Tuesday 26 August 2008

Abu Dhabi

UAE ကို သိထားသလောက်ကတော့ မြို.ခုနစ်မြို.ပါဝင်ထားပါတယ်။ Abu Dhabi မြို.ဆိုတာကတော့ UAE နိုင်ငံရဲ့ မြို.တော်ပါ။ မြန်မာပြည်ကတော်တော်များများကတော့ Dubai ကိုဘဲ လူသိများမယ်ထင်ပါတယ်။ အမှန်တော့Dubai က စီးပွားရေးဇုံပေါ့။ Dubai ကရန်ကုန်နဲ့တူပြီး၊ Abu Dhabi ကတော့ မန်းတလေးနဲ့တူပါတယ်။ Abu Dhabi မြို.မှာ UAE နိုင်ငံရဲ့ ယဉ်ကျေးမှုလက်ရာတွေ၊ အနုပညာတွေနဲ့ စည်းကမ်းတင်းကျပ်မှုတွေ ပိုများပါတယ်။ Dubai ကတော့ အလွန်တိုးတက်တဲ့ မြို.ပါ။ တကယ်. ရုပ်ရှင်တွေထဲက နိုင်ငံခြားဖြစ်ပါတယ်။ Abu Dhabi ကတော့ သစ်ပင်လေးတွေ စိမ်းစိမ်းလန်းလန်းနဲ့၊ ရန်ကုန်မြို.က ဆိတ်ငြိမ်ရပ်ကွက်နဲ့တူပါတယ်။

Monday 25 August 2008

Shopping Mall များ





Visit လာတယ်ဆိုတော့ ထုံးစံအတိုင်း Shopping စထွက်တာပေါ့။ ရောက်ရောက်ချင်းနောက်တစ်နေ့မှာဘဲ အစ်မလတ်က မြို.ထဲက Abu Dhabi Mall ကိုခေါ်သွားပါတယ်။ အားပါး လှလိုက်တာ။ အကျယ်ကြီးဘဲ။ နာမည်ကြီးတံဆိပ်တွေေ၇ာင်းတဲ့ ဆိုင်တွေကလည်းအပြည့်၊ ဈေးတွေကလည်းကြီးလိုက်တာလွန်ရော။ အစ်မလတ်ကတော့ ဘာယူမလဲ မေးရှာပါတယ်။ ဘာကိုင်ကိုင် ၁၀၀ ကျပ်လောက်ကနေစနေတော့ မြန်မာငွေနဲ့တွက်ရင်ဘဲ ၃၅၀၀၀ ကျော်နေပါပြီ။ ကိုယ်ကလဲ တောကရောက်ကာစဆိုတော့ ဟိုဟာမြင်လိုချင်လိုက် ဈေးကြီးလို.ချထားလိုက်နဲ့ပေါ့။ နောက်ဆုံးတော့လည်း ရန်ကုန်အကျင့်မပျောက်သေးတော့ Hang Ten ကိုဘဲ ၀ယ်ခဲ့ရပါတယ်။ discount ချထားတာတောင် ဘောင်းဘီတစ်ထည်ကို ၁၆၀ကျော်ပေးခဲ့ရပါတယ်။ Brand ကတော့ အစစ်တွေတဲ့။ ရန်ကုန်မှာလဲ hang ten ကတော့ အစစ်ရပါတယ်။
တကယ်တမ်းသေချာလည်ပတ်ကြည့်လိုက်တော့ Abu Dhabi မြို.ဟာ ကျဉ်းကျဉ်းလေးပါ။ ရန်ကုန်လိုဘဲ ပင်မလမ်းကြီး၎လမ်းနဲ့ ဆက်သွယ်ထားပါတယ်။ အဓိက Shopping Centre ကြီး၃ခုဘဲရှိပါတယ်။ Abu Dhabi Mall, Alwada Mall and Marina Mall တို.ဖြစ်ပါတယ်။ အားလုံးထဲမှာ အကြီးဆုံးနဲ့ အလှဆုံးက Marina Mall ပါ။ ဈေးဝယ်လို.အကောင်းဆုံးလို. ကိုယ်တို.မိသားစုမှ သတ်မှတ်ဖြစ်တာကတော့ Alwada Mallပေါ့။ ဒီမြို.က Shopping Centre တွေက Dubai နဲ့ ယှဉ်ရင်တော့ ကစားစရာသာသာဘဲ ရှိပါတယ်။ Dubai ထက်သူ.မှာ သာတဲ့အချက်ကတော့ သစ်ပင်စိမ်းစိမ်းလန်းလန်း မြင်နိုင်တာနဲ့၊ အိမ်လေးတွေ ရပ်ကွက်လေးတွေဟာ၊ ရန်ကုန်မြို.ရဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။

