Wednesday 31 December 2008

Happy New Year 2009

Everybody Happy New Year 2009!
I hope all will be really happy.
Next day, i'll send my hotel new year celebration photos.

Tuesday 30 December 2008

ကောင်မလေးများနဲ့ အနော် (စိတ်ကူးယဉ်မယ်)

ဖယ်ရီကားပေါ်က ဆင်းလိုက်တာနဲ့၊ ခေတ်မီဆံပင်ပုံစံမျိုးစုံ၊ မိတ်ကပ်ရောင်စုံ၊ Branded အ၀တ်အစားမျိုးစုံကို ၀တ်ထားကြတဲ့ ကောင်မလေးတွေက ဘေးနားမှာဝိုင်းအုံလို.ပေါ့။ တချို.ကျတော့လည်း ဖြူသွယ်သွယ်လေး၊ တချို.ကတော့လည်း ညိုလျလျနဲ့၊ တချို.လေးတွေက ကြေးနီရောင်လေးတွေသန်းလို. International Model မလေးတွေလေ။ ကိုယ့်မျက်နှာ တစ်၇က်မှ မမြင်ရရင် ချက်ချင်းအဖျားတတ်ပြီး၊ ဆေးရုံရောက်သွားတော့မယ့် သူမျိုးလဲပါရဲ့၊ ကိုယ့်အပြုံးတစ်ချက်ကို လက်ခံရရှိရင် သေပျော်ပါပြီဆိုတဲ့ ကောင်မလေးတွေကလည်း မရှား၊ ကိုယ်က မင်္ဂလာပါလို. နှုတ်ဆက်တာကိုတောင် ထူးဆန်းသာယာတဲ့ ဂီတသံလေးထွက်ပါတယ်ဆိုပြီး၊ အလုအယက်ဝိုင်းအုံ နားထောင်နေကြတာ ဒီကောင်မလေးတွေရဲ့အကျင့်ပေါ့။
ကိုယ့်မှာတော့ တစ်နေ့တစ်နေ့ အလုပ်ထဲမှာ ပင်ပန်းရတဲ့အထဲ ပြန်လာတဲ့အချိန် နားနားနေနေလေး ဖြစ်ချင်တာပေါ့။ ဒါပေမယ့် မရပါဘူး၊ လူကိုယ်တိုင်တစ်မျိုး၊ ဖုန်းဆက်ပြီးတစ်မျိုး၊ အင်တာနက်ကတစ်မျိုးပေါ့။ ကိုယ်လဲ သူတို.ကို လျစ်လျူရှုပြီး နေချင်ပေမယ့် စိတ်ကအားနာတတ်တော့လဲ အလိုလိုက်နေရတာပေါ့။ ကိုယ့်မျက်နှာတစ်ရက် မမြင်ရရင် လဲသေသွားနိုင်တဲ့ သူမျိုးကလည်း ပါတယ်မို.လား။ (တော်ကြာ အမှုပတ်မှာ ကြောက်ရတယ်လေ)။ အခုလဲ လာပြန်ပြီ ၀န်ထမ်းအသစ်ကောင်မလေးတွေ၊ သေချာပါတယ် သူတို.လည်း နောက် နာရီဝက်လောက်ဆို ကိုယ့်အကြောင်းကြားပြီးတာနဲ့ လာမိတ်ဆက်ကြဦးမယ်။ သူတို.က မိတ်ဆက်တာအရေးမကြီးဘူး၊ ကိုယ့်မန်နေဂျာမမကြီးက အလုပ်ချိန်ဆို သူနဲ့ကလွဲရင် ကျန်မိန်းကလေးတွေနဲ့ စကားပြောတာဆိုနည်းနည်းမှ မကြိုက်။ အင်းပေါ့လေ သူကလည်း အလုပ်ချိန်အတွင်းမှာ သူတစ်ဦးတည်း ပိုင်ရတာဆိုပြီး မာန်နည်းနည်းတတ်နေမှာပေါ့။
အလုပ်သွားချိန်ဆိုရင်လည်း ကောင်မလေးတွေ မရှိလောက်တဲ့အချိန် ရွေးပြီး သွားတာတောင်မှ အနည်းဆုံး ၁၅ယောက်လောက်ကတော့ စောင့်မြဲစောင့်လျက်ဘဲ။ ကိုယ့်လောက်မှ မစွံတဲ့ကောင်တွေကလည်း အံတကြိတ်ကြိတ်၊ ဓားတပြင်ပြင်ပေါ့။ ဒါကလည်း အခက်အခဲမရှိပါဘူး၊ ကိုယ့်ကို နည်းနည်းလောက်ထိတာနဲ့ ကောင်မလေးတွေနဲ့ သူတို. စကြာဝဋာမကျေဘူးဖြစ်သွားမယ်လေ။ ကိုယ့်အတွက်ဆို အသက်ပင်သေသေ ဆိုတာလေးတွေကလည်း နည်းတာမှ မဟုတ်တာ။
ဒီလိုနဲ့ဘဲ စိတ်ကူးတွေယဉ်ကြည့်လိုက်တာ ဖယ်ရီပေါ်ကအဆင်း အဆောင်ပေါ်ရောက်တဲ့အထိ မြင်မြင်သမျှကောင်မလေးတွေကို ငေးမောလျက် ခလုတ်တိုက်မိတာတောင် ဘယ်ကောင်မလေးမှ ပြန်လှည့်မကြည့်။ အဟင့် (အားငယ်လိုက်တာ၊ အမှန်တရားတွေကိုပြောရတာ)
ထနောင်းတစ်ကောင် သိပ်နှိပ်စက်တာဘဲ၊ မစွံမှန်းတိရဲ့တားနဲ့၊ စိတ်ကူးယဉ်ဆိုတော့ စွတ်ယဉ်ပစ်လိုက်တာပေါ့။

ကျန်တဲ့ သူငယ်ချင်းများ စိတ်ကူးယဉ်ကြဖို. အတွက်ဆက်ပြီးTag မယ်။

ဇော်ဖြိုးဝေ
ဇာလီ (zzshare)
ကိုဆူး (သစ်နက်ဆူး)
မဆောင်း (ဆောင်းဦး)
ဆရာမဒေါ်မေငြိမ်း
မနိုင်းနိုင်းစနေ

