ်။

ချစ်နိုင်ကြပါစေ ။
***Forward Mail ထဲက ရထားတဲ့စာလေးတစ်စောင်ပါ။ အမှန်တော့ စာရေးရမှာပျင်းနေလို. Copy/Paste လုပ်လိုက်မိတယ်။

Monday 16 March 2009

အိပ်မက်

ညအိပ်နေတုန်း
အိပ်မက်တစ်ခု
ဝုန်းကနဲ ပြုတ်ကျလာတယ်
လွတ်အောင်ရှောင်ပေမယ့်
တည့်တည့်ဝင်လာတယ်

အိပ်မက်ထဲမှာ
ခြောက်ချားစရာတချို.ပါတယ်
ငယ်သူငယ်ချင်းဟောင်းတွေပါတယ်
လိုချင်ရက်နဲ့ မရလိုက်တာပါတယ်

နောက်ဆုံးတော့
မောဟိုက်စွာနိုးလာရတယ်
ရေဆာနေတယ်
အာခေါင်တွေခြောက်လို.ပေါ့

မမက်ချင်ဘူး
ဒီလိုအိပ်မက်တွေ..
မလာဖို.တားလေ
ပိုရောက်လေဘဲ...

ဟူး.... ...
ဘာမှမသိတော့ဘူး။

Wednesday 11 March 2009

လက်ရှိအခြေအနေ

ပျင်းနေတယ်။
ပျင်းတာမှ ဘာမှမလုပ်ချင်အောင် ပျင်းနေသည်။
ထမင်းစားဖို.၊ ပါးစပ်ဟရမှာ ပျင်းနေသည်။
အိပ်ဖို. မျက်လုံးပိတ်ရမှာ ပျင်းနေသည်။
အလုပ်သွားဖို. ကုတင်ပေါ်ကထရမှာ ပျင်းနေသည်။
လမ်းလျောက်ဖို. ခြေထောက်သယ်ရမှာ ပျင်းနေသည်။
ဘလော့ရေးဖို. စဉ်းစားရမှာ ပျင်းနေသည်။
ကွန်ပျူတာပြန်ပိတ်ဖို. ပျင်းနေတုန်း ပျင်းပျင်းနှင့် ရေးချင်ရာ ရေးချလိုက်သည်။
အခု တော်တော် ပျင်းနေသည်။

Tuesday 10 March 2009

အင်တာနက်နဲ့ ကွန်ပျူတာ

ဘလော့ လောကထဲကို မရောက်ရတာ တစ်ပတ်လောက်ရှိသွားပြီ။ အင်တာပျက်ကြီး ဒေါင်းသွားတာ ငါလဲ ဘာမှမတတ်နိုင်ခဲ့။ အိမ်ပြန်ရောက်ချိန် ယောင်ရမ်းပြီး Laptop ခလုတ်ဖွင့်မိရင် မေ့တတ်လွန်းတဲ့ ငါ့ကိုယ်ငါ
စိတ်ဆိုးမိတယ်။
(အင်တာပျက် မကောင်းပါဘူးဆိုမှ)
ဟိုးအရင်....၁၉၉၉ခုနှစ် ၈တန်းကျောင်းသားဘ၀လောက်က ကွန်ပျူတာဆိုတာ အသုံးချလို.ရတာ အများကြီးရှိခဲ့သလိုဘဲ။ ကိုယ်ပိုင်ကွန်ပျူတာမရှိလို. သင်တန်းချိန်လေး အချိန်လုပြီး ပြေးသုံး၊ သူများအိမ်က ကွန်ပျူတာလေး လိုက်နှိပ်။ mouse လေးကို ကလစ်နှိပ်နေရရင်ကိုပျော်နေတာ။ Game တွေဆော့တယ်။ Paint ထဲမှာ ပုံလေးတွေဆွဲတယ်။ Microsoft ထဲမှာ စာတွေ စီတတ်တယ်။ အများကြီး အများကြီးပါဘဲ တစ်နေ့တစ်နေ့ ကွန်ပျူတာ သုံးလို.တောင်မ၀ဘူး။
၂၀၀၉ခုနှစ်မှာ ကိုယ်ပိုင် ကွန်ပျူတာလေးကို အင်တာနက်ကြီးနဲ့ ချိတ်ဆက်နိုင်လာတော့ သုံးစရာ၊ ရှာစရာ၊ ဖတ်စရာ၊ မှတ်စရာတွေ ပိုများလာတယ်။ အခု အင်တာပျက်ကြီးဒေါင်းသွားတော့ ကွန်ပျူတာက မီးပိတ်၊ စာအုပ်ကလေးပိတ်ထားသလို ဂျိတ်။ အင်တာနက်မရှိဘဲ Game မဆော့တတ်တော့ဘူး။ အင်တာနက်မပါဘဲ ပုံတွေမဆွဲချင်ဘူး။ အင်တာနက်ဘလော့စာမျက်နှာမဟုတ်တဲ့ microsoft မှာ စာမစီတတ်တော့ဘူး။
ခက်ပြီ.... .....
ကံကောင်းလို. ဒီနေ့ အင်တာနက်ကြီးပြန်ရပြီ။ မဟုတ်ရင် ငါ့ကွန်ပျူတာလေး ဒီတစ်သက် အိပ်ပုတ်ကြီးပြီး၊ ပြန်နိုးထခွင့်တောင်ရပါ့မလားနော်။

Tuesday 3 March 2009

Slumdog Millioner

Slumdog Millioner တဲ့။ မနေ့ကကြည့်ဖြစ်ခဲ့တဲ့ 2009,Oscarမှာ ဆုအများဆုံးရတဲ့ ရုပ်ရှင်ကားပေါ့။ အော်စကာဆုပေးသင့်အောင်ကို ကောင်းတယ်လို.ဘဲ ညွှန်းလိုက်ချင်ပါတယ်။ 20 millions ပေးမယ့် အမေးအဖြေပြိုင်ပွဲရဲ့ ဆုရသူက၊ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို ဘ၀နဲ့ရင်းပြီးရခဲ့တဲ့သင်ခန်းစာတွေနဲ့ ဖြေပြသွားတာပါ။ ကိုယ်ကတော့ အရမ်းနှစ်သက်မိလို. သူငယ်ချင်းတွေလဲ စိတ်ဝင်စားရင် ကြည့်နိုင်အောင် ညွန်းပေးတာပါ။ ဓာတ်ပုံတင်ပေးဖို.ရှာရင်း အိပ်ငိုက်လာလို. နောက်မှဘဲ တင်ပေးတော့မယ်နော်။ အဟီး

Sunday 1 March 2009

မကျက်သေးတဲ့ ဒဏ်ရာ

Abu Dhabi မှာ တိုက်တဲ့
သဲမုန်တိုင်းက
ငါ့ရင်ထဲ ၀င်မွှေသွားသလိုဘဲ
ယားကျိကျိနဲ့
တချို.နေရာကတော့
အနာမကျက်သေးသလို
စပ်ဖျဉ်းဖျဉ်းကြီးဖြစ်လို.။
အရေခွံလန်တဲ့နေရာကလန်
အနားသတ်တွေ ဖွာလန်ကြဲ
ဘယ်မှာလဲ
ပေးစမ်းပါ
ဆေးပေးမီးယူဖြစ်ဖြစ်
တတို.လောက်ပေါ့
အခုလောလောဆယ်တော့
အခန်းထဲမှာ ငါတစ်ယောက်တည်း.......

Thursday 26 February 2009

http://www.zawphyowai.co.cc/2009/02/blog-post_8231.html အတွက် ဆက်လက်ခံစားပေးခြင်း

http://www.zawphyowai.co.cc/2009/02/blog-post_8231.html
ဒီပို.စ်လေးကို ဖတ်မိပြီး ကိုယ်လဲ ဒီသူငယ်ချင်းပြောတာနဲ့ ပတ်သက်ပြီး ထပ်တူထပ်မျှ ခံစားမိပါတယ်။
တကယ်ပါ နိုင်ငံခြားရောက် မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ဟာ အစစအရာရာ မလုံခြုံလှပါဘူး။ စိတ်ဓာတ်ရေးရာ အားငယ်ခြင်း၊ လူမှုရေးရာ အခက်ခဲတချို.ရှိရခြင်း၊ ကျန်ခဲ့တဲ့ မိသားစု ၀င်ငွေတစ်ခုနဲ့ ရပ်တည်နိုင်ရေး အစ၇ှိသဖြင့် ခက်ခဲမှု အများကြီးရှိပါတယ်။ အခုမှသာ နိုင်ငံခြားသားနဲ့ အတူသွားလို. ဒီလိုဖြစ်ရတယ်ဆိုပြီး အပြစ်ပြောဆိုကြတဲ့သူများသာ၇ှိပေမယ့် ကိုယ့်မြန်မာကရော ဘယ်လောက်ကောင်းလို.လဲ။ အချင်းချင်း ကြီးနိုင်ငယ်ညှင်းလုပ်တယ်၊ လုပ်ငန်းခွင်ထဲ အသစ်ရောက်လာရင် အကူအညီပေးဖို.ထက် နှိမ်ထားမှ ဆိုတဲ့စိတ်နဲ့ လူတွေ (လူတိုင်းမဟုတ်ပါ) ၊ နိုင်ငံခြားသားအထက်လူကြီးရှေ.မှာ မျက်နှာကောင်းရဖို. ကိုယ့်အချင်းချင်း ချောက်ချတတ်သူတွေ၊ သေးသေးလေးတစ်ခုကို ပုံကြီးချဲ့ မြိန်ရေယှက်ရေ အတင်းထိုင်ပြောတတ်သူတွေ။ ဒီလို လူတွေကြားမှာ အခုမှ နိုင်ငံခြားကို စရောက်တဲ့ အသစ်မြန်မာတစ်ယောက်အနေနဲ့ တော်တော် စိတ်ပျက်အားငယ်ရပါတယ်။ ဒီလိုအချိန်မှာ သူ.ကို အားပေးတဲ့သူဟာ ဘာလူမျိုးဘဲဖြစ်ဖြစ် သူ့အတွက်တော့ ယာယီအားကိုးဖော်၊ မိတ်ဆွေကောင်း တစ်ယောက်ဘဲလေ။ နိုင်ငံခြားသားနဲ့တွဲလို. မကောင်းဘူးဘဲထား၊ ကိုယ့်မြန်မာထဲကရော မျက်စိရှေ.တင် မြန်မာအမျိုးသမီးပျိုတွေကို အိမ်ထောင်သည် မြန်မာအမျိုးသားတွေက girl friend ဆိုပြီး နိုင်ငံခြားရောက်တုန်း အပျော်တွဲနေကြတာကရော ရင်နာစရာပိုမကောင်းဘူးလား။ ပြောတော့ မြန်မာအချင်းချင်း စောင့်ရှောက်မယ်ဆို။ ပြီးတော့ ပြောသေးတယ် မိန်းကလေးကမှ အနေအထိုင်မတတ်တာတဲ့၊ ငါတို.က ယောကျာ်းလေးဘဲ ရလို.ကတော့ မရှောင်ဘူးတဲ့။ ယောကျာ်းလေးမှာ အပြစ်မရှိဘူးတဲ့။ အချိန်တန်တော့ သူတို.က ပိုက်ဆံစု မြန်မာပြည်က မိန်းမနဲ့ ကလေးဆီပြန်၊ ဒီမှာ နာမည်ပျက်နဲ့ ကျန်ခဲ့ရတဲ့ မိန်းကလေးတွေကတော့ ပိုက်ဆံလဲကုန်(အဲဒီအမျိုးသားကို ထောက်ပံ့လိုက်ရလို.လေ) ၊ ဘ၀လဲပျက် မျက်ရည်နဲ့မျက်ခွက်ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ တကယ်ကြုံတွေ.နေရတာပါ။
အခု ဒီမြန်မာအမျိုးသမီး ဆုံးရတဲ့ဖြစ်စဉ်ကလည်း သူ့မိတ်ဆွေ ကောင်လေး သတ်တယ်၊ မသတ်ဖူးဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်သေးပါဘူး။ အမှုလဲ မပေါ်သေးပါဘူး။ ပြီးတော့ သူ.မိတ်ဆွေလို. သတင်းစာမှာ အတိအလင်းရေးသားထားတာပါ။ boy friend လို.မရေးထားပါဘူး။
ပြီးတော့ သူမနေတဲ့ အဆောင်နားမှာ ဆောက်လက်စ construction လုပ်ငန်းတွေ အများကြီးရှိပါတယ်။ Construction လုပ်ငန်း၊ အလုပ်ကြမ်းဆိုတာ များသောအားဖြင့် ပါကစတန်လူမျိုးတွေ အများစုလုပ်ကိုင်ကြပါတယ်။ သူတို.ဟာ အလုပ်သမားလူတန်းစားထဲမှာ လခအနိမ့်ဆုံး၊ အောက်ဆုံးအလုပ်မျိုးကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းရသူမျိုးတွေပါ။ မိသားစုတွေကိုလဲ အတူနေဖို. မခေါ်နိုင်ကြပါဘူး။ များသောအားဖြင့် လိင်စိတ်ပြင်းပြသူများဖြစ်ကြပါတယ်။ ပညာကင်းမဲ့သူများဖြစ်ကြပါတယ်။
အများစုရဲ့ အထင်ကတော့ ဒီအမျိုးသမီး ညဘက် အိမ်အပြန် Construction ဘက်က ဖြတ်တုန်း အလုပ်သမားတစ်ယောက်ယောက်က သားမယားပြုကျင့်ပြီး၊ သတ်လိုက်တယ်လို. ထင်ကြေးပေးကြပါတယ်။ ဒါဟာလဲ ဖြစ်နိုင်ချေများပါတယ်။ သူမနည်းတူ 2008 ခုနှစ်မှာလည်း ဒီလို construction ပတ်ဝန်းကျင်မျိုးမှာ အာဖရိကလူမျိုး အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရဖူးပါတယ်။
ဒီလိုနည်းနဲ့သာ အသတ်ခံရတာဆိုရင်တော့ အပြစ်ပြောဖို.ထက် သနားဖို.တောင်ကောင်းနေပါပြီ။ သူမ လော်လီတာမှမဟုတ်တာ၊ ကံဆိုးတာလေ။
မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ဘုရားမဲ့ တရားမဲ့နိုင်ငံမှာ အသေဆိုးနဲ့ သေခဲ့ရပါပြီ၊ သွားလေသူကို ဘာလို.များ နာမည်ထပ်ဖျက်ချင်ကြတာလဲ။ သူမ မကောင်းကြောင်း ထိုင်ပြောကြမယ့်အစား ကောင်းရာသုဂတိလားနိုင်ဖို. ဆုတောင်းပေးစေချင်ပါတယ်။ ထို.အတူဘဲ နိုင်ငံရပ်ခြားမှာဘဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံမှာဘဲဖြစ်ဖြစ် ဆိတ်ကွယ်ရာမျိုး၊ ညဘက်နောက်ကျချိန်မျိုးမှာ တစ်ယောက်တည်း သို.မဟုတ် စိတ်မချရတဲ့သူများနဲ့ အပြင်မထွက်ဖို. အကြံပြုချင်ပါတယ်။ မဖြစ်နိုင်လို.ထွက်ရတယ်ဆိုလဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို. လက်နက်တစ်ခုခု၊ emergency call number ၊ စိတ်ချအားကိုးရမယ့် သူငယ်ချင်းတစ်ယောက်ယောက်ခေါ်သွားခြင်းတို.ကို လုပ်စေချင်ပါတယ်။ အားလုံးဘဲ ဘေးရန်ကင်းရှင်းနိုင်ကြပါစေလို. ဆုတောင်းပါတယ်။