Sunday 24 August 2008

UAE ရဲ. Etisalat

UAE မှာ အဓိက အသုံပြုတဲ့ ဆက်သွယ်ရေးလိုင်းက Etisalat ဖြစ်ပါတယ်။ ကိုယ်တိုင်လဲ အဲဒီဖုန်းလိုင်းကိုဘဲဝယ်သုံးပါတယ်။ နောက်တစ်မျိုးကတော့ Du ဖြစ်ပါတယ်။ Du ကလူသုံးနည်းတော့ တစ်ချို.နေရာတွေမှာ လိုင်းမမိပါဘူး။ Etisalat sim card က တစ်ကဒ်ကို 160 Dhs ပေးရပါတယ်။ visa and passport copy ပေးရပါတယ်။ visa က အမှားအယွင်းရှိရင် မရောင်းပါဘူး။ UAE ငွေကို Dhs or AED နဲ့ ပြပါတယ်။ Dhs and AED က အတူတူပါဘဲ။ ဘာကွာလဲတော့သေချာမသိပါ။ သိတာကတော့ 1USD = 3.6 Dhs ပါ။ မြန်မာငွေနဲ့ဆို 1Dhs ကို ၃၅၀ကျပ်လောက်ခန့်မှန်းချေရှိပါတယ်။ Du ကဒ်ကတော့ handset တစ်လုံးဝယ်ရင် handset ကျသင့်ငွေထက်1Dhsပိုပေးရင် ၀ယ်လို.ရနိုင်ပါပြီ။ Sim card ၀ယ်ပြီးတော့ ဖုန်းဆက်ဖို. phone credit card ၀ယ်ရပါတယ်။ အဲဒါကတော့ တစ်ကဒ်ကို ၂၅ကျပ် (ယခုမှစပြီး၊ Dhs ကို ကျပ်ဟုသုံးပါမည်။) နဲ့ ၄၀ကျပ်၊ ၁၀၀၊၂၀၀၊၅၀၀ ကျပ်တွေထိရှိပါတယ်။ ၁မိနစ်ပြောလျှင် ပြား၃၀ ကုန်ပါသည်။ ကိုယ်.လို hand phone ရူးကတော့ တစ်နေ့ကို ၅ကျပ်လောက်ထိပါတယ်။ ရန်ကုန်မှာ ကောင်းကောင်းမသုံးရတော့၊ အားနေဖုန်းကိုဘဲ ဆက်ချင်နေလို.ပါ။

(ဘန်ကောက်-ဒူဘိုင်း-အဘူဒါဘီ)