Saturday 27 December 2008

နိုင်ငံခြားက ဆေးရုံ

December 18ရက် မနက်ခင်း၆း၃၀လောက်မှာပေါ့၊ မနက်စာစားဖို. ကျန်သေးတဲ့အလုပ်တချို. လက်စဖြတ်နေတုန်း၊ ရုံးခန်းထဲကဖုန်းသံမြည်လာတယ်။ မန်နေဂျာက ဖုန်းကောက်ကိုင်ပြီး စကားပြောတယ်။ နားစွင့်ကြည့်လိုက်တော့ car accident ဖြစ်တာတဲ့။ မနက်၆း၀၀ အဆောင်ကထွက်လာတဲ့ကား၊ ဟိုတယ်နားအရောက်မှာ မှောက်လို.တဲ့။ ချက်ချင်းဘဲ ကိုယ့်သူငယ်ချင်း ဘယ်သူတွေပါလဲ တွေးရတော့တာပေါ့။ ချက်ချင်းခေါင်းထဲမှာသတိရလိုက်တာ ကိုယ့်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်။ သူက ကိုယ့်အစ်မလိုခင်ရတဲ့သူ။ သူ.ဖုန်းကို ဆက်တော့ ဖုန်းလုံးဝမကိုင်တော့ဘူး။ ကိုယ်လဲတော်တော်ပူသွားတယ်။ တခြားပါနိုင်တဲ့ သူငယ်ချင်းတွေဆီလှမ်းဆက်မေးတော့ သူလက်ကျိုးသွားတယ်လို. ပြောကြတယ်။ သူ.ဘေးနားမှရှိနိုင်တဲ့ သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်ပြီး၊ သူနဲ့စကားပြောရတော့ အရမ်းနာကျင်နေတဲ့ အသံနဲ့ " ညီမလေး ဆေးရုံလိုက်ခဲ့နော်" တဲ့။ သူလဲဒါဘဲပြောနိုင်တယ်။ ကိုယ်လဲ ဂျူတီမနက်၈း၀၀ ပြီးပြီးချင်း ဆေးရုံကို ပြေးတာပေါ့။
Welcome from Al Mafraq Hospital တဲ့၊ ထူးထူးဆန်းဆန်း။ ဆေးရုံကိုများကြိုဆိုနေသေးတယ်။ ကားတိုက်တာဆိုတော့လည်း Emergency Section ကိုပြေးရတာပေါ့။ ဟိုရောက်တော့ အပြင်မှာတော့ ကိုယ့်ဟိုတယ်ကလူတွေကို တွေ.တယ်။ သူငယ်ချင်းကိုမေးတော့ အရေးပေါ် အခန်းထဲမှာတဲ့။ အထဲဝင်ဖို.ကလဲ Security တွေက ခွင့်မပြုဘူး။ ကိုယ်လဲကြိုးစားပြီးပြောလိုက်တာ၊ နောက်ဆုံးတော့ ၀င်ခွင့်ရသွားတယ်။ အထဲရောက်တော့ တွေ.လိုက်ရတယ်၊ သူငယ်ချင်းရဲ့ အားငယ်နေတဲ့၊ ဝေဒနာခံစားနေရတဲ့ မျက်နှာတစ်ခု။ ကိုယ်တကယ် စိတ်မကောင်းဖြစ်သွားတယ်။ ကိုယ်တို.၂ယောက်စကားတွေပြောကြတယ်။ သူကပြောတယ်၊ ဆေးရုံကဝေးလွန်းလို.၊ Ambulance ကားလာဖို. နာရီဝက်လောက် accident ဖြစ်တဲ့နေရာမှာ စောင့်ရတယ်တဲ့။ ကားလာတော့လဲ ဆေးရုံရောက်ဖို. နာရီဝက်လောက်ထပ်စီးရတယ်တဲ့။ လက်မှာလဲ လက်မောင်းကနေ လက်ဖျံအထိ ဖန်ကွဲစတွေ အပြည့်။ သွေးတွေနဲ့ပေါ့။ လက်ကျိုးတာမဟုတ်လို.တော်သေးတာပေါ့။
သူများတွေ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြတဲ့အချိန်၊ ကိုယ်သူငယ်ချင်း မပြန်ရသေးဘူး။ ကိုယ်တို.လဲ အဆောင်ပြန်ချင်ကြပြီလေ။ နောက်ဆုံးတော့ သေချာသိလိုက်ရတာက ဆေးရုံတတ်ရမယ်တဲ့။ ၂ယောက်စလုံးတော်တော် စိတ်ညစ်သွားကြတယ်။ ၂ရက်၃ရက်ပါတဲ့။ ဆေးရုံတတ်ရမယ်ဆိုတော့ လိုအပ်တာလေးတွေမေးရရတော့တာပေါ့။ လူနာကြည့်ချိန်က မနက်၁၀း၀၀ကနေ ည၁၀း၀၀ထိတဲ့။ ညစောင့်အိပ်ဖို.မေးတော့ အကုန်လုံးက On Duty တွေ။ Special Nurse ငှားမယ်လုပ်တော့၊ သူတို.ကမေးတယ် "Special Nurse" ဆိုတာဘာလဲတဲ့။ သူတို.ဆီမှာ မကြားဖူးဘူးတဲ့။ ညလဲစောင့်စရာမလိုဘူးတဲ့။ တာဝန်ကျ သူနာပြုတွေက သေသေချာချာပြုစုပေးတယ်တဲ့။ ကိုယ့်မှာက မေးမိတာတောင်မှားပေါ့။ အဲလိုဟိုမေးဒီမေးနဲ့ လုပ်နေတုန်း လူနာကလဲ နာလှပြီ။ သူလဲ နားချင်ပြီပေါ့လေ။ အခန်းမေးတော့ စောင့်ဦးတဲ့။ စောင့်ဆိုလို. စောင့်လိုက်ရတာ ၁း၀၀လောက်ကြာမယ်။ ပြီးမှ အခန်းရပြီဆိုပြီးပြောတယ်။
ဆေးရုံခန်းလေးက ချစ်စရာလေးပါ။ တစ်ခန်းလုံးအဖြူရောင်သုတ်ထားတယ်။ တစ်ယောက်ခန်းလေး။ အနိမ့်အမြင့် လိုသလိုAdjust လုပ်လို.ရတဲ့ ကုတင်လေးတစ်လုံး၊ လူနာလာကြည့်တဲ့သူထိုင်ဖို. ဆိုဖာခုံလေးတစ်ခုံ(နောက်တော့ ကိုယ့်အိပ်ရာပေါ့)၊ တင်ချင်တာတင်ဖို. ဘီးတပ်စားပွဲလေး၂လုံး၊ အ၀တ်အစားထည့်ဖို.ထင်တယ် ဘီရိုအရှည်လေးတစ်လုံး။ Samsung Flat TV တစ်လုံးကတော့ လူတိုင်းသဘောကျကြတာပေါ့။ ကဲ...အခန်းထဲရောက်ပြီဆိုတော့လဲ ပစည်းတွေနေ၇ာချဖို.လုပ်ရတာပေါ့။ ခက်တာက အကုန်လုံးက Emergency ဆိုတော့ ဘာမှပါမလာဘူးလေ။ အဓိကက ဆောင်းတွင်းကြီးမှာ အနွေးထည်က မရှိတာ။ သူ.အနွေးထည်ကလဲ ကားတိုက်တုန်းက စုတ်ပြတ်သွားလို. လွှင့်ပစ်ခဲ့ရပြီ။ ကိုယ်ကလဲ ပဲများပြီး အနွေးထည်မ၀တ်ဘဲ T Shirt လက်ရှည်လေးကိုဘဲ ၀တ်ခဲ့တာဆိုတော့ ချွတ်ပေးခဲ့လို.မရ။
ဆရာဝန်ရောက်လာလို. ရောဂါအခြေအနေမေးကြည့်တော့ စိတ်မရှည်တဲ့လေသံနဲ့ မဖြေချင့်ဖြေချင် ဖြေသွားတယ်။ သူနာပြုလာလို. ဝေဒနာကို ညည်းတွားမိတော့ သူစိမ်းဆန်တဲ့ မျက်လုံးတွေနဲ့ ကြည့်သွားတယ်။ ကိုယ်တောင် အားငယ်သွားတာ ဝေဒနာခံစားနေရတဲ့ သူငယ်ချင်းဆို ပြောစရာမရှိ။ ညနေရောက်တော့ အလုပ်သွားဖို.ပြင်ရတယ်။ ကိုယ်က Night Duty ကျနေတာလေ။ သူ.ကို ညစောင့်အိပ်ဖို. မဖြစ်နိုင်ဘူးပေါ့လေ။ သူကတော့ စိတ်မပူအောင်ပြောပြီး အလုပ်သွားဖို.လွှတ်တယ်။ ညဂျူတီကျတဲ့ သူနာပြုကို ပြုစုပေးဖို. မှာမလို. ကြည့်လိုက်တော့ စူပုပ်နေတဲ့မျက်နှာနဲ့ သောက်ဆေးပေးပြီး ချက်ချင်းထွက်သွားတယ်။ ခေါ်နေတာတောင် မကြားချင်ယောင်ဆောင်လို.။ အဆောင်အယောင်တွေပြည့်စုံပေမယ့် ကိုယ်တို.နိုင်ငံက ဆေးရုံတွေလောက် နွေးထွေးမှုမရှိလိုက်တာ။ ဆေးရုံကြီးကလှပါတယ်။ ကိုယ်တို.ရန်ကုန်ဆေးရုံကြီးနဲ့ အပြင်အဆင်ကတော့ တခြားစီပါဘဲ။ ဒါပေမယ့်ဗျာ ဘယ်နေရာကြည့်ကြည့် လူမျိုးခြားတွေရဲ့ သူစိမ်းဆန်တဲ့အကြည့်တွေ၊ လူနာက bell တီးပြီး သေအောင်ခေါ်လဲ မလာတာတွေ၊ ဘာမေးမေး ဖြေချင်မှဖြေ၊ ဂရုစိုက်မှုမရှိတာတွေက ကိုယ်တို.မြန်မာနိုင်ငံမှာတော့ အဲလိုမရှိပါဘူး။ ဆရာမတွေ အပြောကြမ်းလို. အော်ချင်အော်မယ်၊ သူတို.စိတ်ထဲမှာ စေတနာအပြည့်နဲ့လုပ်ပေးကြပါတယ်။ စိတ်တိုပြီးဆူချင်ဆူမယ်၊ လူနာမေးသမျှကိုတော့ သူတို.သိသလောက်ဖြေတတ်ကြပါတယ်။ ပိုက်ဆံပေးရင်ရတာဘဲ ဆိုပြီးတော့တော့မပြောပါနဲ့၊ သူတို.ရဲ့ ၀မ်းစာကမှမလောက်တာလေ။
၂ရက်၃ရက်ဆိုတဲ့ ဆေးရုံမှာ ဒီနေ့ဆိုရင်တော့ ၁၀ရက်တိတိကြာသွားပြီ။ ဘာမှမဖြစ်ဘူးဆိုတဲ့ လက်ကိုလဲ ပေါင်ကအသားထုတ်ပြီး၊ လက်မှာပြန်ကပ်လိုက်ရတယ်။ မြင်းမြီးနဲ့ချုပ်ရင် ချုပ်ရိုးရာကျန်ခဲ့ပြီး၊ ရုပ်ဆိုးမှာစိုးလို.ဆိုပြီး၊ စတာပလာတွေနဲ့ စာရွက်တွေချုပ်သလို ချုပ်ထားတာကို ရင်ကွဲအောင် အော်ဟစ် ဖြုတ်ထုတ်ခဲ့ကြပြီးပြီ။ စကားကို ခင်ခင်မင်မင်မပြောတတ်တဲ့ ဆေးရုံဝန်ထမ်းတွေကိုလဲ ကိုယ်တို.၂ယောက် မသိချင်ယောင် ဆောင်တတ်ခဲ့ပြီ။ ကိုယ်လဲ မနက်ခင်း အလုပ်ပြီးတာနဲ့ ဆေးရုံတန်းသွား၊ ညဂျူတီဝင်ခါနီးမှ အိမ်ပြန်လာ။ ဒီလိုနဲ့ Christmas တောင် ပြီးသွားခဲ့ရောပေါ့။ နက်ဖန် သို.မဟုတ် သန်ဘက်ခါတော့ ဆေးရုံကဆင်းရတော့မယ် ထင်တယ်လေ။ သူငယ်ချင်းတို.လဲ ဆုတောင်းပေးကြနော်၊ ကိုယ်သူငယ်ချင်း ဆေးရုံက မြန်မြန်ဆင်းရပါစေလို.ပေါ့။

