Monday 2 February 2009

ဖြစ်နိုင်ရင်လေ.....

ဖြစ်နိုင်ရင်လေ.....
အရင်ကလို နင့်ခေါင်းလေးကို
ငါ့ရင်ခွင်ထဲဖွဖွဆွဲသွင်းလို.
အချစ်အကြောင်း၊ ဘ၀အကြောင်းတွေ
မဆုံးတမ်းစကားတွေပြောချင်တယ်။
ဖြစ်နိုင်ရင်လေ.....
အရင်ကလို Moon Bakeryမှာ
ငါတို.ကြိုက်တဲ့ Ladna တူတူစားရင်း
အင်းယားကန်ဘောင်ကို ငေးတတ်တဲ့
နင့်မျက်နှာနုနုလေးကို
ထိုင်ဖတ်ချင်တယ်။
ဖြစ်နိုင်ရင်လေ.....
အရင်ကလို တီတီတာတာပြောတတ်တဲ့
နင့်စကားသံလေးတွေ နားထောင်ရင်း
နင့်ဆံနွယ်တွေကို
ရှိုက်နမ်းချင်တယ်။
ဖြစ်နိုင်ရင်လေ.....
နင့်နားကို ငါပြန်လာချင်တယ်။

1 comment:

Anonymous said...

ဖြစ်နိုင်ရင်လေ..... ဘာတွေလုပ်မနေနဲ့... ပြန်လာမှာသာလာခဲ့..... (PS:ကိုယ်စားပြောပေးတာပါ)... ဟီဟိ