Family Photo

ဒီတစ်ခါတော့ ကိုယ်တို. လက်ရှိနေထိုင်နေတဲ့ Arab နိုင်ငံသူမိသားစုရဲ့ ပြုံးချင်စရာဓာတ်ပုံလေးကို တင်ပေးလိုက်ပါတယ်။ ဒီဓာတ်ပုံလေးကို Forward Mail ထဲက ရထားတာမို.လို. မြင်ဖူးပြီးသားလဲ ဖြစ်ကြမှာပါ။ ဒီပုံလေးကိုကြည့်ပြီး ကိုယ်တွေးမိတာလေးတစ်ခုရှိပါတယ်။ Arab နိုင်ငံတွေမှာ အ၀တ်အစားကို ကန့်သတ်ချက်မရှိပါဘူး။ (ဥပုသ်ကာလမှာ အတို၊အပြတ် မ၀တ်ရတာကလွဲလို.ပေါ့)။ ၀တ်ချင်တဲ့ အ၀တ်အစားကို လွတ်လပ်စွာ ၀တ်ဆင်ခွင့်ရှိပါတယ်။ အဲလို တွင်ကျယ်စွာ ခွင့်ပြုထားပေမယ့် သူတို.Local မိသားစုတွေကတော့ Local ၀တ်စုံကို ယောကျာ်း၊ မိန်းမ မရွေး နှစ်သက်စွာ ၀တ်ဆင်ကြပါတယ်။ ဘယ်သူကမှ by force နဲ့ မ၀တ်ခိုင်းပါဘူး။ အမျိုးသားများက အဖြူရောင်ဝတ်ရုံရှည်၊ အမျိုးသမီးများက အနက်ရောင် ၀တ်ရုံရှည်နဲ့ မျက်နှာအုပ်။ နေရထိုင်ရတော်တော်ခက်မှာပါ။ ဒါပေမယ့် သူတို.က ဒီဝတ်စုံကို ဂုဏ်ယူဝံ့ကြွားစွာ ၀တ်ဆင်ကြပါတယ်။ ဒီဝတ်စုံဝတ်ပြီး တော်ရုံတန်ရုံ (ဥပမာ- သူများကားမောင်းပေးတာ) မျိုးလုပ်မိရင်တောင် လက်မခံကြပါဘူး။ ဂုဏ်သရေရှိ Arab နိုင်ငံသားသာ ၀တ်ခွင့်ရှိတဲ့ ရိုးရာဝတ်စုံပါ။ နိုင်ငံခြားသားတောင် ၀တ်ချင်ရင် ၀တ်ကြည့်ပြီး ဓာတ်ပုံရိုက်၊ ပြီးရင် ပြန်ချွတ်ရပါတယ်။
ကိုယ်တို. နိုင်ငံမှာသာ ကိုယ့်မြန်မာဝတ်စုံလေးကို အဲလိုတန်ဖိုးထား ၀တ်တတ်ကြရင် သိပ်ကောင်းမှာပါ။ အခုတော့ ကိုယ်ကိုယ်တိုင်ကအစ တန်ဖိုးမထားတတ်သေးပါဘူး။ ဘာဘဲဖြစ်ဖြစ်ပေါ့လေ ဒီပုံလေးကို ကြည့်ပြီး ရီလိုက်ကြပါဦး။








Saturday 21 February 2009

Terry Fox Run

TERRY FOX RUN တဲ့။ မနေ့က Feb 20 မနက်ခင်းမှာ အပြေးပြိုင်ပွဲလေးတစ်ခုကျင်းပသွားတယ်။ ပွဲတိုင်းကျော် Ghostbell တစ်ကောင်ကတော့ ဖျားနေလို. ဒီတစ်ခါဝင်မနွှဲလိုက်ရဘူးလေ။ ကိုယ်တိုင်ဝင်မပြိုင်လိုက်ရတဲ့ Terry Fox Run ဆိုတာဘာပါလိမ့်လို. တွေးပြီး၊ အွန်လိုင်းပေါ် တတ်ရှာလိုက်တာ Terry ဆိုတဲ့ လူငယ်လေးရဲ့ လေးစားဖွယ်ကောင်းတဲ့ စိတ်ဓာတ်ကို တွေ.ရှိခဲ့ရတယ်။ သူငယ်ချင်းတို.လဲ မသိကြသေးတဲ့သူများရှိရင် ဖတ်လို.ရအောင် ဒီpost လေးကိုတင်ဖြစ်ခဲ့တာပါ။
Terry ကို Winnipeg, Manitoba, Canada's west coast မှာ မွေးဖွားခဲ့ပါတယ်။ Terry က ဆယ်ကျော်သက်အရွယ်ကတည်းက အားကစား လှုပ်ရှားမှုတော်တော် များများမှာ ပါဝင်ခဲ့သူပါ။ သူအသက်၁၈နှစ်အရွယ်၊ ၁၉၇၇ခုနှစ်ရောက်တော့ osteogenic sarcoma လို.ခေါ်တဲ့ အရိုးကင်ဆာ ဖြစ်ပြီး၊ သူရဲ့ ညာဘက်ပေါင် (ဒူးအထက် ၆လက်မ ကနေစပြီးတော့) ဖြတ်ပစ်ခဲ့ရပါတယ်။
သူဆေးရုံတတ်နေရတဲ့ အချိန်မှာ သူဟာ အခြားသောကင်ဆာရောဂါဖြစ်နေတဲ့ သူများကို သတိထားမိခဲ့တယ်။ အထူးသဖြင့် ကင်ဆာရောဂါသည် ကလေးများကိုပေါ့။ နောက်ဆုံးတော့ သူဟာ ကနေဒါမြို.ကို ဖြတ်ပြေးမယ့်ခ၇ီးစဉ်တစ်ခုကို လုပ်ပြီး ကင်ဆာရောဂါ သုတေသနပြုနိုင်ရန်အတွက် ရန်ပုံငွေရှာဖို. ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့တယ်။
သူကအဲဒီခ၇ီးစဉ်ကို "the Marathon of Hope" တဲ့။
၁၉၈၀ခုနှစ်၊ April လ ၂၀ရက်နေ့မှာ St. John’s, Newfoundland ကနေစတင်ပြီး၊ ကူညီအားပေးသူ အနည်းငယ်နဲ့ သူ.ရဲ့ အပြေးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ၁၈လကြာတဲ့အခါမှာတော့ 5,000 kilometres (3,107 miles) ပြေးလို.ပြီးစီးခဲ့ပါတယ်။ ဒီလို ခရီးကြမ်းကြီးကိုပြေးရတာ သူ.လိုကင်ဆာရောဂါ ဝေဒနာ၇ှင်တစ်ယောက်အနေနဲ့ လွယ်ကူမှုမရှိပါဘူး။ သူ.ရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ကြောင့်သာ ဒီလိုပြေးနိုင်ခြင်းဖြစ်ပါတယ်။ သူက တစ်နေ့ကို 42 kilometres (26 miles) လောက် ကနေဒါကို ဖြတ်ပြီးပြေးပါတယ်။ အောင်မြင်မှုအပြည့်နဲ့ သူ.ရဲ့ဒီခရီးစဉ်က ကနေဒါနိုင်ငံအနေနဲ့ ဘယ်တော့မှမေ့မရနိုင်တဲ့ မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။
စက်တင်ဘာလ ၁ရက်နေ့ 5,373 kilometres (3,339 miles) ပြေးအပြီး ၁၄၃ရက်မြောက်နေ့မှာ Terry ဟာသူ.ရဲ့ပြေးခြင်းကို Thunder Bay, Ontario နားမှာရပ်တန့်လိုက်ရပါတယ်။ ဘာလို.လဲဆိုတော့ သူ.ရဲ့ကင်ဆာဆဲလ်တွေဟာ အဆုတ်ထိပြန့်ပွားလာလို. ဖြစ်ပါတယ်။
၁၉၈၁၊ June လ၂၈ရက် Terry အသက် ၂၁နှစ်မှာ ဆုံးပါးသွားခဲ့ရပါတယ်။
သူရဲကောင်းတစ်ယောက်ကျဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် သူ.ရဲ့ ရည်မှန်းချက်အောင်မြင်ခဲ့ပါတယ်။ ဆက်လက်ထိန်းသိမ်းခဲ့ကြပါတယ်။
ဒီနေ့ထိ ကင်ဆာသုတေသနပြုလုပ်ငန်းအတွက် Terry နာမည်နဲ့ လှူဒါန်းမှုရရှိငွေဟာ USD400 million အထက်မှာ၇ှိနေပါတယ်။ Terry ကို ဂုဏ်ပြုတဲ့ အပြေးပြိုင်ပွဲတွေကလည်း ကနေဒါတွင်မက ကမာအ၀ှမ်းမှာ ကျင်းပလျက်ရှိကြပါတယ်တဲ့။
ကိုယ်သိသမျှ Terry Fox Run ဖြစ်ပေါ်လာပုံလေးပါ။ ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။