Wednesday 17 December 2008

နှုတ်ဆက်ပါတယ်

အချိန်တန်တော့လည်း
ငါပြန်ရတော့မယ်
စောင့်နေတဲ့ နင့်မျက်နှာလေး
ခဏတာတွေ.ပြီးရင်
ငါတစ်သက်လုံးထွက်ခွာပါ့မယ်
နင်မုန်းတယ်ဆိုရင်လည်း
ငါမနေပါဘူးဟာ
မာနတွေနဲ့ ပြည့်နေတဲ့
ငါတို.အချစ်တွေအတွက်
နောက်ဆုံး
အရမ်းချစ်တယ်လို.
နှုတ်ဆက်ပါတယ်...
တာ့တာ၊ ဘိုင့်ဘိုင်

Monday 15 December 2008

တခါက ငယ်ငယ်လေးတွေ

ငယ်ငယ်တုန်းကပေါ့။ ငါးတန်းနှစ်လောက်ကဖြစ်မယ်။ သားအမိ၎ယောက် မန်းတလေးမှာ သင်္ကြန်သွားကျကြတယ်။ မကြီးက အရမ်းသွားဖူးချင်တာလေ။ အမေက မန်းတလေးသူဆိုတော့ အမျိုးတွေအိမ်မှာတည်းကြတာပေါ့။ တည်းဖြစ်တဲ့အိမ်က ကျုံးရှေ.က။ သင်္ကြန်ထွက်မလည်လဲ အိမ်ရှေ.မှာ မဏ္ဍပ်တွေကအပြည့်။ ရန်အောင်တို.၊ ဇော်ဝင်းထွဋ်တို.လဲ လာဆိုကြသလိုဘဲ။ အဲဒီအိမ်မှာ မောင်နှမ၄ယောက်ရှိတယ်။ အစ်မ၂ယောက်ကတော့ မကြီးနဲ့ရွယ်တူ အပျိုရွယ်လေးတွေပေါ့။ ကျန်တဲ့မောင်၂ယောက်ကမောင်မြင့်နဲ့ မောင်စောတဲ့။ မောင်မြင့်လေးက ငယ်သေးတယ်။ ၂တန်းလောက်ဘဲရှိဦးမယ်။ မောင်စောက အေးလေး (အစ်မလတ်)နဲ့ ရွယ်တူတွေပေါ့။ အမျိုးတွေ တစ်ခါမှမဆုံဖူးကြဘူးလေ။ ရောက်ခါစမှာတော့ နဲနဲရှိုးတိုးရှန့်တန့်ပေါ့။ အဘွားက မောင်နှမတွေ လွတ်လွတ်လပ်လပ်ဆော့ကြလို.လဲပြောရော၊ ၂ထပ်အိမ်ကြီးကို ပတ်ပြေးလိုက်ကြတာ။ ဆော့နည်းကလဲ မျိုးစုံ၊ မျောက်ရှုံးကြတယ်။ ဆော့လို.လဲပြီးရော မရှက်ကြတော့ဘူး၊ ဟင်းလုစားကြ၊ ရန်ဖြစ်ကြနဲ့ပေါ့။ အဘွားချက်ကျွေးတဲ့ ကြက်သားထောင်းလေးကို သတိရသေးတယ်။ တစ်ရက်မှာဆို မောင်နှမ၄ယောက် ၂ယောက်အိပ်ကုတင်ပေါ်တက်ပြီး နပန်းလုံးကြတာ၊ ၁နာရီလောက်ကြာမယ်။ မောမောနဲ့အိပ်ပျော်ကြပေါ့။ အိပ်ရာကလဲနိုးရော ပုပ်စော်နံတယ်ပေါ့။ ဟိုလူရေမချိုးလို. ဘာညာဆိုပြီးစကြနဲ့။ တော်ကြာနေတော့ ပုပ်စော်ကတော်တော်နံလာတယ်။ လူကြီးတွေကုတင်ကဖျာကိုလှန်ကြည့်မှဘဲ အားလားလား မြွေတစ်ကောင် ဗိုက်ပေါက်၊ ပြားချပ်ပြီးသေနေလေရဲ့။ လူကြီးတွေကဆို မြွေသေမြင်မှဘဲ စိုးရိမ်လိုက်တာပြောမနေနဲ့။ ဟီးဟီး ကံကောင်းလို.။ မြွေကတော့ ကံတော်တော်ဆိုးသွားရှာတယ်။
သင်္ကြန်ကျတော့ ပထမ၃ရက်မှာ အိမ်ရှေ.မှာဘဲ ရေထွက်ပက်ရတယ်။ လူကြီးတွေက တစ်နေကုန်ရေဆော့ရင် ဖျားနာကုန်မှာစိုးလို.၊ မနက်ဆို ၉း၀၀ကနေ ၁၁း၀၀၊ ညနေဆို ၄း၃၀ကျော်မှ အပြင်ထွက်ခွင့်ပေးတယ်။ မနက် ၁၁း၀၀ အိမ်ထဲပြန်ရောက်တာနဲ့ ၄နာရီကို ခွဲချင်လှပြီ။ ရေထွက်ဆော့ချင်လို. အကြံအဖန်လုပ်ကြတာပေါ့။ ညနေ၃း၀၀လောက်မှာ လူကြီးတွေ စကားဝိုင်းဖွဲ.ပြောနေကြတုန်းလေး မောင်နှမတွေ တိုင်ကပ်နာရီကြီးနားကို ယောင်လည်ယောင်လည်နဲ့သွား၊ တစ်ယောက်ပခုံးပေါ်တစ်ယောက်တက်၊ နာ၇ီလက်တံကို ရွှေ.ပြီး၊ အဘွားကို ၄း၃၀ပြီရေပုံး၊ ရေခွက်တွေထုတ်ပေးတော့ဆိုပြီး တောင်းဆိုတာပေါ့။ ဒါတောင်သူတို.က ၄း၃၀ပေမယ့် နေပူသေးတယ်ဆိုပြီးတားလို. တစ်ရက်က မထွက်ခဲ့ရဘူး။ ပူမှာပေါ့ ၃း၀၀ဘဲ၇ှိသေးတာကိုး။ ဟီးဟီး
နောက်ဆုံးနေ့ကျတော့ အပျိုမမများရဲ့ပွဲပေါ့။ ကားနဲ့လည်ကြတယ်လေ။ လူကြီးတွေကတော့ ကားနဲ့လည်တာကိုပျော်ပေမယ့် ကလေးများအဖွဲ.ကတော့ လမ်းမပေါ်ထွက်ပြီး ရေမပက်ရတာကိုဘဲ တအုံ.နွေးနွေးပေါ့။
တစ်ခါတည်းဘဲ ရောက်ဖူးခဲ့တဲ့ မန်းတလေးသင်္ကြန်က အမှတ်တရလေးပေါ့။

Sunday 14 December 2008

ချစ်မိခဲ့သမျှ....(၈)