သြော်...အရှေ.မှာမေ့ခဲ့လို.၊ ရန်ကုန်လေဆိပ်က ထွက်ခါနီးမှာ၊ ဆရာတစ်ယောက်နဲ့တွေ.လို. သူ့အကူအညီနဲ့ ချောချောမွေ.မွေ.ဘဲ Bangkok လေဆိပ်ကိုရောက်ခဲ့ရပါတယ်။ Bangkok လေဆိပ်ရောက်ပြီဆိုတော့ အစကတည်းသူများတွေသွားတဲ့နောက်လိုက်ရမှာဖြစ်ပေမယ်.၊ နိုင်ငံခြားခဏခဏရောက်ဖူးတဲ့ ဆရာနဲ့ တွေ.တော့ ဆရာကဘဲ ဆက်ကူညီပေးပါတယ်။ Passport counter ကိုသွားပြီး လေယာဉ်လက်မှတ်Change ရပါတယ်။ လေယာဉ်လက်မှတ် Change တဲ့အခါမှာလဲ နဲနဲကြာတာပေါ့။ နောက်ဆုံးတော့ရခဲ့ပါတယ်။ အကြောင်းကတော့ Dubai လိုမြို.ကို သားအမိ၂ယောက် visit နဲ.ထွက်တာဆိုတော့ မယုံသင်္ကာဖြစ်ကြတာပါ။ များသောအားဖြင့် ဒီနိုင်ငံမျိုးကို အလုပ်နဲ့ ထွက်ကြတာများပါတယ်။ ကိုယ်ကိုယ်တိုင်လဲ အမှန်တိုင်းဆိုရင် အလုပ်သွားရှာတာပါ။ သားအမိ၂ယောက်တည်းဆိုတော့ အမေ့ကိုချန်ထားခဲ့လို.မရတော့ ခေါ်ခဲ့ရတာပေါ့။ အစ်မ၂ယောက်က ဟိုမှာ အခြေကျပြီးသားမို.လို.လဲ ပါတာပေါ့။
ဒီလိုနဲ့ လေယာဉ်ပြောင်းစီးရမယ့် ဂိတ်နားမှာဘဲ ဂိတ်မဖွင့်မချင်း သားအမိ၂ယောက် ယောင်လည်လည်လုပ်နေရပါတယ်။ တစ်လမ်းလုံး အကူအညီပေးခဲ့တဲ့ ဆရာကလဲ မလေးရှားလိုင်းပြောင်းစီးဖို. သူနဲ့သက်ဆိုင်ရာ ဂိတ်ကိုသွားပါတယ်။
လေယာဉ်ထွက်ချိန်ထက် တစ်နာ၇ီစောပြီး ဂိတ်ကိုစဖွင့်ပါတယ်။ အမေကတော့ Immigration ကသူ.ဆွဲကြိုးကိုထပ်ရစ်မှာစိုးလို. ဘုရားစာတွေရွတ်ပြီး၊ ရင်တွေပူနေပါတယ်။ တကယ်တမ်း Immigration ဖြတ်တဲ့အခါမှာတော့ သူ.ဆွဲကြိုးကို ယောင်လို.တောင်မကြည့်ပါဘူး၊ သူတို.စစ်တာက ဗုံးနဲ့ မူယစ်ဆေးဝါးကိုသာ အဓိက စစ်ပါတယ်။ ရတနာတွေသီးနေအောင်ဝတ်ထားလဲ စိတ်မ၀င်စားပါဘူး။ကိုယ်တောင် Hand Phone ကအသံမြည်လို. ၂ခါပြန်အစစ်ခံခဲ့ရသေးတယ်။ သတိထားစရာတစ်ခုကတော့ အရည်ဆို သောက်ရေတောင်ပေးမသယ်ပါဘူး။ ရေမွှေးတွေဘာတွေကိုလည်း ၀.၁၅လီတာထက်လားမသိဘူး ပိုရင်ပေးမသယ်တော့ဘူး။ ကိုယ်ကတော့ ရေမွှေးမပြောနဲ့ Cosmetic ဆိုလို. Roll On တစ်ဗူးဘဲပါပါတယ်။