Thursday 19 February 2009

Abu Dhabi ရဲ့ ကူးသန်းသွားလာရေး

အင်း....လှေပြိုင်ပွဲပြီးကတည်းက အလုပ်ဘက်ကို အာရုံပြန်ထားဖို. စိတ်ကူးပြီး၊ အိုဗာတိုင်လေး တစ်ရက်ဆင်း ပေးလိုက်တာ ချက်ချင်းဖျားပြီး၊ Sick leave ၂ရက်ယူလိုက်ရပါရောလား။ ဒီနေ့က ဒုတိယနေ့ပေါ့။ မနေ့ကတော့ Sick leave ရတာနဲ့ အစ်မအိမ်ကို ပြေး၊ နေမကောင်းတာ ပြောပြီး ချက်ကျွေးသမျှဇိမ်နဲ့ စားသောက် အိပ်။ ရှယ်ဘဲ။ ဒီနေ့တော့ အစ်မလုပ်တဲ့သူ အလုပ်သွားတော့ ကွန်ပျူတာလေး ကလိပြီး အပန်းဖြေ။ တစ်နေ့လုံး အိပ်လိုက်၊ ကွန်ပျူတာကြည့်လိုက်နဲ့ မနက်ဖန် အလုပ်ပြန်ဆင်းဖို.တောင် ပျင်းနေပြီ။
အပျင်းပြေကြည့်ဖို.ဖွင့်လိုက်တဲ့ KBS channel ကလည်း ရုပ်ရှင်မပြဘဲ သတင်းတွေလာနေလေရဲ့။ ဘာလုပ်ရရင် ကောင်းမလဲဆိုပြီး၊ ဘလော့ကို ဖွင့်လိုက်တော့ သူငယ်ချင်း ထနောင်းက အသစ်လာချောင်းတယ်တဲ့။ တကယ်တော့ သယ်ရင်းရဲ့ နာကိုယ်တိုင်လဲ အသစ်ရေးရဖို. စိတ်ကူးရှိသော်ငြားလည်း ဦးနှောက်က မထွက်။ မရေးရသေးဘူးလို.ထင်တဲ့ ကိုယ်တို. အဘူဒါဘီရဲ့ ယာဉ်စီးခြင်းကိစကို ရေးလိုက်ဦးမယ်။ (တိုတိုလေးရေးရင်ရလို....အဟီး)
Abu Dhabi, Dubai နိုင်ငံတွေမှာ အဓိကအားဖြင့် ကူးသန်းသွားလာရေးကို taxi အသုံးပြုကြပါတယ်။ ဒီနိုင်ငံတွေမှာ bus ကားအသုံးပြုသူဦးရော နည်းပါးပါတယ်။Abu Dhabi ရောက်ကာစကဆို Bus ကားလုံးဝမရှိပါဘူး။ ပြီးခဲ့တဲ့ 2008, August လလောက်ကမှ Bus တွေစတင်ပြေးဆွဲပေးပါတယ်။ Bus ကားခကိုတော့ ၂၀၀၈နှစ်ကုန်ထိ အလကားပို.ဆောင်ပေးခဲ့ပါတယ်။ အခုတော့ ဘယ်လောက်နှုန်းထားနဲ့ ပို.ဆောင်ပေးလဲ မသိပါဘူး။ (အဟီး.. ရေးချင်သော်ငြားလည်း အချက်အလက်က သေချာသိဘူး)
Bus ကားကိုတော့ အလုပ်ကြမ်းသမားလူတန်းစားများဖြစ်တဲ့ ပါကစတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိနိယနဲ့ နီပေါ လူမျိုးများသာ အစီးများပါတယ်။ တချို. အလုပ်မှ ferry မစီစဉ်ပေးသော ကုန်တိုက်ဝန်ထမ်းအချို.လဲ စီးလာကြတာ တွေ.ရပါတယ်။
TAXI ကိုတော့ သာမာန် အလုပ်သမား လူတန်းစားအများစုနဲ့ ခရီးသွားဧည့်သည်များ စီးကြပါတယ်။ TAXI ခကို မီတာနဲ့ ပေးရပေမယ့်၊ တချို.နေရာတွေကို ညှိနှိုင်းဈေးနဲ့ လိုက်ပို.ကြတာများပါတယ်။ ကားမောင်းသူ အများစုဟာ ပါကစတန်နဲ့ နီပေါလူမျိုးသာများပါတယ်။ Abu Dhabi မှာ မြေအောက်ရထား လုံးဝမရှိပါဘူး။ စက်ဘီစီးသူ လူနည်းစုရှိသော်လည်း၊ ဆိုင်ကယ်စီးသူ မရှိပါ။ (ဥပဒေအရ ပိတ်ပင်ထားတယ် ထင်ပါတယ်။) အချို. စားသောက်ဆိုင်များမှ ပို.ဆောင်ရေးဝန်ထမ်းအချို.သာ စကူတာလေးတွေ စီးတာတွေ.ရတတ်ပါတယ်။
ကိုယ်ပိုင်ကားကတော့ ပြောမနေနဲ့တော့ ပေါ့နော်။ အချမ်းသာဆုံးရေနံ သူဌေးကြီးတွေနေတဲ့ တိုင်းပြည်မှာ နောက်ဆုံးပေါ်ကားမျိုးစုံကို တွေ.ရပါတယ်။ တစ်စီးလုံး ရွှေဖြူနဲ့ လုပ်ထားတဲ့ ကားတွေ၊ ရွှေဘယ်နှကာရက်ပါတယ်ဆိုတဲ့ ကားတွေ၊ နံပါတ်တောင်မထွက်သေးတဲ့ နောက်ဆုံးပေါ်ကားတွေကတော့ Shake လို.ခေါ်တယ် အာရပ်စော်ဘွားကြီးတွေရဲ့ လက်အောက်မှာ ရှိနေပါတယ်။ အခုဒီဘက်မှာ ခေတ်စားနေတာကတော့ သူဌေးတွေက ကားမပြိုင်တော့ဘဲ သင်္ဘောပြိုင်နေကြပါတယ်။ ဆိပ်ကမ်း Marina တွေမှာ ရပ်ထားတဲ့ သင်္ဘောတွေရဲ့ လှချက်ကတော့ဗျာ ပြောမနေနဲ့။ သင်္ဘောတစ်ညရပ်ခတင် ကိုယ်တို. တစ်နှစ်စာလုပ်ခထပ်ပိုတယ်ခင်ဗျ။
ဒီနိုင်ငံမှာ ကားဈေးက အနိမ့်ဆုံး DHS 30,000 မြန်မာငွေနဲ့ဆို ၉,၀၀၀,၀၀၀ကျပ်ဆိုရင် ဆလွန်းကားလေးဘာလေး 2006 မော်ဒယ်လောက်တော့ ရနိုင်တယ်။ ရန်ကုန်ကားဈေးထက်စာရင်တော့ သက်သာတယ် ပြောနိုင်တာပေါ့နော်။ ဒါပေမယ့် ဈေးကြီးတာက ယာဉ်မောင်းလိုင်စင်ခပါ။ လမ်းပေါ်မှာ Speed အမြင့်ဆုံးတင်ပြီး မောင်းတတ်တဲ့ ကားတွေကြောင့် ယာဉ်မောင်းလိုင်စင် ကိုတော်ရုံမောင်းတတ်ရုံနဲ့ မပေးပါဘူး။ လိုင်စင်ရဖို. သင်တန်းကို အကြိမ်ကြိမ်တတ်ပြီးမှ ထုတ်ပေးပါတယ်။ ယာဉ်မောင်းလိုင်စင်ရဖို.က Dhs 10,000 လောက်ကုန်ချင်ကုန်တတ်ပါတယ်။ ကားခရဲ့ ၃ပုံတစ်ပုံလောက်ပေါ့။ ယာဉ်ကို အရှိန်နှုန်းအမြင့်နဲ့ မောင်းတတ်လို.လားမသိဘူး ယာဉ်တိုက်မှုတွေကတော့ ဒုနဲ့ ဒေးပါဘဲ။ ရဲကလဲ ရောက်တာမြန်သလားမမေးနဲ့၊ ၅မိနစ်ထပ်ပိုမကြာပါဘူး။ ဘာပြသနာဖြစ်ဖြစ် ရဲခေါ်လို.ရပါတယ်။ taxi ခ ပိုတောင်းတာက အစပေါ့။
ကိုယ်သိသလောက် Abu Dhabi ရဲ့ ကူးသန်းသွားလာရေး ကိုသူငယ်ချင်းတို.ကို မျှဝေတာပါ။ လိုနေတာ၊ ပိုသွားတာ၊ မှားနေတာတွေလဲ ရှိမှာပါ။ ကိုယ်သိသမျှကိုဘဲ ချရေးဖြစ်တာပါ။

Sunday 15 February 2009

Saturday 14 February 2009


ဆုပေးဖို. ပြင်ဆင်နေကြတာလေ....


ပထမရရင် ဒီကားကြီးများရမှာလားလို. စိတ်ကူးယဉ်လိုက်ကြသေးတယ်၊ ပြီးတော့ ဟုတ်လဲဟုတ်ဘူး


ဒီ marina မှာပြိုင်ရတာလေ


Shangri-La ကလှေလှော်ပြိုင်ကြမယ့် လူကြမ်းများအဖွဲ.

ဒီတစ်ခါတော့ နိုင်ပါပြီ

ဒီတစ်ခါ လှေပြိုင်ပွဲမှာ ကိုယ်တို.အသင်းနိုင်ပါပြီ။ မီတာ၂၀၀ပြိုင်ပွဲကို ပထမ၊ မီတာ၅၀၀ကို ဒုတိယ။ ၂ပွဲပြိုင်တာ ၂ပွဲလုံးဆုရခဲ့ပါတယ်။ အိမ်အပြန် မျက်နှာပန်းလှခဲ့ပြီပေါ့နော်။ ဒီနေ့ Valentine day မှာတော့ မနေ့ကပင်ပန်ူတဲ့ အရှိန်နဲ့ အခုမှ (ညနေ၄း၃၀)နိုးတာလေ။ လက်ဆောင်ပေးရမယ့် ကောင်မလေးတစ်ယောက်မှ မရှိသလို၊ လက်ဆောင်ပေးဖို. ပိုက်ဆံလည်းမရှိပါဘူး။ ဟီးဟီး။
အခုလောလောဆယ်တော့ ဗိုက်ဆာနေတယ်။

Thursday 12 February 2009

မေမေ
မနက်ဖန်ဆို Dubai, Festival City မှာကျင်းပမယ့် နိုင်ငံတကာDragon Boat ပြိုင်ပွဲကို သွားပြိုင်ကြရမယ်တဲ့။ ထင်မထားဘူးမေမေရယ်။ ရေမကူးတတ်တဲ့ အမေ့သမီးက ဒီလိုပြိုင်ပွဲကို ပါရလိမ့်မယ်လို.။ ဒီတခါတော့ နိုင်ချင်နိုင်၊ ရှုံးချင်ရှုံး အရင်တခါလို စိတ်မပျော့တော့ဘူးနော်။
နေ့လည်က ရွှေတိဂုံဘုရားကြီးဓာတ်ပုံတွေ.တော့ အမိမြေကို တမ်းတမ်းတတလွမ်းမိတယ်။ မေမေ့ကိုရောပေါ့။ ပြန်လာဖို.စီစဉ်တာတောင် အခြေအနေအရပ်ရပ်ကြောင့် လာခွင့်မရတော့တာ ၀မ်းနည်းမိတယ်မေမေရယ်။ ဖြစ်နိုင်ရင် အိမ်ပြန်ချင်လှပြီ။ ဒီမှာအစစအရာရာ အဆင်ပြေပေမယ့် မေမေ့ကိုတအားလွမ်းနေတယ်။
အစ်မတွေရှိတာ မေမေ့ကိုမမှီပါဘူး။ သူတို.တွေ အရမ်းအလိုလိုက်ထားကြပေမယ့်၊ မေမေ့အရိပ်အောက်မှာလို မပျော်ဘူး။
တခါတခါ နေမကောင်းဖြစ်ရင် အရမ်းသတိရတယ်။ မနက်စောစောမထရင်ဆူတဲ့ မေမေ့ကိုလွမ်းတယ်။ ထမင်းအချိန်မှန်မစားရင် ပြောတတ်တဲ့ မေမေ့ကိုလွမ်းတယ်။ ကိုယ်တိုင်ခေါင်းလျော်ရတိုင်း အိမ်မှာ အမြဲခေါင်းလျော်ပေးတတ်တဲ့ မေမေ့ကိုလွမ်းတယ်။ မေမေမရှိကတည်းက အ၀တ်တွေလဲ မီးပူမတိုက်နိုင်တာ များပြီ။ အစစအရာရာပါဘဲ မေမေရယ်။ လစ်ဟင်းနေတာများနေပြီ။ မေမေပြန်လာရင်ကောင်းမယ်။ မေမေမပျော်နိုင်တဲ့ အရပ်ကိုလဲ အတင်းမခေါ်ရက်ပါဘူးလေ။ ဘာဘဲဖြစ်ဖြစ်ပေါ့ မေမေ့ကိုချစ်တယ်။

Monday 2 February 2009

ဖြစ်နိုင်ရင်လေ.....

ဖြစ်နိုင်ရင်လေ.....
အရင်ကလို နင့်ခေါင်းလေးကို
ငါ့ရင်ခွင်ထဲဖွဖွဆွဲသွင်းလို.
အချစ်အကြောင်း၊ ဘ၀အကြောင်းတွေ
မဆုံးတမ်းစကားတွေပြောချင်တယ်။
ဖြစ်နိုင်ရင်လေ.....
အရင်ကလို Moon Bakeryမှာ
ငါတို.ကြိုက်တဲ့ Ladna တူတူစားရင်း
အင်းယားကန်ဘောင်ကို ငေးတတ်တဲ့
နင့်မျက်နှာနုနုလေးကို
ထိုင်ဖတ်ချင်တယ်။
ဖြစ်နိုင်ရင်လေ.....
အရင်ကလို တီတီတာတာပြောတတ်တဲ့
နင့်စကားသံလေးတွေ နားထောင်ရင်း
နင့်ဆံနွယ်တွေကို
ရှိုက်နမ်းချင်တယ်။
ဖြစ်နိုင်ရင်လေ.....
နင့်နားကို ငါပြန်လာချင်တယ်။

Sunday 1 February 2009





မနေ့က ရုံးပိတ်ရက်မှာ အသစ်ဖွင့်တဲ့ Dubai Mall ကိုလျောက်သွားဖြစ်တယ်။ ငါးပြတိုက် အကြီးကြီးတွေ.ခဲ့တယ်။ စင်ကာပူက Santosa နဲ့တူမယ်ထင်တယ်နော်။ ဓာတ်ပုံလေးတွေလျောက်ရိုက်ဖြစ်တယ်။