ကျောင်းမဆင်းခင် သူငယ်ချင်းတွေစုပြီး အိမ်စောစောပြန်လာကြတယ်။ အတန်းဖော် သူငယ်ချင်းကောင်လေး တစ်ယောက်လည်း ပါလာတယ်။ ကားပေါ်မှာတော့ သူငယ်ချင်းတွေ ထုံးစံအတိုင်း တစ်ယောက်တစ်ပေါက် ပြောကြရင်းပေါ့။ လျောက်ပြောကြရင်းနဲ့ ကိုယ်ကောင်မလေးတွေ အများကြီးထားတဲ့ ဘက်ကိုရောက်သွားကြတယ်။ ထွေးလေးကအရမ်းစွံတယ် ဘာညာပေါ့။ သူငယ်ချင်းကပြောတယ်၊ နင်ဘယ်လောက်စွံစွံ နင်လိုက်လို.မရတဲ့ အစ်မကြီးတစ်ယောက် ရှိတယ်တဲ့။ သူငယ်ချင်းတွေရှေ.မှာ စော်ကားခံလိုက်ရသလိုဘဲ။ ချက်ချင်းမာနက ထောင်ထလာတယ်။ ဘယ်သူလဲ၊ ဘယ်ဌာနကလဲ။ ငါရအောင်လိုက်ပြမယ်ပေါ့။ နောက်ဆုံးတော့ လောင်းကြေးစားကြေး ပွဲလေးတစ်ခု ဖန်တီးဖြစ်ကြတယ်။ ၁လအတွင်း အဲဒီမမကို ရအောင်လိုက်၊ မရရင် အရှုံးပေါ့။ လောင်းကြေးကိုတော့ မမှတ်မိတော့ဘူး။ အဲဒီနေ့က အပြန်မှာတော့ မျှော်လင့်စိတ်ကူးယဉ်ခြင်းတွေအပြည့်နဲ့ပေါ့။ သူမကို ကျလာအောင် ဘယ်လိုချူရမလဲလို.လေ။ အမှန်တကယ်တော့ အဲဒီမမကို နာမည်တောင်မကြားဖူးဘူး။ မျက်နှာမြင်ဖူးဖို.ဆို အဝေးကြီး။
သူငယ်ချင်းပေးသွားတဲ့ ဟန်းဖုန်းနံပါတ်လေးတစ်ခုဘဲ ကိုယ့်လက်ထဲမှာ အဆက်အသွယ်လုပ်စရာရှိတယ်။ မထူးဘူးကွာဆိုပြီး၊ ဖုန်းနံပါတ်တွေကို ကောက်နှိပ်မိတယ်။ ဟဲလို...တဲ့။ ကောင်မလေးတွေ ပဲလေးနဲ့ ဖုန်းထူးနေကျ အသံမျိုးလေး။ အသံချိုချိုလေး။ ကိုယ်ကတော့ ရင်တွေတုန်နေတယ်။ ဟောက်လွှတ်မှာလဲ ကြောက်သား။ မထူးဘူးဆို အားတင်းပြီး ပြောဖြစ်တယ်။ မမကို ခင်ချင်လို.ပါလို.။ သူမ နဲနဲစဉ်းစားနေပုံရတယ်။ ပြီးမှ ဘယ်အတန်းကလဲ၊ ဘယ်နှစ်ကလဲမေးတယ်။ ကိုယ်ပြန်ဖြေတော့ ကိုယ့်ကို လုံးဝမသိဘူးတဲ့။ ဟီး အားရစရာဘဲ။ ကိုယ်က ကိုယ့်နာမည်ကို ကောင်မလေးတိုင်းသိတယ်လို. ထင်နေတာ။ ဒါပေမယ့် စကားကောင်းကောင်းပြန်ပြောပါတယ်။ ဒီလိုနဲ့ မထင်မှတ်ဘဲ ဖုန်းဇာတ်လမ်းလေးကို ၁၀ရက်လောက် လုပ်ဖြစ်တယ်။ ကြားအချိန်တွေမှာလဲ မမသွားလေရာလိုက်ချောင်း၊ အကြောင်းတွေ စုံစမ်းပေါ့။ မမက အစိုးရဘက်က အကောင်တော်တော်ကြီးကြီးရဲ့ တစ်ဦးတည်းသော သမီး။ ကျောင်းကိုလာရင် ပါဂျဲရိုးကြီးစီးပြီးလာတယ်။ ၅ခနဲ့ မမဆိုရင် လူတိုင်းသိသူပေါ့။ ဟန်းဖုန်းတွေ စပေါ်ကာစ အချိန်မှာ နံပါတ်အမျိုးမျိုးပြောင်းပြီး သုံးနိုင်သူတစ်ယောက်။ မမရဲ့ ဆိုးတဲ့ အချက်က ရည်းစားများခြင်း။ ဒါပေမယ့် ကျောင်းက ကောင်လေးတွေနဲ့ ရည်းစားမထားဘဲ၊ အပြင်ကလာတဲ့ အစ်ကိုကြီးတွေနဲ့သာ တွဲတတ်တယ်။ မမကို ပျက်စီးနေသူလို. ပြောကြတဲ့သူတွေက အများကြီး။ ဘယ်သူတွေ ဘာဘဲပြောပြော ဖုန်းဆက်လိုက်တဲ့ ၁၀ရက်အတွင်းမှာ မအိပ်နိုင် မစားနိုင် စွဲလန်းခဲ့ရသူက ကိုယ်။
မမက မြင်ဖူးချင်တယ်ဆိုလို. ချိန်းထားတဲ့နေ့မှာ၊ အရေးကြီး ပရက်တီကယ်နဲ့ ကျူတိုရီယယ်ရှိတာကို ဖျက်ပြီး၊ သူငယ်ချင်းတွေ အော်တာခံပြီး သွားတွေ.ခဲ့တယ်။ တကယ် မျက်နှာချင်းဆိုင်တွေ့ကြတော့ ဖုန်းထဲမှာချိုသလောက်၊ သူငယ်ချင်းတွေရှေ.မှာကျ မချိုတော့ပါလားမရယ်။ ကိုယ်က အရမ်းကို တစ်ဖက်သက် အရူးအမူးဖြစ်လို. လက်ခံတွေ.ပေးရတဲ့ ပုံစံမျိုး။ ဖုန်းထဲမှာတုန်းကတော့ မင်းကို မြင်ဖူးချင်လို.၊ ဒီနေ့မှ မင်းနဲ့မတွေ.ရရင် မမနေလို.မရတော့ဘူးလို. ကိုယ်ရူးအောင်ပြောခဲ့တဲ့ မမအသံတွေ။ လက်တွေ.မှာတော့ Max Orange တစ်ပုလင်းကို သောက်ရင်း မမရှေ.မှာ ကျောက်ရုပ်တစ်ခုလို ထိုင်ခဲ့ရတာပေါ့။ (အဲဒီချိန်ကစပြီး၊ ကိုယ်နေ့တိုင်း မမရှေ.မှာ Max Orange ကိုသောက်ရင်း လပေါင်းများစွာ နေခဲ့ရတယ်၊ ခုတော့ Orange ကို အရမ်းမုန်းသွားပြီ) စနောက်တတ်တဲ့ မမသူငယ်ချင်းတွေက ကိုယ့်ကိုသနားလာကြတယ်။ မမကို အဲလောက်ရူးနေတာကို ဆူပြောစပြုလာတယ်။ အမြဲမခွဲတမ်း တတွဲတွဲ ဖြစ်ခဲ့ဖူးတဲ့ သူငယ်ချင်းအုပ်နဲ့ ဝေးလာတယ်။ စာသင်ချိန်တွေမှာ စာသင်ခန်းထဲ၇ှိရမယ့်အစား ကင်န်တင်းနဲ့ မမတို. စာသင်တဲ့အဆောင်ရှေ.မှာဘဲ အချိန်ကုန်တတ်လာတယ်။ ညနေခင်း စာကျက်ချိန်ကနေ မမဆီဖုန်းဆက်ချိန်ဖြစ်လာတယ်။ Shopping မထွက်တတ်တဲ့ သူက မမလိုချင်သမျှ ၀ယ်ပေးဖို.၊ ၀ယ်သမျှအထုပ်တွေ ဆွဲပေးဖို. မညည်းမညူ လုပ်တတ်လာတယ်။ ဘယ်ကောင်မလေးကိုမှ စိတ်မ၀င်စားနိုင်တော့အောင် မမပြုစားထားတယ်။ ကဗျာစာအုပ်ထုတ်တော့ တစ်အုပ်လုံးမမအကြောင်းတွေချည်း ရေးဖြစ်တယ်။
ကိုယ်ကျောင်းမတတ်ဘူးလို. ပြောထားတဲ့နေ့မှာ မမက သူ.ချစ်သူကို ကျောင်းကိုခေါ်လာတယ်။ ကိုယ်ကလဲ ကံဆိုးစွာနဲ့ မမနဲ့မတွေ.ရရင် မနေနိုင်လို.၊ ရှိတဲ့ ကိစကိုဖျက်ပြီး ကျောင်းကိုအရောက်လာမိတယ်။ ကင်န်တင်းမှာ ကိုယ်တို.ထိုင်နေကျနေရာမှာ မမကို အစ်ကိုကြီးတစ်ယောက်နဲ့ တွဲတွေ.လိုက်ရတယ်။ မမကိုယ့်ကိုမြင်တော့ အံ့သြသွားတယ်။ သူ.သူငယ်ချင်းတွကလဲ မနေနိုင်စွာ ထွေးလေး ကျောင်းမတတ်ဘူးဆိုတဲ့။ ဘေးဝိုင်းက သူငယ်ချင်းတွေက မကြားတကြားလှမ်းစနေတယ်။ ကိုယ်ဘာမှ မကြားတော့ဘူး။ ရင်တွေအရမ်းခုန်တာ မြန်နေတယ်၊ ချက်ချင်းငိုချင်လာတယ်။ မမကတော့ ခပ်တည်တည်ဘဲ ထိုင်လေတဲ့။ အေးပေါ့ အမှန်တကယ်တော့ ကိုယ်ကဘဲ တစ်ဖက်သက်ရူးမိတာကိုး။ ကိုယ်တောင်မှ (အရင်ကောင်မလေးတွေတုန်းက ခဏခဏဖြတ်ခဲ့မိတာဘဲ။) သူလဲ ကိုယ့်ကို ကြာကြာဘယ်စိတ်ဝင်စားနိုင်ပါ့မလဲနော်။ ဒါပေမယ့်လေ ကိုယ်ဘယ်သူကိုမှ အရူးမလုပ်ခဲ့ဘူး။ စိတ်မ၀င်စားတော့ဘဲ ကိုယ့်ဘေးမှာ ကောင်မလေးတွေရှိနေတယ်ဆိုတဲ့ သာယာမှုတစ်ခုအတွက်နဲ့တော့ ဘယ်တော့မှ စွဲလန်းအောင်ဆက်မလုပ်ဘူး။ မမပြောတဲ့အတိုင်း ခုံမှာဝင်ထိုင်ဖြစ်တယ်။ သူ.အစ်ကိုကြီးနဲ့ မိတ်ဆက်ပေးတယ်။ ကိုယ်မခံနိုင်တော့လို. အဲဒီဝိုင်းကနေ ထွက်ပြေးခဲ့တယ်။ ကင်န်တင်းအပြင်ဖက်ကို ရောက်တာနဲ့ ခေါင်းတွေအ၇မ်းမူးလာတယ်။ အဲဒီနေ့က ကျောင်းဝင်းထိပ်မှာ ကိုယ်မူးလဲခဲ့တယ်။
နောက်နေ့တွေ ဖုန်းထပ်ဆက်တော့၊ ထပ်တွေ.ကြတော့ မပြောင်းလဲတဲ့ပုံစံနဲ့ ဆက်တွေ.ကြတယ်။ ကိုယ်လဲဆက်ရူးခဲ့တယ်။မမရဲ့ အမြဲပြောင်းလဲနေတတ်တဲ့ ချစ်သူတွေအတွက် ကိုယ်ကြိတ်ငိုခဲ့ရတယ်။ တစ်နှစ်ပြည့်တဲ့နေ့မှာ ပထမဆုံးစတွေ.တဲ့နေ့က အကျီလေးကို အမှတ်တရ၀တ်ဆင်ပေးလာတဲ့ မမကို အရမ်းကျေးဇူးတင်မိတယ်။ အိမ်လာလည်ဖို. မမကခဏခဏ ဖိတ်ခေါ်ခဲ့ပေမယ့်၊ အိမ်ရှေ.က ဖြတ်လျောက်တာနဲ့တင် ခမ်းနားလွန်းတဲ့ မမရဲ့အိမ်ကို ၀င်မလည်ရဲခဲ့ဖူး။
စာမေးပွဲအရမ်းနီးနေပြီ။ မမရောကိုယ်ရော၊ အရေးကြီးတဲ့နှစ်တွေရောက်နေကြပြီ။ ကိုယ်စာမကျက်နိုင်ခဲ့ဘူး။ မမမျက်နှာမှာဘဲ ကျောင်းသင်ခန်းစာရှိနေသလို ဖတ်နေခဲ့တဲ့ ရလာဒ်ကတော့ အဲဒီနှစ်မှာ ကိုယ်စာမေးပွဲကျတယ်။ မမကတော့ ဂုဏ်ထူးတွေနဲ့အောင်ပြီး၊ ကျောင်းပြီးသွားတယ်။ နောက်ဆုံးတော့ ကျောင်းဝင်းထဲမှာ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့တယ်။ ကြာတော့လဲ မမကိုယ့်ကိုမေ့သွားတယ်။ ကိုယ့်ဘက်ကတော့ November 11ရက် (မမနဲ့ စတွေ.ခဲ့ရတဲ့နေ့လေး)ကို ခုထိမေ့မရသေးဘူး။