ပြီးတော့လဲ လေယာဉ်ပေါ်ပြန်ရောက်ခဲ့ပါတော့တယ်။ ဒီတစ်ခေါက်လေယာဉ်ပေါ်မှာကတော့ အကြာကြီးဘဲ စီးရပါတယ်။ သားအမိ၂ယောက် အိပ်လိုက်ကြ၊ စကားပြောလိုက်ကြ၊ အောက်ကတိမ်တွေကို ငေးကြည့်လိုက်ကြနဲ့ပေါ့။ ညမိုးချုပ်မှဘဲ Dubai လေဆိပ်ကိုရောက်ပါတယ်။ Dubai ကိုလေယာဉ်စ၀င်ဝင်ချင်း အမေအော်တာကတော့ " ဟိုမှာကြည့်စမ်း၊ နေပြည်တော်ကျနေတာဘဲ၊ မီးတွေလင်းထိန်နေတာဘဲတဲ့" ။ တကယ်ပါဘဲလေ ကိုယ်တို.ဆီမှာကလဲ မီးတွေထိန်ထိန်လင်းနေတာ နေပြည်တော်ဘဲရှိတာကိုး။ ဟားဟ
Dubai လေဆိပ်ကိုရောက်တော့ Hand Phone ကိုဖွင့်၇တော့တာပေါ့။ အမှန်တော့ Hand Phone က Bangkok မှာကတည်းက message စပို.လို.ရနေပါပြီ။ UAE က Sim card ကိုအသုံးပြုပါတယ်။ အစ်မတွေ အလည်ပြန်လာတုန်းကတည်းက လေဆိပ်မှာ ဆက်သွယ်လို.၇အောင် ယူထားရတာပါ။
အစ်မလတ်က ဖုန်းလှမ်းဆက်ပြီး သူအပြင်မှာစောင့်နေတဲ့ အကြောင်းကိုပြောပါတယ်။ ကိုယ်တို.လဲ အားရှိသွားတာပေါ့။ ဒါနဲ့ လုပ်စရာ၇ှိတဲ့ Visa Counter မှာ တန်းစီကြရပါတယ်။ တန်းစီပြီး ၀င်တဲ့နေရာမှာလဲ ကိုယ့် passport ကိုယ်ကိုင်ပြီး၊ တစ်ယောက်ချင်းစီသာဝင်ရပါတယ်။ အဲဒီအခါမှာ အမေ့အတွက်စိတ်ပူရပါတယ်။ အမေက english စကားကို ရေရေလည်လည်ပြောနိုင်သူ မဟုတ်လို.ပါ။ ဟိုက မေးတဲ့ အခါ ပြန်မဖြေနိုင်မှာစိုးလို.လေ။ အမေ့ ဘုရားစာအစွမ်းကြောင့်ထင်တယ်၊ ကိုယ်တို.အလှည့်လဲ ရောက်ရော ခပ်တည်တည်နဲ့ ၂ယောက်အတူတူဝင်သွားကြတာ၊ ဘာမှမဖြစ်ပါဘူး။ English မပြောနိုင်မှာစိုးလို. စိတ်ပူရတဲ့ အမေက သူဘဲရှေ.ကနေ ပြောဆိုပြီး လုပ်ကိုင်သွားလုက်တာ၊ ကိုယ်ပါးစပ်ဟစရာတောင် မလိုလိုက်ပါဘူး။ ပြီးမှအမေက ပြောတယ်၊ ငါလဲ မသိဘူး ပြောရင်းပြောရင်းနဲ့ သွက်သွားတာတဲ့။ ဘာဘဲဖြစ်ဖြစ် သိပ်တော်တဲ့ အမေပါ။ ကိုယ့်ထက် အများကြီးရဲရင့်ပါတယ်။
ပြသနာတကယ်တတ်တာကတော့ Lagguage ရွေးတဲ့ ဌာနမှာပါ။ ကိုယ်တို. အိတ်တစ်လုံးပါမလာလို.၊ အကြာကြီးထိုင်စောင့်ရပါတယ်။ နောက်ဆုံး Thai airways ကလေယာဉ်မယ်လေးတွေတွေ.တာနဲ့ သူတို.ကို အကူအညီတောင်းပြီး ရှာခိုင်းရပါတယ်။ သူတို. သက်ဆိုင်ရာဌာနကို ဆက်သွယ်ပြီးတော့မှဘဲ အိတ်ကိုရပါတော့တယ်။ အိတ်ကရတော့လဲ ပြန်သုံးမရလောက်အောင် စုတ်ပြတ်နေပါပြီ။ ဆီတွေစွန်းပြီး၊ ချုပ်ရိုးတွေလဲ ပြဲလို.ပါ။ အိမ်ရောက်အောင်မနည်းသယ်ရပါတယ်။