Saturday 31 January 2009

ဖတ်လို.တော့ ကောင်းမှာ မဟုတ်ပါဘူး။ လွမ်းရတဲ့ အကောင်လေးတွေ အကြောင်းချရေးကြည့်တာပါ။

လေးတန်းကျောင်းသူဘ၀က စနေနေ့ကျောင်းပိတ်တဲ့ ရက်မှာ နေထိုးတဲ့အထိအိပ်နေတုန်း၊ မေမေက သမီးလေး ခြေရင်းမှာ ကြောင်လေးတစ်ကောင် ရောက်နေတယ်တဲ့။ ခါတိုင်း မေမေဘယ်လောက် နှိုးနှိုးမထတဲ့ ကိုယ်၊ ကြောင်ဆိုတဲ့အသံကြားတော့ ချက်ချင်းထထိုင်ဖြစ်တယ်။ ခြေရင်းမှာ ရွှေရောင်အမွှေးအရောင်လေးနဲ့ အရမ်းလှနေတဲ့ ကြောင်လေးတစ်ကောင်။ ပျော်လိုက်တာ။ အစ်မတွေကို ခေါ်ပြတော့ သူတို.ကသိပြီးသားတဲ့။ ဟုတ်တာပေါ့ ကိုယ်ကနောက်ဆုံးမှအိပ်ရာထတဲ့ သူကိုး။ အဲဒီကြောင်မလေးကို အလွယ်တကူ သမီးကြီးလို.ဘဲ ခေါ်ဖြစ်ကြတယ်။ တခါတလေတော့လည်း ရွှေဝါလို.ခေါ်ဖြစ်တယ်။ သမီးကြီးက များသောအားဖြင့် လူမကပ်လှဘူး။ သူကပ်တာ ထမင်းကျွေးတဲ့ အမေနဲ့ သူ.ကိုအရမ်းချစ်တဲ့ အေးလေး (အစ်မလတ်)ကိုဘဲ အကပ်ခံတယ်။ ကိုယ့်မှာတော့ ချစ်လွန်းလို. ကပ်ချင်လိုက်တာ၊ ရကိုမရဘူး။
သမီးကြီးကိုဘဲ အိမ်မှာ ကလေးလုပ်ပြီး ချစ်နေကြတုန်း၊ အမေကပြောတယ် သမီးကြီးရွှေဝါမှာ ကိုယ်ဝန်ရှိနေပြီတဲ့။ ဘုရားရေ.. ကိုယ်တို.အိမ်မှာလေ တခါမှ ကြောင်ကလေးမမွေးဖူးဘူး။ အရင်ကလည်း ကြောင်တွေခဏခဏ မွေးဖူးပေမယ့် ကြောင်အကြီးကြီးတွေဘဲ မွေးဖူးတာလေ။ တော်ကြာနေ ပျောက်သွားလိုက်၊ အမေက ဗေဒင်အရ အိမ်နဲ့ မတည့်ဘူးဆိုလို. သွားပစ်လိုက်နဲ့ ကြောင်လေးတွေက အိမ်မှာ ပေါ်လိုက်ပျောက်လိုက်ပေါ့။ သမီးကြီး ကိုယ်ဝန်စရတော့ မသွားဘူးတဲ့ ကြောင်ဆေးကုခန်းတွေစရှာရတယ်။ သူ.ကျန်းမာရေး ကောင်းမကောင်း ဆေးစစ်၊ ဆရာဝန်မကိုမေး၊ ဘယ်နှလနေရင်မွေးမလဲပေါ့နော်။ ဆရာမက ၃လနေရင်မွေးမယ်ဆိုတော့ တော်တော်လေးပျော်သွားကြတယ်။ ခဏလေးစောင့်ရမှာဆိုပြီးပေါ့။
၃လလောက်လဲ ရှိရော၊ သမီးကြီးတစ်ကောင် ငြိမ်ငြိမ်မနေနိုင်တော့ပါဘူး။ ညညဆို ဟိုကုတ်ခြစ်၊ ဒီကုတ်ခြစ်။ အမေက မွေးဖို. လုပ်ပေးထားတဲ့ ပုံးလေးထဲမှာလဲ အငြိမ်မနေ။ အိပ်ရာထဲကို ၀င်ဝင်လာ။ မေမေကနှင်ထုတ်ပေါ့။ နောက်ဆုံးတော့ သူအရမ်းချစ်တဲ့ အေးလေးရဲ့ အိပ်ရာခြေရင်းမှာ အောင်မြင်စွာ မီးဖွားခဲ့ပါတယ်။
ရွှေေ၇ာင်လေးတွေချည်းဘဲ ၄ကောင်။ ရွှေတုံးသေးသေးလေးတွေလိုဘဲ။ ၀င်းဝါနေတာ။ ထုံးစံအတိုင်း အိပ်၇ာထနောက်ကျတဲ့ ကိုယ့်မှာ နိုးလဲနိုးရော အစ်မတွေက ကြောင်စာရင်းခွဲပြီးပါပြီ။ ကိုယ်ရတာကတော့ အရောင်နည်းနည်းမှိုင်းတဲ့ အကောင်လေးပေါ့။ အလှဆုံးလေးကတော့ အေးလေးက အရင်ဦးသွားတယ်။ ကလေးလေးတွေက များတော့ သမီးကြီးတစ်ကောင် နို.ကောင်းကောင်းမတိုက်နိုင်ရှာဘူး။ သူကိုယ်တိုင်ကလဲ သားဦးမွေးတာဆိုတော့ နို.တိုက်ဖို. သိပ်မကျွမ်းဘူးလို. အမေကပြောတယ်။ အဲဒီလိုနဲ့ မှင်စုပ်တဲ့ ပြွန်သေးသေးလေးတွေ၇ှာ၊ နို.မှုန်.တွေအရည်ဖျော်ပြီး၊ ကလေးတွေကိုတိုက်ရတာပေါ့။ မျက်လုံးလေးတွေပွင့်ပြီး၊ လက်သည်းလေးတွေလဲစထွက်ရော အောင်မလေးဗျာ၊ အမေနို.မှုန်.ဖျော်တဲ့ ခွက်နဲ့ဇွန်းခလောက်သံလေး ကြားတာနဲ့ အမေ့ထဘီစကို တွယ်တတ်ကြတာ။ အမေ့မှာ အမြန်ထိုင်ထိုင်ချရတယ်။ တကယ်ဆိုးလွန်းတဲ့ အကောင်လေးတွေ။ ကိုယ်တို.ညီအစ်မတွေ ပေါင်တွေ၊ ခြေသလုံးတွေမှာလဲ သူတို. ကုတ်ခြစ်ရာချည်းဘဲ။ မွေးထားတာက အထီးလေး၃ကောင် အစ်မလေးတစ်ကောင်ပေါ့။ ၄ကောင်ထဲမှာ အေးလေးသားက အလှဆုံး၊ အဆိုးဆုံးလေး။ သူ.သားလေးကို နာမည်ပေးလိုက်ကြတယ် ဖိုးရှုပ်။ တစ်ကိုယ်လုံးရွှေရောင်နဲ့ အဖြူတစ်စက်မှမရောတဲ့သားလေးက ဖိုးလပြည့်(မေမေ့သားပေါ့)၊ ပိန်ညောင်ညောင်နဲ့ ကျန်းမာရေးမကောင်းတဲ့ သားလေးက ဖိုးသဲလေး(မကြီးသား)၊ ကိုယ်ကတော့သမီးရှင်ပေါ့နော်။ သမီးလေးနာမည်က မိကဲလေးတဲ့။
ကိုယ်တို.အိမ်မှာ ကလေးတွေနဲ့ အရမ်းပျော်နေကြတုန်း၊ သားလေးဖိုးရှုပ် ၃လသားမှာ အိမ်ပေါ်ကနေပြုတ်ကျတယ်။ မကြီးက ပထမနှစ်စာမေးပွဲဖြေဖို. အိမ်မှာစာကျက်နေတုန်း၊ သားပြုတ်ကျတာတွေ.တော့ ချက်ချင်းပြေးဆင်းပြီး၊ သွားကောက်ရတယ်။ ကိုယ်တို.အိမ်က ကန်ထရိုက်တိုက် ၃ထပ်မှာနေပေမယ့်၊ တိုက်ဟောင်းတွေဆိုတော့ ကိုယ်တို.၃ထပ်က အခုကန်ထရိုက်တိုက်တွေရဲ့ ၅လထပ်လောက် အမြင့်ရှိပါတယ်။ ၃လသားကြောင်လေး တစ်ကောင်အတွက်တော့ အတော်မြင့်လှပါတယ်။ မကြီးလက်ထဲရောက်တော့ ကလေးက တော်တော်နာနေပြီ။ မကြီးလဲ ချက်ချင်း ဆေးခန်းပြေးပေါ့။ ဆေးခန်းကပြန်လာတော့ သားကတော်တော်သက်သာနေပါပြီလေ။ မကြီးလဲ စိတ်ချပြီး စာဆက်ကျက်နေတုန်း သားဖိုး၇ှုပ်လေးက နောက်တစ်ခေါက် ပြတင်းပေါက်ထပ်ထွက်ပုံရတယ်။ နောက်တစ်ခါထပ်ပြုတ်ကျပါတယ်။ ဒီတစ်ခါတော့ လုံးဝမရတော့ပါဘူး။ နားထဲလဲ သံပရာသီးညှစ်ထည့်၊ သူလဲ ပတ်ဝန်းကျင်ကပေးတဲ့ နည်းတွေအကုန်လုပ်၊ နောက်ဆုံးတော့ သားလေးဖိုးရှုပ် ဆုံးသွားတယ်။ မကြီးခမျာလဲ သူတစ်ယောက်တည်း အိမ်မှာကျန်နေတဲ့ အချိန်ဒီလိုတွေဖြစ်တော့ နောက်ဆုံး ကြောင်သေလေးပိုက်ပြီး အမေ့ရုံးကိုလိုက်သွားတယ်။ အမေလဲ တော်တော်စိတ်မကောင်းတွေဖြစ်ပြီး သားအမိ၂ယောက် ဆိပ်ကမ်းကို သွားပစ်ကြပါတယ်။ ကိုယ်တို.ကျောင်းကပြန်လာတော့ သားလေးမရှိတော့ဘူး။ သားအမိတွေ ငိုလိုက်ရတာ ရင်တွေကိုကွဲရော။ အေးလေးဆို အဆိုးဆုံး။ သူ.ခြေရင်းမှာမွေးတဲ့ သူ.အချစ်ဆုံးသားလေးလေ။
ကံကြမာဆိုတာ ဆိုးရင် ဆက်တိုက်ဆိုးတတ်ပုံရတယ်။ ဖိုးရှုပ်လေးဆုံးပြီ၊ တစ်ပတ်ကျော်ဘဲရှိဦးမယ်၊ ဖိုးသဲလေးပျောက်သွားလို.ပါ။ တစ်အိမ်လုံးကလဲ ဒေါင်းတောက်အောင်ရှာပေါ့။ ဘေးအိမ်တွေပေါ်တတ်မေး၊ နောက်ဖေးလမ်းကြားဆင်း၇ှာ။ နောက်၂ရက်ကြာတော့ သားလေးပြန်ရောက်လာတယ်လေ။ တစ်ကိုယ်လုံး ပိန်ချိပြီး စုတ်ပြတ်နေတာဘဲ။ မကြီးက အရမ်းစိတ်မကောင်းတွေဖြစ်ပြီး ထမင်းတွေချကျွေးတာ သားက အငမ်းမရစားပေါ့။ သားကစားလေ ကိုယ်တို.ကကျွေးလေနဲ့ သားလေးဖိုးသဲ စားပိုးနင့်ပြီး အသက်ထွက်သွားရပြန်ရော။ အားပါး...ငိုလိုက်ရတာ ကိုယ်တို. ညီအစ်မတွေ။ သမီးကြီး (သူတို.အမေ)လဲ အဲဒီကတည်းက လုံးဝအိမ်မကပ်တော့ဘူး။ ကျန်တဲ့ ကလေး၂ကောင်က ကပ်လဲ မခံတော့ဘူး။
ကျန်တဲ့ သမီးလေးမိကဲနဲ့ သားလပြည့်လေးတို. ကြီးလာတော့ သူတို.၂ကောင်ပြန်ရပြီး၊ ကြောင်လေး ၂ကောင်ထပ်မွေးတယ်။ အမလေး ၂ကောင်။ ချစ်စရာကောင်းလိုက်တာများ၊ အဖေချော အမေချောလေး တွေကနေ မွေးထားတာလေ။ သမီးလေးတွေ နာမည်က ကူးကူးနဲ့ လူးလူးတဲ့။ သမီးလေး ကူးကူးက နဲနဲချူချာတယ်။ သမီးလူးလူးကတော့ ဆော့မှဆော့။