Wednesday 10 December 2008

လူတွေအကုန်သိနေပြီ

မင်းကြောင့် ငါအိပ်မပျော်တာ
လူတွေအကုန်သိနေပြီ
အချိန်ရှိတိုင်း မင်းကို
ရင်ခုန်နေတတ်တာ
လူတွေအကုန်သိနေပြီ
မင်းလာမယ့်လမ်းကို
ငါမျှော်နေတတ်တာ
လူတွေအကုန်သိနေပြီ
မင်းနောက်မှာ အရိပ်လို
ငါကပ်နေတတ်တာ
လူတွေအကုန်သိနေပြီ
မင်းမရှိဘဲ
ငါဘယ်မှမသွားတော့တာ
လူတွေအကုန်သိနေပြီ
မင်းကကော
ဒါတွေကို မသိတာလား
မသိချင်ယောင်ဆောင်နေတာလား
ငါကတော့
မျှော်လင့်ရင်း.....ရူးပေါ့။
အဲဒါကိုလည်း
လူတွေအကုန်သိနေပြီဘဲလေ

ချစ်မိခဲ့သမျှ....(၇)

ကျောင်းတတ်နောက်ကျလို. Fresher Welcome ကိုမမှီလိုက်ဘူး။ King & Queen ကရွေးပြီးဖြစ်သွားပြီ။ ကိုယ်တို.မေဂျာက သူများတွေလောက် အချောအလှမပေါလေတော့ Prince တွေ Princess တွေတော့ မပါဘူးပေါ့။ ထွေးလေးတို.ကံတတ်ပုံက နေရင်းထိုင်ရင် ကျောင်းရောက်တာ ၁ပတ်ဘဲရှိသေးတယ် Jack တန်းရတယ်။ ဟေဟေ့။ အဲဒီလိုဆိုတော့ Queen ကိုလိုက်တာပေါ့။ သူကလဲ အီစီကလီပြန်လုပ်တယ်။ နောက်ဆုံးတော့ အအီလွန်ပြီး သူငယ်ချင်းအရင်းကြီးတွေ ဖြစ်ကုန်ကြတယ်။
နောက်တော့ chemical ဌာနက ကောင်မလေးတစ်ယောက်က ဖုန်းဆက်တယ်။ ခင်ချင်လို.တဲ့။ ဒီကလဲ ခင်တာပေါ့။ (အားနာတတ်တယ်လေ)။ ဒီလိုနဲ့ အခင်လွန်ကုန်ကြရော။ သူနဲ့တွဲနေတုန်း IT ကကောင်မလေးနဲ့လဲ တွဲဖြစ်သေးတယ်။ Civil Queen လဲပါတယ်၊ PR ကလဲပါတယ်။ အကုန်အစုံပါဘဲ။အဲဒီမှာဘဲ ၂ပတ်၁ယောက်ဆိုပြီး ဖြစ်ကုန်တာဘဲ။ အဲဒီအချိန်တွေကတော့ အပျော်ရွှင်ခဲ့ရဆုံးဘဲ။ မိုးမမြင်လေမမြင်ပေါ့။ ကိုယ်လဲပျော်တယ်၊ သူတို.လဲပျော်ကြတယ်။ ပိုက်ဆံကတော့ သောက်သောက်လဲကုန်တယ်။ ကုန်မှာပေါ့ ကောင်မလေးတွေအတွက် ၀ယ်ပေးလိုက်ရတဲ့ လက်ဆောင်၊ လုပ်လိုက်ရတဲ့ Romantic၊ မပြီးနိုင်တဲ့ အထိမ်းအမှတ်တွေ။ အမေပေးတဲ့ မုန်.ဖိုးကလဲမလောက်။ အပြင်ဝင်ငွေကလဲ မရှာတတ်။ အစ်မတွေရှိတဲ့ နိုင်ငံခြားကို ပိုက်ဆံလှမ်းတောင်း၊ အစ်မလတ်ကတော့ ပို.ရှာပါတယ်။ တောင်းသလောက် ဘယ်တော့မှ မညည်းဘူး။ အမှန်ဆို သူနဲ့ကိုယ်က တစ်နှစ်ဘဲကွာတာ။
အရမ်းပျော်ခဲ့ရတဲ့ အချိန်တွေပြီးတော့၊ အရမ်းငိုခဲ့ရတဲ့ အချိန်တွေက မထင်မှတ်တဲ့ အချိန်မှာေ၇ာက်ရှိလာတာပါဘဲ။ အဲဒီဇာတ်လမ်းကိုစတာ သူငယ်ချင်း ဝေဖြိုးနဲ့ အလောင်းအစားလုပ်ရင်ကပေါ့။