ီDubai ကနေ Abu Dhabi သွားဖို.ကိုတော့ အစ်မအလတ်က Taxi စင်းလုံးငှားလာပေးပါတယ်။ ပြီးမှ သူ.ကို ဈေးမေးကြည့်တော့ အားပါးပါး ဒေါ်လာ ၂၀၀နီးပါးကျတယ်ပြောပါတယ်။ အခုမှ နိုင်ငံခြားကို Visit လာတဲ့ ကိုယ်တော့ တော်တော်အားငယ်သွားပါတယ်။ ဗိုက်ဆာတယ်ပြောတော့ အစ်မက ဓာတ်ဆီဆိုင်မှာ ကားကိုရပ်ခိုင်းပြီး၊ အာလူးကြော်ဗူး၊ အအေးတွေကို ၀ယ်လာပေးပါတယ်။ သူတို.ဆီမှာဓာတ်ဆီဆိုင်မှာ ဆီဖြည့်ရင်း၊ hamburger, hotedog ၀ယ်စားလို.ရသလို၊ အလွယ်တကူ Snack တွေ၊ facny ပစည်းလေးတွေ၊ tissue, soft drink, သာမက phone card တွေပါဝယ်လို.ရတဲ့ ဆိုင်လေးတွေရှိပါတယ်။ တောသားမြို.ရောက်တော့လဲ အထူးအဆန်းပေါ့ဗျာ။ ဓာတ်ဆီဆိုင်ကလဲ ကား၃စီးလောက်တန်းစီနေ၇င်ကိုဘဲ သူတို.က ကြာတယ်ဆိုပြီး၊ ဆက်မစီဘူးဗျ။ နောက်တစ်ဆိုင်ပြောင်းတယ်။ တစ်ဆိုင်နဲ့ တစ်ဆိုင်ကလဲ ပလက်ဖောင်း ၃ခုစာလောက်ဘဲ ဝေးမယ်ထင်ပါတယ်။ ကိုယ်တို.နိုင်ငံမှာတော့ ၃စီးထဲ တန်းစီ နေတာတွေ.ရရင်တော့ ကံအလွန်ကောင်းလို.ဘဲ ဖြစ်မှာပါ။
မှတ်မိသလောက်ကတော့ Dubai ကနေ Abu Dhabi ကို တစ်နာရီခွဲ ကျော်ကျော်စီးရပါတယ်။ အစ်မကတော့ ဒါကဘယ်နေရာ၊ ဘာဟိုတယ်ကြီးတွေဆိုပြီးရှင်းပြပေမယ့် လူကအရမ်းပင်ပန်းနေတော့ အိပ်ချင်တဲ့ စိတ်ဘဲရှိပါတယ်။ အမေ့ကြည့်ရတာတော့ ပျော်နေပုံရပါတယ်။ မိသားစုလိုက် နိုင်ငံခြားမှာ ပြန်ဆုံရတယ်ဆိုတော့လည်း မိခင်တစ်ယောက်အနေနဲ့ ပျော်ရွှင်ဂုဏ်ယူနေပုံပါဘဲ။ ကိုယ်ကတော့ အစ်မတွေနဲ့ ယှဉ်လိုက်ရင် ဘာမှ အဖြစ်မရှိသေးတော. တော်တော်အားငယ်ရပါတယ်။
Abu Dhabi ရောက်တော့ အစ်မကြီး အိမ်မှာတည်းရပါတယ်။ အစ်မလတ်ကတော့ အခုမှ ရာထူးတတ်ခါစဖြစ်လို. Manager Housing မှာနေခွင့်မရသေးပါဘူး။ Supervisor Housing မှာဘဲနေရသေးတော့ အပြင်လူ သွားနေလို.မရသေးပါဘူး။