အဲဒီအချိန်ကလေးလေးတွေနဲ့ ပျော်နေကြတုန်း၊ အစ်မလတ် မအေးလေးက လမ်းပေါ်မှာ အစာမစားရလို. ပိန်ညောင်နေတဲ့ ကြောင်မလေးတစ်ကောင်ကို သနားလို.ဆိုပြီး ခေါ်တင်လာပါရော။ အဲဒီမှာပြသနာကစတာဘဲ။ အိမ်က ကလေးတွေနဲ့ ဖိုက်ကြတာပေါ့။ ကိုယ့်ကလေးတွေက အိမ်ပေါ်က အိမ်အောက်တောင် ဆင်းတာမဟုတ်။ နုနုဖတ်ဖတ်လေးတွေ။ ဟိုကြောင်မကြီးကို ကြောက်ရတာပေါ့။ ဟိုကြောင်မကလဲ ရောက်လာခါစကသာ ပိန်ညောင်ညောင်ရယ်၊ အိမ်လဲရောက်ရော တစ်သွေးတမွေး ၀ဖီးလို. လှလို.။ အိမ်ကကလေးတွေများတော့ မျက်နှာလေးတွေကိုငယ်လို.။ ဒီကြားထဲ ရောက်တာမှ မကြာသေး ဗြုန်းဆို ကလေးတွေကောက်မွေးလိုက်တာများ ၃ကောင်တောင်ဗျ။ ကလေးဆိုတော့လဲ ချစ်ကြတယ်လေ။ မည်းမည်းလေး၁ကောင်၊ ဖြူဆွတ်နေတာလေးက ၁ကောင်၊ အဖြူအမည်း စပ်ကြားလေးကတစ်ကောင်။ ရွှေရောင်တွေဘဲ မွေးဖူးတဲ့ အိမ်မှာ အဖြူအမည်းလေးတွေမွေးတာဆိုတော့ ထူးဆန်းပြီး အချစ်ပိုကြတာပေါ့။ ကြောင်တွေလဲ ဟိုဘက်ဒီဘက်တည့်စ ပြုလာပြီပေါ့လေ။ အဖြူအမည်းကောင်တွေကတော့ ဗိုလ်နဲနဲကျတာပေါ့။ အစ်မလတ်က ထုံးစံအတိုင်း အလှဆုံး ဖြူဖွေးနေတဲ့ သားလေးကိုရွေးပြီး နာမည်ပေးထားတာက ဂျွန်လ မိုးတွေရွာနေတုန်းမွေးထားလို."ဂျွန်မိုး" တဲ့လေ။ သားငယ် မည်းမည်းလေးကတော့ အစ်မကြီးက "ကစ်ကစ်"တဲ့။ သူကအ၀ဆုံးကို။ ထုံးစံအတိုင်း သမီး၇ှင် ကိုယ်ကတော့ သမီးချောလေးကို "၀ိုင်းဝိုင်း" လို.ပေးလိုက်ရော။
အဲလိုကလေးတွေ သိုက်သိုက်ဝန်းဝန်းနဲ့ပျော်နေကြတုန်း၊ မိကဲလေးမှာ တိုက်ဖွိုက်လိုရောဂါဆိုးကြီး ရလာတော့တယ်။ ဘာမှမစားနိုင်ဘဲ တဖြည်းဖြည်း ပိန်လာလိုက်တာဗျာ၊ လမ်းလျောက်ရင်တောင် ဂျပ်ထူပြားကြီးထောင်ထားသလိုဘဲ။ လမ်းလဲ ၂လှမ်းလောက်လှမ်းပြီး၊ ဗိုင်းကနဲလဲကျ။ ဒီလိုနဲ့ ၂လလောက်ခံရတယ်။ ဆုံးသွားရောဆိုပါတော့။ သမီးမိကဲလေး ဆုံးပြီး၊ ၂လလောက်ကြာတော့ ကူးကူးလေးလဲ တစ်ပုံစံတည်းလိုက်ဖြစ်တယ်။ ကူးကူးဆုံးပြီး တစ်ပတ်လောက်ဘဲ ခြားမယ် လူးလူးလေးလဲ ဖြစ်ပြီး ဆုံးပြန်ရော။ အဲဒီအချိန် သားကြီးလပြည့်လဲ အိမ်ကနေပျောက်သွားလိုက်တာ ခုထိကို ၇ှာမတွေ.တော့ပါဘူး။
အဲဒီရောဂါဆိုးက ကြောင်မလေးတွေကိုမှ ကူးလားတောင်မသိပါဘူး၊ သမီးကြီးရွှေဝါနဲ့ ၀ိုင်းဝိုင်းလေးကိုပါ ဆက်ကူးရော။ သူတို.လဲ အဲဒီရောဂါနဲ့ ဆက်ဆုံးကြတယ်။ နောက်ဆုံးတော့ ဖက်တီးမကြီးရယ်(အေးလေးခေါ်လာတဲ့ကြောင်မလေးကို နာမည်ပေးထားတာ) သားဂျွန်မိုးနဲ့ ကစ်ကစ်ရယ်ဘဲကျန်တော့တယ်။ ကလေးတွေအများကြီးနဲ့ ပျော်ခဲ့တဲ့အိမ်က ကြောင်အကြီးကြီးတွေနဲ့ ပျင်းနေချိန်မှာ ဖက်တီးမလေး ကိုယ်ဝန်ထပ်ရှိလာပါရော။ ပျော်လိုက်ကြတာ တစ်အိမ်လုံး။ အဲဒီအချိန်က ဖက်တီးမက အိမ်မှာမင်းသမီးဘဲ။ အစားဆိုလဲ အကောင်းဆုံးကိုကျွေး၊ အိပ်လဲ အနူးညံ့ဆုံးနေရာမှာထား၊ အပြင်လဲပေးမထွက်တော့ဘူး။ အားလုံးကလဲ တယုတယပေါ့။ မွေးမယ့်ညမှာ အိမ်ရှိကြောင်မများရဲ့ ထုံးစ့အတိုင်း အေးလေးအိပ်ရာနားကနေကို မခွာတော့ဘူး။ အေးလေးကလဲ သူ.ကြောင်လေးကို တစ်ညလုံးမအိပ်ဘဲ ထိုင်စောင့်ပေါ့။ မွေးတာကတော့ မနက်ခင်းမိုးလင်းမှမွေးတာပါ။ မည်းမည်းလေး။ တစ်ကောင်တည်း။ အမေက ကြောင်မကိုကြည့်ပြီး ဗိုက်ထဲမှာကျန်ဦးမယ်၊ ဆရာဝန်ဆီသွားမယ်ဆိုပြီး ချီတတ်ကြတာ။ ဆရာဝန်က မကျန်ဘူးလိုငြင်းတယ်။ အမေက သူသိတယ်။ကြောင်မလေးက ဆက်မမွေးနိုင်တာလို. ပြန်ပြောပေါ့။ ဆရာဝန်က ကဲ..စိတ်ကျေနပ်အောင် ဆက်မွေးနိုင်မယ့် ဆေးထိုးပေးမယ်ဆိုပြီး ဆေးထိုးပေး။ မကြာပါဘူး ဆေးထိုးပြီး ၁၀မိနစ်လောက်ဘဲ ရှိဦးမယ်။ နောက်တစ်ကောင်ထပ်မွေးပါလေရော။ ဆရာဝန်လဲ ရှက်ပြီး အစ်မကြီးက တော်လိုက်တာ ဘာညာပေါ့။ အမေကလဲ ငါမပြောဘူးလားဆိုတဲ့ ပုံနဲ့ပေါ့။ ဒါတောင်အမေက အိမ်မှာမွေးတဲ့ကြောင်မဟုတ်လို. မခေါ်ချင်ဘူး ဘာညာလုပ်နေသေးတယ်။
၂ကောင်လုံးက အစ်မလေးတွေ။ အမေက မည်းမည်းလေးကို ပေါင်ချိန်လို. နာမည်ပေးပြီးမှ၊ အမလေး ဖြစ်နေလို. ချားကိုးလ်လို.ပြောင်းခေါ်ကြတာ။ နောက်အကောင်လေးကတော့ လုံးလုံးတဲ့။ ချားကိုးလ်လေးက တစ်ကိုယ်လုံးအနက်မှ ပြောင်ပြီးနက်နေတာဘဲ။ ထက်သလားလဲမမေးနဲ့။ အသက် ၃ပတ်လောက်ဘဲရှိဦးမယ်၊ လှေကားကို တစ်ထစ်ချင်းဘယ်တော့မှ မဆင်းဘူး။ အနာခံပြီး ထိပ်ဆုံးကနေ အောက်ဆုံးကို ခုန်ချတယ်။ အိမ်ရှေ.ထွက်ပြီး၊ ငှက်တွေဖမ်းတယ်။ အဖမ်းကောင်းပြီး အိမ်ေ၇ှ.ကနေ ပြုတ်ကျပေါ့။ နောက်ဆုံးတော့ အသက်ပါပါ သွားတယ်လေ။ သမီးလေး လုံးလုံးနဲ့ သားလေး ကစ်ကစ်ကတော့ အသက် ၄နှစ်လောက်ရောက်မှ ရောဂါတစ်ခုနဲ့ ဆုံးသွားတယ်။ အဲဒီအချိန်မှာ မွေးလို.မပြီးနိုင်သော ဖက်တီးမလေးက နောက်တစ်သား ထပ်မွေးပြန်တယ်လေ။ တစ်ဦးတည်းသောသားလေး တိုးပွားပါဘဲ။ အမေက စနေသားလေးဆိုပြီး နာမည်ပေးထားတာ။ ကလေးက ဘယ်လောက်ဆော့လဲဆို ၂ပတ်လောက်ကတည်းက ဟိုခုန်ချ ဒီခုန်ချနဲ့ ကြီးလာတော့ ရှေ.လက်လေး၂ချောင်းက ခွင်နေလေရဲ့။ အဲလိုခွင်တာလေးကလဲ တမျိုးလေး ချစ်ဖို.ကောင်းပြန်ရော။ ရုပ်ကလေးကလဲ လူဆိုးရုပ်ကလေး၊ ဂျစ်ကန်ကန်လေးနဲ့လေ။ အိမ်လည်တာလဲ အ၇မ်းဘဲ။ ဖက်တီးမလေး၊ သားဂျွန်၊ သားတိုး တို.နဲ့နေလာတာ၂နှစ်လောက်ကြာမှ ထုံးစံအတိုင်း ဒေါ်ဖက်တီးမက ထပ်မွေးပြန်ရော။ ဒီတစ်ခါကတော့ နောက်ဆုံးပါဘဲ။ နောက်ဆုံးပိတ် ၃ကောင်မွေးပါတယ်။ အမလေး၂ကောင်။ မိဆပ် (ဆပ်စလူးလေးမို.လို.)နဲ့ ပိစိတဲ့။ သားလေးကတော့ ပြာလောင်တဲ့။ မွေးကာစက အမလေး၂ကောင်က တစ်ပုံစံတည်း ဆင်တူလေး။ သူတို.ကိုဘဲ အချစ်ပိုနေတုန်း မောင်ပြာလောင်က ပိစိလေးကနေ ၀လာလိုက်တာ၊ လေထည့်ထားတဲ့ ဘောလုံးကြီးကျလို.။ တကယ်ပါ။ ကြောင်မွေးခဲ့တဲ့ သက်တမ်းမှာ သူ.လောက်ဝတာကို မမြင်ဖူးဘူး။ (အခုဆိုဝလွန်းလို. လမ်းတောင်မလျောက်နိုင်ရှာဘူးတဲ့။) ဖက်တီးမလေးကတော့ ဒီကလေး၃ယောက်မွေးပြီး သူလဲသက်တမ်းကုန်သွား၇ှာတယ်။ သမီးလေးမိဆပ်က အလည်လွန်ပြီး ပျောက်သွားတယ်။ သားလေး၃ကောင်၊ သမီးလေး၁ကောင်နဲ့ ပျော်နေတုန်း ဆောင်းတွင်းကြီး အအေးမိပြီး သားတိုးလေး ဆုံးသွားတယ်။ အခုတော့ သားဂျွန်(၁၂နှစ်)၊ ပိစိ(၆နှစ်)၊ ပြာလောင်(၆နှစ်) တို.သာ သူငယ်ချင်းအိမ်မှာ ခဏဆိုပြီးထားခဲ့ရတာ( တစ်နှစ်ပြည့်တော့မယ်)။ လွမ်းလိုက်တာ.....ကလေးတွေကို။