Monday 8 December 2008

ဘာလုပ်ရမှန်းမသိဘူး

နားရက်ရတာနဲ့ တစ်နေ့လုံး အစ်မရန်ကုန်ကပါလာတဲ့ စာအုပ်တွေကို စိတ်တိုင်းကျထိုင်ဖတ်နေဖြစ်တယ်။ စာဖတ်ရင်းအမေ့ကို တော်တော်သတိရနေတယ်။ ဖတ်နေတဲ့ ရွှေအမြုတေစာအုပ်မှာကလည်း မိဘကျေးဇူးအကြောင်းတွေ၊ အဖေအကြောင်း၊ အမေအကြောင်းတွေရေးထားတာက များနေတယ်။ အခုလောလောဆယ်ဖြစ်နေတာက အမေ့ကိစ။ အမေက အစ်မနဲ့မှာလိုက်တယ်တဲ့၊ သူဒီနိုင်ငံကို ပြန်လိုက်မလာတော့ဘူး၊ ထွေးလေးကိုဘဲ သူ.ဆီပြန်လွှတ်လိုက်လို. ပြောတယ်။ ကိုယ့်ဘ၀မှာလေ ဘယ်အလုပ်ကိုဘဲ လုပ်လုပ်၊ အမေက အိမ်နဲ့ဝေးတယ်ပြောလို.၊ အမေကစိတ်မချလို.၊ အမေကမကြိုက်လို.နဲ့ အလုပ်ပေါင်းများစွာကို ပြောင်းခဲ့ ထွက်ခဲ့ရပါတယ်။ အမေ့ကို မငြီးငြူချင်ပေမယ့်၊ အလုပ်တစ်ခုမှာ Work experiance ဆိုတာ ဘယ်လောက်အရေးကြီးကြောင်း အလုပ်လုပ်ဖူးတဲ့ လူတိုင်းနားလည်မှာပါ။ အလုပ်ထဲကို ၀င်ပြီဆိုတာနဲ့ ရာထူးဆိုတာကို လူတိုင်းမက်မှာပါဘဲလေ။ ကိုယ်လဲ အဲလိုဘဲပေါ့။ အလုပ်တစ်ခုစလုပ်တယ်၊ သင်ယူတယ်၊ တတ်မြောက်လို. ရာထူးလေးရဖို.စောင့်နေပြီဆို၊ အမေက ဟိုအလုပ်ပြောင်းတော့ ဒီအလုပ်မှာ စိတ်မချလို.၊ အိမ်နဲ့ဝေးလို. အစရှိသဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး၊ ထွက်ခိုင်းတတ်ပါတယ်။ အလုပ်ထွက်ပြီးတော့လည်း ငြိမ်ငြိမ်မနေရပါဘူး၊ စိတ်လေမှာစိုးလို.ဆိုပြီး နောင်တစ်ခုကို ရှာပေးပါတယ်။ (အလုပ်တွေ ရှားပါးတဲ့ခေတ်ကြီးမှာ ကိုယ့်အမေက အလုပ်ရှာတာအလွန်တော်ပါတယ်။) အခုလဲ ရန်ကုန်မှာ လုပ်နေတဲ့အလုပ်ကို သူဘဲ အတင်းထွက်ခိုင်းပြီး၊ ဒီမှာလာလုပ်ခိုင်းတယ်။ အခုအားလုံးအထိုင်ကျနေတော့လည်း၊ သူတစ်ယောက်တည်း မြန်မာနိုင်ငံမှာ မနေနိုင်တော့ဘူး၊ ၃အတွင်း အလုပ်ထွက်ပြီး ပြန်ခဲ့တော့တဲ့။ ဟူး..စိတ်လဲညစ်ပါရဲ့။ အမေတစ်ယောက်တည်း အထီးကျန်နေမှာလဲ တွေးပူမိပါရဲ့။ ဖြစ်နိုင်ရင် ကိုယ့်ဘ၀တက်လမ်းအတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်ပါပြီ။ ကိုယ်ပိုင်ဝင်ငွေလေးနဲ့ အမေ့ကို ရှာကျွေးချင်ပါသေးတယ်။ အမေကအဲဒါတွေနားမလည်ဘူးဗျာ။ သူသိတာက ကိုယ်ကအငယ်ဆုံး၊ ကိုယ့်အတွက်အလုပ်ဆိုတာ စိတ်မလေရုံ နေ့တိုင်းလုပ်စရာအလုပ်တာဝန်လေး တစ်ခုရနေရင် တော်ပြီလို. တွက်ထားပုံရတယ်။ အိမ်အတွက် ငွေရှာစရာ၊ပူစရာမလိုဘူးလို. ထင်နေပါတယ်။ ကိုယ်လဲ အမေ့ကိုလွမ်းတာပေါ့၊ အိမ်ကိုလည်း ပြန်ချင်တာပေါ့။ ဒါပေမယ့် အလုပ်တစ်ခုကိုလဲ လွယ်လွယ်နဲ့ စွန့်မထားခဲ့ချင်ဘူး။ နိုင်ငံရပ်ခြားမှာ အစ်မတွေနဲ့အတူ တစ်ဟိုတယ်တည်းမှာ ကိုယ်ဝါသနာလဲပါ၊ လစာလည်းကောင်းတဲ့အလုပ်တစ်ခုကို ရတယ်ဆိုတာ နည်းတဲ့ကုသိုလ်လားနော်။ ဒါပေမယ့် ကိုယ်ကျတော့ ပျော်ရွှင်ပြီး၊ မေမေကတော့ တစ်ယောက်တည်း အထီးကျန် အားငယ်နေမှာကို မမြင်ရက်ပြန်ဘူး။ ဒိကို ဘာလို.များပြန်မလာချင်လဲ မသိပါဘူးကွာ။ အခုလောလောဆယ်တော့ ဘာမှ မစဉ်းစားချင်သေးဘူးဗျာ။ ရှိတဲ့အလုပ်အေးဆေးလုပ်ပြီး ၃လပြည့်တာ ထိုင်စောင့်လိုက်ဦးမယ်။ အမေများ စိတ်ပြောင်းလို ပြောင်းငြားပေါ့နော်။ ပြန်ရတော့လဲ ထုံးစံအတိုင်း အမေ့လုပ်စာ ထိုင်စားလိုက်ဦးမယ်ကွာ။ အုံးစားတယ်။

Saturday 6 December 2008

မနက်၅း၀၀ Shangri-La hotel ပတ်ဝန်းကျင်




my comic

ဒီနေ့တော့ စာရေးရမှာပျင်းလို. ထိုင်ဆွဲဖြစ်တဲ့ ပုံလေးတွေတင်ဖြစ်တယ်။







ဒါလေးကတော့ ကောင်မလေးအသစ်ကလေးကို ပေးဖို. ----အဟဲ

Thursday 4 December 2008

ချစ်မိခဲ့သမျှ....(၆)