ပထမဆုံးနေ့ (ရန်ကုန်-ဘန်ကောက်)

ရန်ကုန်လေဆိပ်ကနေ (၁၆.၃.၂၀၀၈) မှာ စထွက်ခဲ့တယ်။ အမေနဲ့အတူ။ လေယာဉ်ကွင်းမှာ ဘုရားစာတွေရွတ်နေရတယ်။ နိုင်ငံခြားဆိုတာ တစ်ခါမှ မရောက်ဖူးကြဘူးလေ။ အမေဆိုပိုဆိုးတာပေါ့။ လေယာဉ်တောင်စီးဖူးရှာတာမဟုတ်ဘူး။ ဘန်ကောက်လေဆိပ်မှာ အပေါက်မှားထွက်မိမှာစိုးတာ၊ Immigration ကရစ်မှာ၊ နောက်လေယာဉ်ပြောင်းစီးဖို. ခက်မှာတွေတွေးကြရင်းချွေးတွေစို.နေကြတာပေါ့။
ပြသနာက စမယ့်စတော့ ရန်ကုန်လေဆိပ်မှာ စတယ်။ ထုံးစံအတိုင်း Immigration ပေါ့။ အမေရွှေဆွဲကြိုးဆွဲလာတာကို ရစ်တာ။အမေ့ခမျာ မျက်နှာလေးငယ်ပြီး၊ ကြောက်နေရှာတာ။ တောင်းပန်လို.လဲမရ၊ ချွတ်ထားခဲ့ရအောင်လဲ၊ အိမ်မှာကျန်ခဲ့တဲ့လူကမရှိ။ (ရှိတာမှ တစ်အိမ်လုံးမှာ သားအမိ၂ယောက်ဘဲကျန်တာ) အဲဒီတော့ ကိုယ့်ရှိသမျှစည်းစိမ်လေးတွေ အကုန်သယ်လာရတာပေါ့။ နောက်ဆုံးတော့လဲ အာရကေနဲနဲပေးလိုက်တော့ သူတို.တားနေတာမဟုတ်သလိုဘဲ။ ဒီလိုနဲ့ဘဲ လေယာဉ်ပေါ်ရောက်ခဲ့ကြတယ်။ Thai Airways လေယာဉ်ပျံကြီးက အကြီးကြီးဘဲ။ ခါတိုင်းပြည်တွင်းခရီးသွားရင်စီးဖူးတဲ့ Air Bagan လေယာဉ်နဲ့ကတော့ တခြားစီ။ လေယာဉ်မယ်တွေအရမ်းချောတယ်ဆိုလို. လေ့လာကြည့်တော့ ဒီလိုတွေပါဘဲ။ သိပ်ကြီးမချောလှပါဘူး။ ယဉ်ယဉ်လေးတွေပါဘဲ။ ထူးခြားတာကတော့ အများစုက ဆိုက်တူ၊ အရပ်တူလေးတွေပါဘဲ။ ယိုးဒယားမလေးတွေက မြန်မာမလေးတွေနဲ့ တော်တော်ဆင်ပါတယ်။
လေယာဉ်ပေါ်မှာ အမေကတော့ သဘောတွေကျနေပါတယ်။ အမေ့ကို လေယာဉ်မူးမှာစိုးလို. ရှူဆေးတွေထုတ်ပေးခဲ့တာတောင်၊ Dubai ရောက်တဲ့ထိ မသုံးဖြစ်ပါဘူး။ သမီးကြီး ၂ယောက်နဲ့ တွေ.ရတော့မယ်ဆိုတဲ့ ဇောကြောင့်လဲ ဖြစ်မှာပေါ့လေ။ ကိုယ်ကတော့ ရန်ကုန်မှာ ကျန်ခဲ့တဲ့ ချစ်သူကို လွမ်းရင် ပါလာတာပေါ့လေ။ ဟိုရောက်ရင် အလုပ်လုပ်ရမှာလား၊ ပြန်လာရမှာလားလဲ တွေးရင်းပေါ့။