Wednesday 28 January 2009

သြော် - အိုမာဆမ်

မြူတွေက မနက်ရှစ်နာရီကျော် ပေမယ့် ကောင်းကောင်းမကွဲသေး။ ရန်ကုန်ဆောင်းက ချမ်းခဲလှတာမို့ ချမ်းတုန်ချမ်းခိုက်အေးသည့် အရသာလေးကိုနှစ်သက်စွာခံစားလို့။
ဂျာနယ်တွေကိုဗန်းပေါ်မှာ ဖြန့် ခင်းရင်းသူ့မျက်လုံးတွေကလမ်း တစ်ဖက်ဆီသို့ မကြာခဏရောက် လျက်။
စာမရေးတတ်လို့၊ စာများရေး တတ်ရင်သူမြင်နေရတဲ့မြင်ကွင်းလေး ကို စာရေးလိုက်ချင်ရဲ့။
ကြည့်လေ..မြူမကွဲတကွဲ မှာ ဖယ်ရီစောင့်နေတဲ့အစ်မလေးတစ် ယောက် (သူ့ထက်ငယ်ပေမယ့် ကောင်မလေးလို့မသုံးရဲ)ဈေးသည် ဆိုတာက ..ကိုယ့်ထက်ငယ်တဲ့ ၀ယ်သူကိုတောင် အစ်မ၊ အစ်ကိုလို့ လေးစားသမှုနဲ့ခေါ်ရတာပဲ။
ပုဂ္ဂလိကဘဏ်တစ်ခုမှာလုပ် နေတယ်ဆိုတာဖယ်ရီကားပေါ်က ဆံဆိပ်ကြီးကြီးရယ်၊ အစ်မလေး ရင်ဘတ်ကတံဆိပ်ရင်ထိုးလေးရယ် ကြောင့်သိသာပါတယ်။
အဲဒီအစ်မလေးကဖယ်ရီစောင့် ရင်းနဲ့သူ့ဆိုင်ဘက်ကိုလည်းကွက် ကြည့်၊ ကွက်ကြည့်သူ့ကိုကြည့်တာလို့ အထင်မကြီးလိုက်ပါနဲ့ဦးနော်။ သူ့လို လမ်းဘေးဈေးသည်အိမ်ထောင် သည် ယောက်ျားတစ်ယောက်ကို ဘယ်မိန်းကလေးကကြည့်မှာလဲ။
သူ့ကိုကြည့်တာမဟုတ်ဘူး။သူ့ ဆိုင်မှာ ဂျာနယ်လာဝယ်နေကျ အစ်ကိုလေးတစ်ယောက်ကိုကြည့် တာလေ။
သူ့အတွက်ကတော့တစ်ပတ် ငါးရက်မှာဗုဒ္ဓဟူးတစ်ရက်ကလွဲပြီး ကျန်တဲ့ရက်လေးရက်မှာမနက်ပိုင်း ရုပ်ရှင်တစ်ခုကိုကြည်ကြည်နူးနူးကြည့် နေရသလိုပင်။
မကြာခင် ပိုပြီးလှပတဲ့ ရုပ်ရှင် တစ်ခုအဖြစ်အသက်ဝင်လာဦးမယ် လို့လည်းထင်နေမိတယ်။
မထင်ဘဲနေနိုင်ရိုးလား။ အစ်ကိုလေးကလည်း ဂျာနယ်သာ ၀ယ်နေတာ။ မျက်လုံးကအစ်မလေး ရှိနေရာကို ဝေ့ခနဲ၊ ကွက်ခနဲကြည့် တတ်တယ်။ အစ်မလေးနဲ့များ အကြည့်ချင်းဆုံရင်နှစ်ယောက်သား ပြုံးလိုက်ကြသေး။
သူ့ဆီမှာတစ်ပတ်လေးစောင်၊ လေးရက်လာဝယ်တဲ့အစ်ကိုလေးကို သူအားမရလိုက်တာ။ ဒီလောက် အကြည့်ချင်းတွေဆုံ၊ အပြုံးတွေ ဖလှယ်နေကြမှတော့ဖွင့်ပြောလိုက် ပါလားလို့ပေါ့။
အစ်မလေးကလည်း အစ်ကို လေး ဂျာနယ်လာဝယ်တတ်တာကို သိနေတာမို့ အစ်ကိုလေးမလာမချင်း သူ့ဆိုင်ကိုကွက်ကြည့်ကွက်ကြည့်၊ ပထမလာတဲ့ဖယ်ရီကို အစ်ကိုလေး မလာသေးရင်မစီး။ ဒုတိယဖယ်ရီကို မိုးတိုးမတ်တတ်နဲ့သာစီးသွားတတ် တယ်။ ဒါကိုအစ်ကိုလေးသိချင်မှသိ မှာပေါ့။ အစ်ကိုလေးကဂျာနယ်ဝယ်၊ ကွက်ကြည့်ကွက်ကြည့်လုပ်၊ပြုံးတုံ့တုံ့ လုပ်ပြီးတာနဲ့ပြန်သွားတာ။ သူက သာ ဂျာနယ်ရောင်းရင်း၊ အစ်မလေး ပထမဖယ်ရီမမီလို့၊ ဒုတိယဖယ်ရီကို ဒုက္ခခံစီးသွားတာသိတာ။ ပြောချင် လိုက်တာလည်း ပါးစပ်ကိုယားလို့။ ဒါပေမဲ့သူနဲ့မှ မဆိုင်တာဘဲနော်။ လူငယ်လေး နှစ်ယောက်ရဲ့မပွင့်လင်း သေးတဲ့ ဇာတ်လမ်းလေးကိုကြည် နူးစွာ ကြည့်နေခွင့်ပဲရှိတာပဲ။
ဟော ဟိုမှာ အစ်ကိုလေးကား ရောက်လာပြီ။ အင်း ဒီနေ့တော့ အစ်မလေးပထမဖယ်ရီမီပြီပေါ့။
___
ဟင်း...တော်ပါသေးရဲ့။
ကိုယ်တော်ချောက စောစော လာလို့။ နို့မို့ဆို ဒုတိယဖယ်ရီက ကိုယ့်ဖယ်ရီမဟုတ်တော့နေရာမရ ဘူးလေ။ ရုံးအရောက်မတ်တတ်ရပ် သွားရမှာ။
ဒီမနက်ဒီလောက်အေးနေ တာ။ စွပ်ကျယ်လက်တိုနဲ့အမြဲတမ် အိမ်နေအင်္ကျီနဲ့မြင်နေကျဆိုတော့ ဒီအနီးအနားတစ်ဝိုက်မှာနေတာပဲဖြစ် မှာပေါ့။
ဟော..သူမကို ဂျာနယ်ဝယ် ပြီး ခိုးကြည့်နေပြန်ပြီ။
ဂျာနယ်တစ်စောင်ဝယ်ဖို့ကို ဟို ဂျာနယ်လှန်၊ ဒီဂျာနယ်လှန်နဲ့အကြာ ကြီးအချိန်ဆွဲဝယ်ဦးမယ်မဟုတ်လား။
အံမယ်..ပြုံးပြပြန်သည်။
ပြန်ပြုံးပြတာပဲ ဘာအပမ်းကြီး တာလိုက်လို့။ သုံးလေးခါလောက် ကြုံဖူးရုံနဲ့မှတ်မိနိုင်တဲ့အသွင်အပြင်မျိုး ရှိတဲ့သူပဲ။
အခုဆိုရင် သုံးလေးခါတောင် မဟုတ်တော့ဘူး။ သုံးလေးလ လောက်တောင်ရှိနေပြီ၊ အကြည့်ချင်း အပြုံးချင်းရင်းနှီးတာ ဘယ်ဆန်းပါ့ မလဲနော်။
အင်း..ဆန်းတာလား။
ဆန်းတာလေးတစ်ခုတော့ရှိ တယ်။
အဲဒါ သူမမှာ သိပ်ချစ်ရတဲ့ ]ကို} ရှိနေတယ်လေ။
ကိုက သူမကိုအမျိုးသားတစ် ယောက်က ဒီလိုလာကြည့်တတ်တာ များသိရင် ဘယ်လောက်အူတိုလိုက် မလဲ။
နယ်မှာတာဝန်ကျနေလို့ သူမ အနားမှာအမြဲမရှိနိုင်တာကို ကိုက အလိုမကျဖြစ်နေတတ်သည်။
ကို ပြန်လာရင်တော့ ပြောပြ ပြီး စçဦးမှပဲ။ ကို အူတိုရင် သိပ်ချစ် စရာကောင်းတယ်လေ။ ဟိုဘက် လမ်းက ပုဂ္ဂိုလ်၊ သူကတော့ သူမမှာ ချစ်သူရှိမှန်းဘယ်သိပါ့မလဲ။ ကိုနဲ့မှ တွဲမတွေ့သေးတာ။
ဟော..ထပ်ပြုံးပြပြန်သည်။ ပြန်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါတဲ့ အပြုံးမျိုး။
ဟော..ဟိုမှာ သူမဖယ်ရီ လည်းလာပြီ။ သွားပြီနော်။
ကို မရှိခင်စပ်ကြား ရင်ခုန်စရာ ပုံပြင်လေးတစ်ပုဒ်ပေါ့။
___
သူမ ဖယ်ရီပေါ်တက်သွားချိန် သူလည်းကားဆီပြန်လာလိုက်သည်။
ဟာ ဒီချာတိတ်မ (သူ့ထက် နည်းနည်းလောက်တော့ငယ်မည်ထင်) သူ့ကိုေ သူဂျာနယ်ဝယ်တိုင်း သူ့ကို လှမ်းလှမ်းကြည့်နေတတ်သည်။ အားနာပါးနာ၊ အင်း..သူလည်း ပြန်ကြည့်မိတာပါပဲလေ။ အကြည့် ချင်းဆုံရင် သူကပြုံးယောင်ယောင် လုပ်တော့ ကိုယ်ကလည်းပြန်ပြုံးရ တော့တာပေါ့။
ယောက်ျားလေးပဲနော်။ မိန်းမ လှလေးတစ်ယောက်ကိုကြည့်တာ ပြုံးတာလောက်တော့မလွန်ဘူးထင် ပါတယ်။
သူ့တစ်အိမ်လုံးကလည်း ဂျာနယ်ဖတ်တဲ့သူတွေဆိုတော့ မနက်တိုင်းဂျာနယ်ဝယ်တာသူ့အလုပ် တစ်ခုပင်။
ချာတိတ်မလေးသူ့ကိုေ ခက်တာက ..သူ့မှာ ]မ}ဆိုတဲ့ ချစ်သူရှိနေတယ်လေ။
ရုံးတစ်ရုံးမှာအရာရှိပေါက်စ ဖြစ်တဲ့ မနဲ့သူကထာဝရလက်တွဲဖို့ ရည်ရွယ်ကြပြီးသား။
ချာတိတ်မလေးကိုတော့ သနားပါတယ်။
အင်းလေ..ခရီးသွားဟန်လွဲ ရင်ခုန်တာ၊ ကြည်နူးတာမျိုးကတော့ သူတို့ယောက်ျားလေးတွေအတွက် ဆန်းတာမှမဟုတ်တာ။
မ ကလည်း ဒါကိုကောင်း ကောင်းနားလည်သည်။ စိတ်မချ လက်မချနှင့်သ၀န်တိုနေတတ်သော ချစ်သူမျိုးမဟုတ်၍ သူကံကောင်းပါ သည်။
အင်း..ဘာပဲဖြစ်ဖြစ် မနဲ့ အေးအေးဆေးဆေးတွေ့ဖြစ်တဲ့နေ့ ကျရင် ဒီအကြောင်းတွေပြောပြီး စçရဦးမယ်။
___
သူမ အစလွန်သွားပြီထင်။
ကိုက သူမကို ရှုတည်တည်နဲ့ ကြည့်ပြီး "နုငယ်မှာ ကိုရှိနေတာ ပြောပြလိုက်ပေါ့"
သူမ ကို့ပခုံးကိုမနာအောင်ထု လိုက်ပြီးရယ်လိုက်သည်။
"နုငယ်ကို သူကဘာမှလာ မပြောသေးတာ။ ပြုံးပြီးလာစောင့် ကြည့်နေတာပဲရှိတာကိုရ။ နုငယ်က သူဘာမှမပြောခင်သွားပြောလို့ရ မလား"
ကိုက မကျေမနပ်နဲ့ စူပုပ်ပုပ် လုပ်နေသေးသည်။
"နုငယ်ဘက်ကသူပြုံးပြတာကို မသိချင်ယောင်ဆောင်ပြီး မျက်နှာ ထားတင်းတင်းနဲ့နေပေါ့။ ဒါမှမဟုတ် ဖယ်ရီစီးတဲ့နေရာကို ပြောင်းစောင့် လိုက်ပေါ့"
ကို ပြောသလို လုပ်ကြည့်ဖို့ စိတ်ကူးပင်မရ။
အဲဒီအမျိုးသားလေးစောင့် ကြည့်နေတာကို စောင့်ဖမ်းရတာ။ ဘယ်လောက်စိတ်လှုပ်ရှားစရာ ကောင်းလဲ ကိုမှမသိတာ။
"နုငယ် ကိုပြောတဲ့အတိုင်း နေပါတယ်။ ဖယ်ရီပြောင်းဖို့ကျတော့ အိမ်နဲ့အနီးဆုံးနေμ ဒီနေရာပဲရှိ တာမဟုတ်လား"
အနူးညံ့ဆုံးအသံနဲ့ကို့ကို အ ကြောင်းပြချက်ပေးလိုက်သည်။
"ကဲပါ ဒါဆိုလည်း ကိုမပြန်ခင် နုငယ်နဲ့အဲဒီနေရာမှာလာစောင့်ပေး မယ်။ နုငယ်မှာချစ်သူရှိတာသိသွား ရင် သူနောက်ဆုတ်သွားမှာပါ။ ဒီ အတိုင်းဆို တစ်ဖက်လူကိုမျှော်လင့် ချက်ပေးသလိုဖြစ်နေလိမ့်မယ်။ နုငယ်နော် ကျပ်ကျပ်သတိထား။ ကိုစိတ်မချတာသိရဲ့သားနဲ့"
သိသားပဲ သူမလည်း]ကို}ကလွဲ ပြီး ဘယ်သူ့ကိုမှမချစ်။
အဲ..အပြုံးချင်း၊ အကြည့်ချင်း ဖလှယ်တာလောက်တော့...
ဖယ်ရီစောင့်ရင်းအပျင်းပြေပါ ကိုရဲ့။
___
မ က မျက်ဆံနက်နက်လေးကို သူ့ဘက်သို့စွေကြည့်ရင်း...
"ဒါဆိုလည်း မောင်ဆိုင်ပြောင်း ၀ယ်ချင်ဝယ်၊ ဒါမှမဟုတ် အချိန် ပြောင်းဝယ်ချင်ဝယ်ပေါ့။ ဒီလိုဆို ဆုံစရာအကြောင်းမရှိတော့ဘူးလေ။
မ က ကိစ္စတစ်ခုကို အဖြေ ထုတ်ရာမှာ သိပ်တော်သူပင်။ သင်္ချာ နဲ့ကျောင်းပြီးထားလို့ထင်ရဲ့။
"မ ကလည်း အမေဈေးသွား တဲ့ အချိန်က ဒီအချိန်ပဲလေ။ အဲဒီ ဆိုင်က ဈေးမှန်တော့ တခြားဆိုင် မ၀ယ်ချင်တော့ဘူး။ ဖောက်သည် ဖြစ်နေပြီလေကွာ.."
မကမျက်မှောင်ကျုံ့ပြီး သူ့ကို ကြည့်သည်။ သ၀န်တိုစရာရှိရင် ၀ုန်းဒိုင်းကြဲပြီးမတိုတတ်၊ ဣနြေ္ဒလေး၊ သိက္ခာလေးနဲ့ဝေ့ပြီး ၀ဲပြီးသ၀န်တို တတ်တာ မçအကျင့်ပင်။
"စိတ်ချ မောင်ကတော့ မကလွဲ ပြီး ဘယ်ကောင်မလေးမှခေါင်းထဲ မရှိဘူး"
ကြည့်တာလောက်တော့ မ နားလည်ပေးနိုင်မှာပါနော်။
"မောင့်ကိုယုံပါတယ်။ ကလေး မလေးအတွက်စိတ်မကောင်းလို့ပါ။ ခမျာ မောင့်ကိုမျှော်လင့်နေရှာတယ် မဟုတ်လား"
လာပြီ.လာပြီ သ၀န်တိုတာကို ခပ်ပါးပါးလေးအုပ်ထားတဲ့ ကရုဏာ စကား။
သူရယ်ချင်လာသည်။
"ကဲပါ မောင်နောက်နေ့မနက် မçရုံးမသွားခင်လာခေါ်ချည်၊ မောင် ဂျာနယ်ဝယ်တာကို မ လိုက်ခဲ့မယ်။ မောင့်မှာချစ်သူရှိတယ်ဆိုတာ သိ သွားရင် ကောင်မလေးလက်လျှော့ သွားမှာပါ။ ခက်တယ်။ ခုခေတ် ကောင်မလေးတွေကလည်း ချစ်သူ ရှိလား၊ အိမ်ထောင်ရှိလား မစုံစမ်းဘဲ ဇွတ်နှစ်ကြိုက်ကြတာများတယ်"
အဘွားအိုကြီးလေးလို မ က ညည်းတွားပြောဆိုနေသည်။
"အဲဒါတောင် မောင် အိမ်နေ ရင်း အ၀တ်အစားနဲ့သွားတာနော်"
သူ ဆက်စလိုက်စဉ် မက မျက် စောင်းထိုးပြီး..
ပြီးတော့
"လုပ်မနေနဲ့ မောင်ကြည့်လို့ သူကြည့်တာကိုသိတာပေါ့။ ကြည့် တာကအပြစ်ဆိုရင် နှစ်ယောက်စလုံး မှာရှိတာပဲ။
နောက်ဆုံးတော့ မက ချာတိတ်မလေးအရှေ့မှာမြင်သာ အောင်နေပြပေးရမယ်လို့ တောင်း ဆိုခဲ့လေသည်။
အင်း..ချာတိတ်မလေး အတွက်တော့စိတ်မကောင်း။ သူ့ရဲ့ နံနက်ခင်းပုံပြင်လှလှလေးတစ်ပုဒ် တော့ အဆုံးသတ်ရတော့မှာပေါ့။
___
အစ်မလေးဘေးနားမှာအစ်ကို ကြီးတစ်ယောက်က အစ်မလေးရဲ့ ထမင်းချိုင့်လေးကို ကိုင်ပေးပြီးရပ် နေသည်။
အစ်မလေးက အရင်ကလို ဒီဘက်ကိုမကြည့်တော့။ အစ်မလေး ရဲ့အစ်ကိုကြီးကသာ လှမ်းတကြည့် ကြည့်။
အစ်မလေးနှယ်ဗျာ ရည်းစား ရှိရဲ့သားနဲ့ ဂျာနယ်ဝယ်တဲ့အစ်ကို လေးတော့ သနားပါတယ်။
သူ ကြားကနေ အစ်မလေး အပေါ်စိတ်တိုလိုက်သည်။ ရုပ်လှတဲ့ မိန်းကလေးတွေများဒီလိုပဲလားမသိ။
ဟော ဟိုမှာ အစ်ကိုလေးကား ...
အစ်ကိုလေးစိတ်ပျက်ပြီး နောက်နေ့သူ့ဆိုင်မလာတော့ရင် သူ့ ဖောက်သည်တစ်ယောက်လျော့ တော့မှာပဲ။
စိုးရိမ်ပူပန်စွာ ကြည့်လိုက်စဉ် ကားထဲကအစ်ကိုလေးနဲ့အတူ အစ်မ ကြီးတစ်ယောက်...
တည်တည်ငြိမ်ငြိမ်နဲ့ရိုးရိုး ရှင်းရှင်းလှနေတဲ့အစ်မကြီးလက်ကို အစ်ကိုလေးကဆွဲထားသည်။
ဟာ ဒီလူတွေ..
ဘယ်လိုတွေလဲ..
ကိုယ့်မှာလည်း အတွဲကိုယ်စီ ရှိရဲ့နဲ့။
သူ့ရဲ့ကရုဏာစိတ်တွေခုန် ပေါက်ထွက်ပြေးသွားပြီး ဒေါသတွေ စုပြုံဝင်ရောက်လာသည်။
အစ်ကိုလေးကအရင်ကလို အစ်မလေးရပ်နေတဲ့ နေရာဆီ မကြည့်။ အစ်ကိုလေးရဲ့အစ်မကြီးက သာ၊ မသိမသာစွေကြည့်တာတွေ့ရ သည်။
ဂျာနယ်တွေလှန်လှောကြည့် နေတဲ့ အစ်ကိုလေးကို အရင်ကလို တောင် မပြုံးပြဖြစ်တော့...
ဟော ဟိုမှာ ဖယ်ရီလာပြီ။ အစ်မလေးက ဖယ်ရီပေါ်တက်သွား ပြီ။ လိုက်ပို့တဲ့အစ်ကိုကြီးလည်း လှည့်ပြန်သွားသည်။
"မောင် ညနေလာမကြိုနဲ့တော့ နော်။ မ အစည်းအဝေးရှိတယ်။ ညနေပိုင်းနည်းနည်းအေးလာပြီနော်။ ရေချိုးတာကြာမနေနဲ့ဦး။
အစ်မကြီးက ဂျာနယ်ဖိုးထုတ် ရှင်းနေတဲ့အစ်ကိုလေးကို မှာနေ သည်။
"အင်းပါ။ညမှ မောင်ဖုန်းဆက် လိုက်မယ်"
အစ်ကိုလေးကလည်း နူးညံ့ချို သာစွာ..၊ ဟင်း ခင်ဗျားတို့တွေ ကိုယ့်ချစ်သူတွေမှ အားမနာ။
ထွက်သွားပြီဖြစ်တဲ့ စုံတွဲရဲ့ နောက်ကျောကိုကြည့်ပြီးဒေါသတွေ ကို တံတွေးနဲ့အတူမျိုချလိုက်သည်။
"ပေးစမ်းပါဦးဟာ ငါ့ကို ရေ အေးအေးလေးတစ်ခွက်"
သူ့ဘေးက ရေခဲရေရောင်းတဲ့ မိနီဆီမှာရေလှမ်းတောင်းလိုက်သည်။
"ဒီလောက်ရာသီဥတုက အေး တဲ့ကြားထဲ ရော့ သိပ်မအေးတာ သောက် ကျုပ်ကတွန့်တိုလို့ မဟုတ် ဘူး။ တော်လည်ချောင်းနာ မှာစိုး လို့..။
မိနီက စေတနာဗရပွနဲ့ရေခဲ ရေတစ်ခွက်လှမ်းပေးသည်။
သြော်..ပြောဖို့မေ့နေလိုက် တာ။
မိနီလား...
မိနီက ကျွန်တော့်ရဲ့အိမ်သူ သက်ထားထက် ကျွန်တော့်အပေါ် နားလည်ဂရုစိုက်ပေးတဲ့ ကျွန်တော့် ရဲ့ ]ဟိုဟာ}ပေါ့။
___
အိုမာဆမ်