ဒီတစ်ခါတော့ ကြားကအကြောင်းလေးတွေ ကျော်လိုက်ပြီး၊ GTC ဇာတ်လမ်းလေးတွေ စလိုက်တော့မယ်နော်။
သူများတွေတကသိုလ်စတတ်နေတဲ့အချိန် ထွေးလေးတို.ဘယ်ချောင်မှာ အိပ်ပျော်နေလဲတော့မသိဘူး၊ GTC ကျောင်းတွေဖွင့်ပြီး ၂လလောက်နေတော့ အမေကသူ.ရုံးက အသိတစ်ယောက်ရဲ့သား ကျောင်းတတ်နေရပြီပြောမှ၊ သူကိုယ်တိုင် သန်လျင်သွား၊ စုံစမ်းမှဘဲ ကျောင်းတတ်ရမယ်မှန်းသိတော့တယ်လေ။ ကျောင်းစတတ်တဲ့နေ့က ကျောင်းကိုရောက်တော့ ညနေ၁း၃၀လောက်ရှိနေပြီ။ အမေ့နောက်ကနေ ကုပ်ချောင်းချောင်းနဲ့လိုက်ရင်း ဟိုကြည့်ဒီကြည့် မခုတ်တတ်တဲ့ကြောင်လေးလိုပေါ့။ ကျောင်းသားရေးရာမှာ စာရင်းတွေဘာတွေသွင်းပြီး၊ တတ်ရမယ့်အတန်းနဲ့ အချိန်စာရင်းကို အမေကယူပြီးရှေ.ကသွား၊ အိမ်အကူအစ်မကြီးက ကျောပိုးအိတ်လေးလွယ်ပြီးနောက်ကလိုက်၊ ကိုယ်ကတော့ သူငယ်တန်းတတ်တဲ့ကလေးလို အမေ့လုံခြည်စဆွဲပြီးမလိုက်ရုံတမယ် ဘေးကနေလိုက်ပေါ့။ (အဲဒီကိစ သူငယ်ချင်းတွေကပြန်ပြောရင် တော်တော်ရှက်တယ်၊ သူတို.ကပြောတယ် တက်ကသိုလ်တတ်တာ သူငယ်တန်းကျောင်းလိုက်အပ်သလိုဘဲတဲ့)
စာသင်ရမယ့်အတန်းထဲ အမေကဦးဆောင်ပြီးဝင်သွားတော့ စာသင်လက်စကျောင်းသားတွေက ပြူးပြူးပြဲပြဲ လှမ်းကြည့်ပေါ့။ မသိရင် အမေကဘဲအသက်ကြီးမှ ကျောင်းလာတတ်တဲ့ ကျောင်းသူသစ် ကျနေတာဘဲ။ အဟီး။
မှတ်မှတ်ရရ အဲဒီအချိန်က drawing အချိန်။ ဆရာက စာသင်တာကိုရပ်ပြီး အမေနဲ့ စကားလေးဘာလေးပြော၊ နောက်တော့ ကြိုက်တဲ့နေရာသွားထိုင်ဖို. ပြောတော့၊ အမေက စာသင်ခန်းကို တစ်ချက်လေ့လာပြီး၊ နောက်ဆုံးနီးပါးမှာ ၂ယောက်တည်း drawing ဆွဲနေတဲ့ ကောင်မလေးတွေနားကိုသွားဖို.ပြောတယ်။ ကိုယ်လဲ ကျောပိုးအိတ်လေးယူပြီး၊ မျက်နှာသေလေးနဲ့ သွားထိုင်တာပေါ့။ အမေက ဘေးကကောင်မလေးတွေကို နာမည်မေးပြီး၊ ကိုယ်နဲ့မိတ်ဆက်ပေးပေါ့။ သူတို.ကို မှာစရာရှိတာမှာပြီးတော့ စာသင်ခန်းထဲကနေထွက်ပြီး၊ အပြင်မှာ ကျောင်းဆင်းတဲ့ အထိစောင့်ပေါ့။ ညနေအိမ်ပြန်ရောက်တော့ အမေက နောက်နေ့လည်း အဲဒီကောင်မလေးတွေနဲ့ဘဲ တူတူထိုင်ဖို.၊ သူတို.က စာကြိုးစားပုံရတဲ့အကြောင်းပြောတယ်။ ကိုယ်ကလည်းစကားနားထောင်စွာနဲ့ဘဲ အဲဒီကောင်မလေးနဲ့ မခွဲမခွာနေနိုင်အောင်ကြိုးစားလိုက်ပါတယ်။
သူ.နာမည်က "ခင်" တဲ့။ အမေအပ်ခဲ့တဲ့ ကောင်မလေး ၂ယောက်ထဲက ချောချောလေးတစ်ယောက်ပေါ့။ အဲဒီကောင်မလေးက ရုပ်ကလေးချောသလောက်၊ စာလဲအရမ်းတော်တယ်။ အမေအခန်းထဲက ထွက်သွားအပြီး၊ ဆရာလည်းစာသင်ချိန်တစ်ချိန်ပြီးသွားတော့ အခန်းထဲကလူတွေက လာစပ်စုကြတယ်။ ပထမဆုံးမေးကြတဲ့ မေးခွန်းက နင်က ယောကျာ်းလေးလား၊ မိန်းကလေးလားတဲ့။ ကိုယ်ပြန်ဖြေစရာမလိုလိုက်ပါဘူး၊ အမေအပ်သွားတဲ့ ကောင်မလေးကဘဲ၊ ကိုယ်ကမိန်းကလေးဖြစ်တဲ့အကြောင်း၊ ကိုယ့်နာမည်၊ ကိုယ်ဆယ်တန်းကို ဘယ်နှမှတ်နဲ့အောင်လာကြောင်း သူကဘဲ အကုန်ဝင်ဖြေသွားပါတယ် (တော်တယ်နော် စုံစမ်းရေးက)
နောက်နေ့ကနေစပြီး ကျောင်းရောက်တာနဲ့ လိုအပ်သမျှစာတွေအကုန် သူရယ်၊ကိုယ်ရယ်၊ နောက်သူငယ်ချင်း ရယ် ၃ယောက်သား တူတူကူးကြရပါတယ်။ နားမလည်တဲ့စာတွေလဲ ၇ှင်းပြ၊ သူတတ်တဲ့ကျူရှင်မှာလည်း တူတူတတ်ဖို.မဲဆွယ်ရင်းပေါ့။ ဒီလိုနဲ့ အနေကလည်းနီး၊ သူကလဲချော၊ စာအသင်လဲကောင်းဆိုတော့ သိကြတဲ့အတိုင်းဘဲ ၇င်ကခုန်တာပေါ့။ သူနဲ့ချစ်နေတဲ့ ကာလတွေမှာကတော့ သူ.အကြိုက် စာလိုက်ကျက်ရင်းနဲ့ အချိန်ကုန်ရတာများပါတယ်။ သူက တော်တော်တော့ဆရာလုပ်ပါတယ်။ ရုပ်ကလေးချောသလောက် လိုက်တဲ့လူမရှိတာ မျက်နှာတည်လွန်းလို.လို. ကောင်လေးတွေက ပြောကြပါတယ်။ ကိုယ်ကိုတော့ သူကတော်တော်နိုင်ပါတယ်။ အမေနဲ့ကလဲ စာမကျက်ရင် ဖုန်းဆက်တိုင်သေးတယ်။ ကြာလာတော့ စိတ်ရှုပ်လာတာနဲ့ ဖြတ်ပစ်လိုက်ရတယ်။ ဟုတ်တယ်လေ.... ကောင်မလေးရတာနဲ့မတူဘဲ ကျောင်းမှာ အမေနောက်တစ်ယောက်ရတာနဲ့တူနေပြီ။ တခြားဇာတ်လမ်းလေးတွေကလည်း စရှုပ်ချင်နေတာလဲ ပါသပေါ့လေ။ သူမကတော့ အေးဆေးဘဲ၊ ဖြတ်မယ်ပြောတော့ ဖြတ်ချင်ဖြတ်ပေါ့တဲ့၊ ငါကတော့ဆုံးမစရာရှိတာ ဆက်ဆုံးမနေဦးမှာဘဲဆိုပြီး၊ ကျောင်းပြီးသွားတဲ့အထိ သူဆုံးမတာ ခံခဲ့ရပါတယ်။