Tuesday 27 January 2009

တမ်းတမိတယ်

လေယာဉ်ပျံတွေ အသံကြားတိုင်း
ဘယ်တော့ ပြန်လာမလဲ မျှော်နေမိတယ်မေမေ။
ပြန်မလာချင်တော့တာကို
နားလည်ပါတယ်။
တခါတခါတော့ တမ်းတမိတယ်ဗျာ
မေမေမရှိတဲ့အရပ်က
ဘယ်လောက်ခြောက်သွေ.တယ်မှတ်လဲ
အလုပ်မှာလဲ တစ်ယောက်တည်း
အခန်းထဲပြန်ရောက်လဲ တစ်ယောက်တည်း
ထမင်းစားတော့လဲ တစ်ယောက်တည်း
နားရက်ရလဲ တစ်ယောက်တည်း
အိပ်တော့လဲ တစ်ယောက်တည်း။
မေမေသာရှိရင်
အလုပ်ထဲမှာ ရှိချိန်ဆို ဖုန်းတွေဆက်လို.
ထမင်းစားမယ်ဆို အဆင်သင့်
အခန်းလေးကလဲ ရှင်းလင်းလို.
အိပ်ရင်လဲ နွေးထွေးလို.ပေါ့။
လွမ်းတယ်မေမေရယ်။
တစ်ယောက်တည်း ဘယ်လိုဖြတ်ကျော်ရမှာလဲ
ပြန်လာခဲ့ပါလားကွယ်
.........

Friday 23 January 2009

ပန်းရောင်လေးများ

ကိုယ်က မိန်းကလေးမဆန်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ သူငယ်ချင်းတို. သိပြီးလောက်ပါပြီ။ မိန်းကလေးမဆန်ပေမယ့် ဘာလို.မှန်းမသိဘူး ပန်းရောင်တော့ တော်တော်ကြိုက်ပါတယ်။ လက်ကိုင်ဖုန်းဆိုလဲ ပန်းရောင်၊ ကွန်ပျူတာလေးကိုလဲ ပန်းရောင်၊ အိပ်ရာခင်းကိုလဲ ပန်းရောင်၊ ဦးထုပ်၊တီ၇ှပ်တွေလဲပန်းရောင်၊ နောက်ဆုံး ဘလော့လေးတောင် ပန်းရောင်ဖြစ်နေတာကြည့်ပါလား။
ရန်ကုန်မှာတုန်းကပေါ့ ကောင်မလေးက အမှတ်တရ လက်ပတ်နာရီလေးတွေ၊ ခေါက်ပိုက်ဆံအိတ်လေးတွေကို အပြာနဲ့ ပန်းရောင် ၂ခု အမြဲဝယ်လာတတ်တယ်။ သူမှန်းတာကတော့ ပန်းရောင်လေးက ကောင်မလေးဖြစ်တဲ့ သူ.အတွက်ပေါ့။ အပြာလေးကတော့ သူ.ကောင်ကလေး ကိုယ့်အတွက်ပေါ့နော်။ ကိုယ်ကတော့ အဲလိုဝယ်လာတိုင်း ပန်းရောင်ကို မရ ရအောင်လုတော့တာပေါ့။ နောက်ဆုံးတော့ သူကဘဲ အပြာရောင်သုံးလိုက်ရပြီး၊ ကိုယ်ကပန်းရောင် ရသွားတာပေါ့။ ဟဲဟဲ
ဟိုတလောကပေါ့ ပန်းရောင်နာမည်ပါတဲ့ ဂျီမေးလိပ်စာတခုက အင်ဗိုက်လုပ်တာနဲ့ ကိုယ်က ပန်းရောင်ခရေဇီဆိုတော့ accept ပြန်လုပ်ပေါ့။ ကောင်မလေးက အသက်၁၆နှစ်၊ စလုံးမှာကျောင်းတတ် နေတယ်တဲ့။ ချက်ရင်း ချက်ရင်း သူ.ဘက်ကစအီတာ။ ချက်ချင်းတောင် ကိုယ့်ကို ကိုကြီးတွေဘာတွေဖမ်းခေါ်သွားသေးတယ်။ ဒီတော့မှ မဟုတ်သေးပါဘူးလို.တွေးရင်း၊ နောက်နေ့တော့ သူငယ်ချင်းတွေဆီက Ip Address ရှာနည်းလေးတောင်းပြီး စစ်၊ ဟိုလှည့် ဒီလှည့်အစ်ကြည့်မှဘဲ ခွေးစုတ်တွေ၊ စလုံးရောက်နေတဲ့ သူငယ်ချင်းမတွေပေါ့။ ပေါင်းကြံကြတာ။ ရှက်လိုက်တာ။ ဟီးဟီး။
ပန်းရောင်ကြိုက်မိလို. သူငယ်ချင်းတွေကြားမှာ အရှက်ကွဲရပေမယ့်၊ ပန်းရောင်ကိုကြိုက်တုန်းပါဘဲ။ (အမှန်တော့လဲ သိပ်မရှက်လှပါဘူး။ စကတည်းက လူကပြောင်စပ်စပ်ဘဲဟာ။)

Thursday 22 January 2009

သူငယ်ချင်းဆိုတာ ဘာကြောင့်မရှိမဖြစ်လဲ။ နောက်ထပ် Forward mail တစ်ခုပါ



ရုပ်ပုံ၏ ဆိုလိုချက်
သူငယ်ချင်းဆိုတာ သင့်ကို အပေါ်ဆွဲတင်နိုင်ချင်မှ နိုင်ပါလိမ့်မယ်...
ဒါပေမဲ့
သင်အောက်ကို ပြုတ်မကျသွားဖို့ အတွက် ဘယ်လိုလုပ်ရလဲဆိုတာ စဉ်းစားပေးတယ်...

Email ထဲက Forward Mail လေးတစ်ခုပါ။ သူငယ်ချင်းတွေ အပျင်းပြေ ကစားကြည့်ဖို.ပေါ့

အခုဖော်ပြမယ့် အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက်
တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာအတ္တကျော်ရေးသားတင်ပြထား
တဲ့
အပျင်းပြေ(၂) ဆိုတဲ့ အမေးအဖြေလေးပါ။ စိတ်ပညာဆိုင်ရာ သဘောလေးတစ်ခုလို့ 
ပြောပါတယ်။ လူ့ စိတ်ကို စနစ်တကျစမ်းသပ်တာတစ်မျိုးလို့ ပြောနိုင်ပါတယ်တဲ့။
အပျင်းပြေလေးနဲ့  ပျော်စရာကောင်းလို့ ကျမသူငယ်ချင်းတစ်ယောက်က
ကျမကိုစမ်းသပ်မေးပါတယ်။ သူပြောတဲ့ အတိုင်းဘာမှ မသိပဲ လိုက်ဖြေကြည့်မိတယ်။
အဖြေတွေအား လုံးနီးပါးတိုက်တိုက်ဆိုင်မှန်
ကန်နေခဲ့ပါတယ်။ ဒီဟာလေးကိုသဘောကျလို
့ဂျာနယ်ရှာပြီး သိမ်းထားခဲ့တာပါ။ တစ်ခါတစ်ခါ မသိသေးတဲ့သူငယ်ချင်းတွေနဲ
့မေးစမ်းကြည့် တော့လဲ မှန်ပါတယ်။ မညာဖို့ နဲ့ သူများသိမှာစိုးရိမ်ရင်
တစ်ယောက်ထဲဖြေကြည့်နော်။
နံပါတ်စဉ်လေးတွေ ညွှန်းတာနဲ့ တစ်ချို့ ပြောချင်တာလေးတွေကိုနည်းနည်းပြင်ရေးထား
ပါတယ်။ ကျန်တာအားလုံးကတော့ အရင်းအတိုင်းပါပဲ။ သူငယ်ချင်းတွေကိုသတိရလို့ 
ပျော်ရအောင်ရည်ရွယ်ပြီး အင်း . . . အညောင်းခံပြီး၊ ပြန်ရိုက်လို
့တင်ပြလိုက်ပါတယ်နော်။
သူငယ်ချင်းတို့ ပြောတဲ့အတိုင်းလုပ်နော်။ လောလောဆယ်ဘောပင်နဲ့ စာရွက်သာ
အမြန်ယူထားလိုက်တော့။

* * * * * * * * * *
သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ပျော်တယ်လို့ 
စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို့ လိုမှာပါ။
ဒါပေမယ့် ပျော်စရာလေးပါ။
အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို့ ပါပဲ။
ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ့ လှည့်ဖျားမယ်ဆိုင်တော့
အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက်
နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန်ယူပြီးဒါလေးကို
စမ်းကြည့်ပါ။ ကောင်းကောင်းကြီးပျော်သွားရပါစေမယ်။

သည်စာကို ပို့ လိုက်တဲ့သူကပြောတယ်။ သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ
့ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ ဒါပေမယ့် မညာကြေး၊ မလိမ်ကြေးနော်. . .။

ပျော်စရာလည်းကောင်း ၊ အံ့သြစရာလည်းကောင်းတဲ့ အဖြေတွေပေါ်လာလိမ့်မယ်။

သည်နေရာကစပြီး တစ်ကြောင်းမှကျော်မဖတ်ပါနဲ့ ၊ သူ့ အစီအစဉ်အတိုင်းဖတ်ရင်း
လုပ်သွားပါ။

ကိုင်း . . . စလိုက်ကြရအောင်။

ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ့ မင်တံတစ်ချောင်းယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊
ခဲတံဖြစ်ဖြစ်ပေါ့။
ရေးလို့ ထင်ရင်ပြီးတာပဲနော့ ။

သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ့ တကယ်သိကျွမ်းနေတဲ့သူ၊ ရင်းနှီးတဲ့
သူတွေကိုသာရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ့ ပထမဆုံး
ပေါ်လာတာတွေကိုသာ ချရေးပါနော်။

ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။
လုံးဝကျော်မဖတ်နဲ့ ၊
ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။

စပါပြီ . . .

(က) ရှေ့ ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။
နံပါတ်စဉ်ထိုးတဲ့ သဘောပါ။
နမူနာ - 1
2
3
4
5
6
7
8
9
10
11
(ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)

(ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)

(ဃ) နံပါတ် 3 ဘေး နဲ့  နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန့် ကျင်ဘက်များရဲ
့နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊
မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက်နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊
မြန်မြန်လေး)

ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ့ နော်၊ ကျော်ဖတ်ရင်
အားလုံးလွဲကုန်ပါလိမ့်မယ်။
ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို့ ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။

(င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊
သူငယ်ချင်းထဲကဖြစ်ဖြစ်
ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။
(အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။

သတိပေးချင်ပါသေးတယ်။ အလိမ်နဲ့ ၊ မညာနဲ့ နော်။ လိမ်ညာမိရင်နောက်မှ
နောင်တရနေလိမ့်မယ်။

(စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ့  11 ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ
ခံစားမိသလို ဖျတ်ကနဲပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ့ )

(ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။

အားလုံးသေချာပြီဆိုရင်တော့အဖြေတွေကို ကြည့်လိုက်တော့နော်


အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို

နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ
သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း
တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို့ ပြောချင်တယ်
နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်)

နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ့ လား)

နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ
့သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။

နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊
အလေးပေးမိဆုံးပါတဲ့။

နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည်
သူပေပဲပေါ့။

နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။

နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ
့လိုက်ဖက်တဲ့ သီချင်းလေးပါ။

နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။

နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို
အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။

နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘ၀ခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။

* * * * * * * * * *

ကဲ သူငယ်ချင်းတို့ ရေ နည်းနည်းတော့ဆန်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အပျင်းပြေလေးနဲ့ ကျေနပ်မယ်ဆိုရင် ဒီစာလေးကိုပြန်ရိုက်ပြီးဖော်ပြရ
ကျိုးလေးနပ်ပြီ။ ကျေးဇူးတင်ပါတယ်။

Saturday 17 January 2009

အာရပ်မလေးတွေ


Shopping Centre သွားရင်း လက်ဆော့ထားတဲ့ ဓာတ်ပုံလေးပါ။ သူတို.၀တ်ထားတဲ့ ၀တ်စုံတွေနဲ့ Dubai နွေပူပူမှာသာ လမ်းလျောက်ရရင် အားပါး........တေမှာဘဲ။

Thursday 8 January 2009

ညဂျူတီ....... ကိုယ်အမုန်းဆုံး အလုပ်ချိန်ပါဘဲ။ Director ကအစတုန်းကတော့ မိန်းကလေး တစ်ယောက်တည်းမို.လို. မတောင်းဆိုရပါဘဲ သူကိုယ်တိုင်က အဲဒီအလုပ်ချိန်မှာ မထားဘူးလို.ပြောပါတယ်။ နောက်တော့လည်း ဘာကြောင့်မှန်းမသိ သူကိုယ်တိုင်ဘဲ ညဂျူတီမှာ တစ်လတိတိ အဆိုင်းချပါတယ်။ ပထမပိုင်းရက်တွေမှာကတည်းက အလုပ်မဆင်းချင်ပေမယ့် အတွေ.အကြုံသစ်ဘဲလေဆိုပြီး ပျော်အောင်နေကြည့်ပါတယ်။ ညဂျူတီရဲ့ အဓိကပြသနာကတော့ အလုပ်မရှိခြင်းပါဘဲ။ ကိုယ့်အလုပ်က ဧည့်သည်ခန်းထဲက Engineering နဲ့ပတ်သက်တဲ့ TV, Aircon, Sound Box,Minibar, Lighting system တွေကို maintainacne လုပ်ပေးနေရတာပါ။ ညမှာ ဧည့်သည်တွေကလည်း အိပ်ပြီဆိုတော့ ဘာအလုပ်မှမလာဘူး။ လာရင်လဲ ညအချိန်မို.လို. ဧည်သည်ခန်းထဲကို မိန်းကလေးတစ်ယောက်တည်း မကောင်းလို.ဆိုပြီး၊ မန်နေဂျာကပေးမသွားဘူး။ ကိုယ်တို.ရဲ့ ညအချိန်မှာ ကျန်သေးတဲ့ နောက်အလုပ်တစ်ခုကတော့ meter reading ဖတ်ခြင်းပါဘဲ။ ကိုယ်တို. ဟိုတယ်ရဲ့ hot water, cold water system အဓိကလည်ပတ်ရာ Chiller, boiler တွေရဲ့ အလုပ်လုပ်ပုံ မှန်မမှန်ကို အချိန်နဲ့အမျှ မှတ်တမ်းယူရပါတယ်။ အဲလိုမှတ်တမ်းယူရတဲ့ နေရာတွေကလည်း ဟိုတယ်တွင်းမှာတင်မဟုတ်ဘဲ အပြင်ဘက်မှာ၊ မြေအောက်ခန်းထဲမှာ၊ အစ၇ှိတဲ့ ခက်ခက်ခဲခဲနေရာတချို.ကို သွားရောက်မှတ်တမ်းတင်ရတာပါ။ အဲဒီနေရာတွေကိုလည်း ပထမဆုံး ညဂျူတီချိန်တွေမှာဘဲ ရောက်ဖူးတယ်ရှိအောင် တစ်ရက် နှစ်ရက် လိုက်ပြပြီး၊ မိန်းကလေးမို.လို. ကြောက်မှစိုးလို.ဆိုပြီး မလွှတ်ပါဘူး။ ဒီလိုနဲ့ ညဂျူတီဆင်းတဲ့ ရက်တွေမှာ ကိုယ်နဲ့ အတူတူတွဲလုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက်ကသာ တစ်ညလုံး ရှိသမျှအလုပ်တွေ အပြေးအလွှားလုပ်ပြီး၊ ကိုယ့်မှာတော့ လုပ်စရာဘာမှမရှိ။ ရုံးခန်းထဲမှာ အင်တာနက်လေးသုံးလိုက်၊ TV လေးကြည့်လိုက်နဲ့ပေါ့။ ကြာလာတော့ ပျင်းလာတယ်။ ပျင်းရာကနေ မုန်းလာတယ်။ ကိုယ်က ငယ်ငယ်လေးတည်းကနေ ဒီအချိန်ထိ ၁၅မိနစ်တောင် ငြိမ်ငြိမ်လေးနေဖူးတာမဟုတ်။ တစ်ညလုံးကြီး အလုပ်မ၇ှိဘဲ ငုတ်တုတ်ထိုင်နေရတဲ့ အလုပ်ကို ဘယ်လိုမှခံစားလို.မရဖြစ်လာတယ်။ မန်နေဂျာကလည်း သူကိုယ်တိုင် အလုပ်မခိုင်းဘဲထားတုန်းကထားပြီး၊ တစ်ခုခုဆို အလုပ်သိပ်မလုပ်ရတဲ့ ကိုယ့်ကို ပိုပြောချင်တယ်။ ကြာလာတော့ ပြသနာတွေဖြစ်ကြတယ်။ ကိုယ်လဲတောင်းဆိုတယ် ဧည့်သည်ခန်း အလုပ်လာ၇င်သွားမယ်။ Meter Reading သွားဖတ်မယ်လို.။ တချိန်လုံး ရုံးခန်းထဲမှာထိုင်ပြီး ပြသနာလာ၇ှာတာကိုမခံနိုင်ဘူးလို.။ သူကလည်း မလွှတ်နိုင်ဘူးဆိုပြီး၊ အခြေအတင်ဖြစ်ကြတယ်။ အမှန်တော့ စဉ်းစားကြည့်ရင် Director တောင်မှ ဒီအလုပ်တွေ လုပ်ရမယ်မှန်းသိရက်နဲ့ ယုံကြည်လို. ညဂျူတီကို အဆိုင်းချသေးတာဘဲလေ။ သူကဘာစိတ်ပူစရာရှိလဲ။ ၀န်ထမ်းတွေဘဲ ခိုင်းစရာရှိတာခိုင်းပေါ့။ နောက်ဆုံးတော့ ကိုယ်လဲ သူငယ်ချင်းနဲ့ တန်းတူ အလုပ်လုပ်ခွင့်ရလာပါတယ်။ တော်သေးတာပေါ့နော်။ သူငယ်ချင်းလုပ်တဲ့သူကတော့ ဆူပါသေးတယ်။ အေးအေးဆေးဆေး ရုံးခန်းထဲမှာနေတာမဟုတ်ဘူးတဲ့။ သူကတော့ တစ်ညလုံး ပင်ပန်းရတဲ့သူဆိုတော့ နားချင်မှာပေါ့လေ။ ကိုယ့်မှာတစ်ညလုံး အရမ်းအားနေပြီး အလုပ်ထဲမှာ လုပ်စရာမရှိတဲ့ အဖြစ်ကို နားလည်မပေးနိုင်ဘူးပေါ့။ အခုလောလောဆယ် ဒီလအတွက်တော့ မနက်ခင်း အလုပ်ချိန်ကို တလှည့်ပြန်ရောက်လို. အလုပ်တွေအရမ်းရှုပ်နေပါတယ်။ နောက်ဘယ်လမှာ ညဂျူတီပြန်ကျမလဲ ရင်တထိတ်ထိတ်နဲ့ မျှော်ရင်း......။

Wednesday 7 January 2009

ချစ်မိခဲ့သမျှ....(၉)

အင်း..နှစ်သစ်ကူးပြီးသွားကတည်းက စာမရေးဖြစ်တာတောင် အတော်ကြာသွားပေါ့။ စာကလည်း ရေးမယ်ရေးမယ်နဲ့ အင်တာနက်က ပျက်တာကတစ်မျိုး၊ ကွန်ပျူတာက ပျက်တာကတစ်မျိုးနဲ့ ဘာမှ ဟုတ်တိပတ်တိ မရေးဖြစ်။ ခုတော့ ဆက်လိုက်ဦးမယ် ကောင်မလေးတစ်ယောက်အကြောင်းပေါ့။
GTC စတတ်ခါစက အဖြစ်အပျက်လေးပါ။ အရင်ရေးတုန်းက သူ.အကြောင်းရေးဖို.မေ့နေလို.၊ အခုမှပြန်ရေးတာ။ အဲဒီမမက ကိုယ်တို.ကျောင်းမှာ Queenပေါ့။ ချောတာတော့ တော်တော်ချောတယ်။ ချောတော့ ကိုယ်ကလည်းကြိုက်တယ်လေ။ အဲဒီတုန်းက ကိုယ့်မှာသူငယ်ချင်းတစ်ယောက်ရှိတယ်။ ၀ါသနာတူ၊ စ၇ိုက်တူတွေပေါ့။ Queen မမတို.က သူငယ်ချင်း၃ယောက်ရှိတယ်။ သူတို.၃ယောက်မှာ ၂ယောက်က ဆိုင်ရာမေဂျာတွေက Queen တွေပေါ့။ ကျန်တဲ့အစ်မကတော့ ခင်ဖို.အရမ်းကောင်းတဲ့ မျက်နှာမျိုးပိုင်ရှင်ပေါ့။ ကိုယ်တို.၂ကောင်ကလည်း ထုံးစံအတိုင်း Queen မမ၂ယောက်ကို ကြိုက်ကြတာပေါ့လေ။ သူကတော့ Chemical Queen ကိုကြိုက်တယ်၊ ကိုယ်က Civil Queen ပေါ့။ Chemical Queen မမက သဘောကောင်းချင်ပေမယ့် Civil မမက တော်တော်ရုပ်တည်တယ်။ ကိုယ်တို.စပြီးသွားကြောင်ခါစကဆို အဲဒီ Civil မမက ယောကျာ်းလေးထင်ပြီး ကောလွှတ်တာ။ ကျောင်းမှာလဲ သူ.ကိုလိုက်တဲ့ အစ်ကိုကြီးတွေဆို ထီးနဲ့ရိုက်လွှတ်တာတွေ ဘာတွေလုပ်ဖူးတယ်ဆိုပြီး နာမည်ကကြီးသေးတယ်။ ကိုယ်တို.၂ကောင်ကလည်း ကြိုက်မိပြီ ဆိုမှတော့ ရအောင်လိုက်တာပေါ့။ ဟိုကောင်က အခြေအနေတွေကောင်းခါနီးနေပြီ၊ ကိုယ့်မှာက အဝေးကနေ လှမ်းပြုံးပြရတဲ့ အဆင့်ဘဲရှိသေးတယ်။ ဟိုကောင်ကလဲ အခြေအနေကောင်းတယ်သာပြောရတာပါ၊ Civil မမရှိနေရင် သူလဲ သူ.မမနားကို မကပ်ရဲဘူးပေါ့။
ဒီလိုနဲ့ သင်္ကြန်ရောက်လာရော။ ကိုယ့်ဦးလေးရဲ့ တီးဝိုင်းက စကော့ဈေးမဏ္ဍပ်မှာ ဆိုတော့၊ အဲဒီကိုသွားလည်တုန်း ကိုယ်တို.ရဲ့ မမများနဲ့တွေ.ပါလေရော။ ဘယ်လောက်တောင် ချစ်ခင်ပုံရလဲဆိုရင် ကိုယ်တို.ကို မြင်တာနဲ့ ချာကနဲလှည့်သွားတာ ပြန်တောင်လှည့်မကြည့်ဘူး။ ကံကောင်းချင်တော့ ဦးလေးက သူ.ဘေးနားက ခုံမှာနေရာချပေးတယ်။ ရင်တွေတောင် တဒိန်းဒိန်းနဲ့ ခုန်နေတာပေါ့။ သူကတော့ တစ်ခုခုလာနှောင့်ယှက်ရင် အဆင်သင့်ပြင်ထားတယ်ဆိုတဲ့ ရုပ်မျိုးနဲ့ပေါ့။ ကံဆိုးချင်တော့ ဦးလေးကရောက်လာပြီး၊ မိတ်ဆက်ပေးတယ်။ အမျိုးတွေလည်းမဆုံရတာကြာပြီတဲ့၊ ကလေးတွေတောင် တစ်ယောက်နဲ့ တစ်ယောက်မမှတ်မိကြတော့ဘူးတဲ့ ဆိုပြီးမိတ်ဆက်ပေးတာ၊ သူကကိုယ့်အစ်မ၀မ်းကွဲ ဖြစ်နေတယ်။ ဦးလေးက ဒါသမီးအစ်မ၊ တစ်ကျောင်းတည်းတူတူမို.လား၊ အစ်မစကားနားထောင်နော် ဘာညာနဲ့လေ၊ အဲဒီကတောင်ထွက်ပြေးချင်တယ်၊ (မျက်နှာပူလို.လေ) ဟီး... ရှက်လိုက်တာ။ ကိုယ့်အစ်မတောင် ကိုယ်ပြန်ဖွန်ကြောင်မိတယ်။
သင်္ကြန်ပြီးလို. ကျောင်းလဲဖွင့်ရော၊ ကိုယ့်အစ်မမှန်းသိသွားတော့ ရင်ခုန်မိတာတွေတောင် ဘယ်ရောက်သွားမှန်း မသိပါဘူး။ နောက်တော့လဲ သူတို.၃ယောက်နဲ့ အ၇မ်းခင်သွားလိုက်တာ တကယ့်ကိုယ့်အစ်မတွေ ဖြစ်သွားတော့တာပါဘဲ။ သူကပြောသေးတယ်၊ ဦးလေးသာမိတ်ဆက်မပေးဘဲ သင်္ကြန်အပြီး ကျောင်းပြန်ဖွင့်တဲ့ အထိမှ ဆက်နှောင့်ယှက်နေသေးရင် ထမင်းချိုင့်နဲ့ ဆော်တော့မလို.ဆိုဘဲ။ ဘုရား....ဘုရား..... .ကံကောင်းလို.နော်။ အဟဲ....