Wednesday 3 December 2008

မျှော်လင့်ခြင်းပေးသူ

Alarm သံဆူဆူညံညံက Aircon အေးအေးမှာ ကွေးနေအောင်အိပ်ဖြစ်တဲ့ ကိုယ့်အတွက်တော့ နတ်ဆိုးသံ။ အဲဒီနတ်ဆိုးသံကို ပွစိပွစိလုပ်ရင်း၊ အိပ်ရာကနေ မထမဖြစ်ထရပြီပေါ့။ မျက်နှာသစ်၊ ရေချိုးပြီး၊ ခပ်နွေးနွေးအ၀တ်ကို ၀တ်ဆင်ပြီး၊ အောက်ထပ်ကိုဆင်းခဲ့တယ်။ ဒီချိန်ဆို သူမအလုပ်ကပြန်လာတော့မယ်လေ။
အဆောင်အောက်မှာ မြို.ထဲသွားကြမယ့်သူတချို.က ဖယ်ရီစောင့်နေကြတယ်။ သူငယ်ချင်းတစ်ယောက်က ကိုယ့်ကိုမြင်တော့ " လင်း, ဘယ်သွားမလို.လဲတဲ့" လှမ်းမေးတယ်။ ကိုယ်က "သူငယ်ချင်းတစ်ယောက် ကိုစောင့်နေတာ"လို. ခပ်တိုတိုဖြေရင်း၊ Hand Phone က music player လေးကိုဖွင့်ပြီး၊ နားကြပ်လေးကို နားထဲခပ်မြန်မြန်ထိုးထည့်လိုက်တယ်။ မဟုတ်ရင် ပြီးဆုံးမှာမဟုတ်တော့တဲ့ မေးခွန်းတွေ တရစပ်လာဦးမယ်။ အဲဒီတော့ သီချင်းကို volume အဆုံးထိဖွင့်ပြီး၊ စည်းချက်ထဲမျောပါပစ်လိုက်တာ ကိုယ့်အတွက် အကောင်းဆုံး အပန်းဖြေမှုတစ်ခုဘဲလေ။ 90ne ရဲ့ "စလုံးမှာ" ဆိုတဲ့သီချင်းလေးကိုနားထောင်ရင်း၊ သူမလာမယ့်လမ်းကို မျှော်မိတယ်။ ၇း၂၀မိနစ်မှာ သူမစီးလာတဲ့ ဖယ်ရီကားလေးရောက်လာတယ်။ ကိုယ်မျှော်လင့်နေတဲ့ လမင်းလေးက ပြုံးနေတဲ့မျက်နှာလေးနဲ့ ကားပေါ်ကနေဆင်းလာတယ်။ သူမသူငယ်ချင်းမလေးတွေနဲ့ စကားပြောကြရင်းပေါ့။ မျက်နှာပေါ်ကျနေတဲ့ ဆံပင်ရှည်တစ်ချု.ိကိုသပ်တင်ရင်း ကိုယ့်ရှေ.ကနေဖြတ်သွားတော့ သတိထားမိနေတယ်ဆိုတဲ့ အကြည့်တစ်ချက်နဲ့အတူ အပြုံးတချို.ကို လက်ဆောင်ပေးသွားတယ်။ နောက်တော့ သူမရဲ့ အဆောင်တံခါးဝဆီသို. တရွေ.ရွေ.ပေါ့။ ပြီးသွားပြီလေ....ကိုယ့်ရဲ့ တစ်ညနေတော့။ အပြန်လမ်းမှာ ရင်ထဲကတစ်ခုခု ကျန်နေခဲ့သလိုဘဲ။ နှလုံးသားဗလာနဲ့ပေါ့။
ဖယ်ရီပေါ်က ဆင်းတာနဲ့ သူငယ်ချင်းတွေနဲ့ စကားပြောရင်း၊ သူ.ကိုရှာမိတယ်။ ညနေအလုပ်ကပြန်တိုင်း ရီဝေတဲ့မျက်လုံးတွေနဲ့ စောင့်ကြည့်နေတတ်တဲ့ တစ်ယောက်ပေါ့။ တွေ.ပါပြီ။ အနွေးထည်အနီရောင်လေးက ယောကျာ်းမဆန်စွာ ဖြူနေတဲ့ သူ.အသားအရည်နဲ့ အချိုးကျစွာ ကြည့်ကောင်းနေပြန်တယ်။ ဆေးဆိုးထားတဲ့ ဆံပင်ရွှေညိုရောင်လေးတွေနဲ့ ဖုံးအုပ်ထားတဲ့ကြားက သူ.ရဲ့မျက်ဝန်းတွေက အရောင်တောက်ပစွာ သူမကိုစိုက်ကြည့်လျက်ပေါ့။ သူမနဲ့မျက်လုံးချင်းဆိုင်ချိန်မှာ ရှက်ပြီးခေါင်းငုံ.သွားတတ်တဲ့ သူ.အမူအရာတွေက သူမရဲ့ "ကို"နဲ့ယှဉ်ရင်တော့ အားနည်းချက်တွေဘဲပေါ့။ ဘာဘဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကို ပိုးပမ်းနေပါတယ်ဆိုတဲ့ အသိက ချစ်သူရှိနေပေမယ့်လည်း၊ သာယာနေချင်ပြန်သေးတယ်လေ။ ပြီးတော့ ကောင်လေးက ချစ်စရာလေး။ ကလေးဆန်ဆန်ရုပ်ကလေးနဲ့။ အဲလောက်၇ှက်တတ်တဲ့သူ.ကို မျက်လုံးချင်းတစ်ချက်ဆုံအောင်လုပ်ပြီး၊ အလှပဆုံးပြန်ပြုံးပြလိုက်တယ်။ သူ.ကိုကျောခိုင်းပြီး အဆောင်တံခါးဆီသို. လှမ်းလျောက်လိုက်တယ်ဆိုရင်ဘဲ ၊ ကောင်လေးကို လုံးဝမေ့သွားပြီး၊ "ကို"ဆီဖုန်းဆက်ဖို.ကိုဘဲ တွေးတောရင်း........... ။

ဒီနေ့(၃.၁၂.၀၈)အတွက် ရောဂါအသစ်

မနက် ၆း၃၀ canteen ဖွင့်တဲ့အချိန်ကို ဗိုက်ဆာဆာနဲ့စောင့်နေတုန်း၊ မန်နေဂျာဝင်လာပြီး၊ guest floor မှာရေယိုနေလို. လှေကားယူပြီးချက်ချင်းလိုက်ခဲ့ဆိုလို. ထပြေးရတယ်။ ညဂျူတီထွက်ခါနီးဆိုတော့၊ လူကလည်း အိပ်ချင်မူးတူးနဲ့ပေါ့။ ရေယိုတဲ့ကိစ ဖြေရှင်းလို.ပြီးတော့ ၇း၃၀နေပြီ။ အချစ်ဆုံးသူငယ်ချင်း (အစ်မလိုခင်ရတဲ့သူ) ဂျူတီဝင်ခါနီးပြီဆိုတော့၊ canteen မှာထိုင်ရင်းစောင့်ပေါ့။ သူ.အတွက် နို.တစ်ခွက်ယူပြီး၊ ဘေးမှာနေရာဦး၊ ရောက်တတ်ရာရာ ကောင်မလေးအကြောင်းတွေစဉ်းစားရင်း စောင့်ပေါ့။ သူလဲလာရော မုန်.ယူတဲ့အတန်းမှာ ကြာနေလို.၊ ဘာလုပ်နေတာလဲ ထကြည့်တော့ ပေါင်မုန်.ကင်နေတာဗျ။ အာ..မေ့တတ်လိုက်တဲ့ခေါင်း။ ကောင်မလေးအကြောင်း လျောက်စဉ်းစားနေတာနဲ့ သူစားနေကျ ပေါင်မုန်.မီးကင် အဆင်သင့်လုပ်ဖို. မေ့သွားတယ်။ သူကတော့ ဘာမှမပြောပါဘူး။ စားကြပြီး locker ရောက်တော့၊ ထပ်မေ့ပြန်ပြီ။ မနက်တိုင်း အစ်မတွေယူနီဖောင်းကို linen မှာသွားလဲပေးနေကျ၊ မေ့ပြီးမလဲလိုက်ရဘူး။ အရာရာကို ရှပ်ပြာပြာနဲ့ မေ့တတ်တဲ့ အကျင့်ဆိုးကလဲ ခုထိကိုမပျောက်။
မနက်၉း၀၀ထိုးတော့ ဂျူတီအပြီး ဖယ်ရီကို မှီအောင်ပြေးပေါ့။ ကားပေါ်ရောက်တာနဲ့ ear phone နားမှာထည့်၊ သီချင်းနားထောင်ရင်း အဆောင်ကိုပြန်။ အဆောင်ရှေ.ကိုကားရောက်တော့ အိပ်ချင်မူတူးနဲ့ ကားပေါ်ကအဆင်း၊ မိုးတွေဖွဲဖွဲလေးရွာနေတာ သတိထားမိတယ်။ (ဒီနိုင်ငံမှာ မိုးလုံးဝမရွာဘူးလေ)။ အားပါး....လှလိုက်တာ။ အိပ်ချင်နေတဲ့မျက်လုံးတွေ နဲနဲပြူးသွားတယ်။ မျက်လုံးရှေ.မှာ ကွယ်နေတဲ့ ဆံပင်ရှည်တွေကို အလျင်အမြန်သပ်တင်ပစ်လိုက်တယ်။ တရုတ်မလေးလား၊ ဖိလစ်ပိုင်မလေးလားတော့ မသိဘူး။ လှတာကတော့ တော်တော်ဘဲ။ ရင်ခုန်သံတွေ ချက်ချင်းမြန်လာတယ်။ ကဲ...ရောဂါအသစ်စပြန်ပြီဗျို.။

Monday 1 December 2008

မိမိကိုယ်ကို မုန်းတဲ့အချက်များ

သူငယ်ချင်း acacia က tag လို.၊ မုန်းတဲ့အချက်တွေ ရေးတော့မယ်။ ၁၀ချက်နဲ့ လောက်မယ်မထင်ဘူး။
၁) ယောကျာ်းမဟုတ်၊ မိန်းမမဟုတ်ဖြစ်နေတာ။
၂) ကောင်မလေးချောချော မြင်သမျှ ကြိုက်ချင်တာ။(အသက်က ကြီးလှပြီ)
၃) ချစ်တဲ့လူကို ဂရုမစိုက်ဘဲ၊ မချစ်တဲ့သူကိုမှ အသဲအသန်ကြိုက်တတ်တာ
၎) ရတဲ့လခကို လောက်အောင်မသုံးဘဲ အစ်မတွေနဲ့ အမေဆီက အခုထိ မုန်.ဖိုးလိုချင်နေသေးတာ။
၅) စာကောင်းကောင်းမကျက်ချင်ဘဲ သင်တန်းမျိုးစုံ၊ ကျောင်းမျိုးစုံ ပတ်တတ်ချင်နေသေးတဲ့ စိတ်။
၆) စိတ်တိုလာပြီဆိုရင် ဒေါသအရမ်းကြီးပြီး၊ မြင်မြင်သမျှ အကုန်ပတ်၇မ်းတတ်တာ။
၇) အချစ်ဆုံးသူငယ်ချင်းဆိုတာ အခုအရွယ်ထိမရှိသေးတာ။ (ဘယ်ရှိမှာလဲ သူငယ်ချင်းလဲ အလွတ်မပေးဘဲ ရည်းစားစကားပြောတာကိုး)
၈) ကိုယ်တိုင်ဟင်းမချက်ဘဲ သူများချက်တဲ့ဟင်းကို အလကားလိုက်စားပြီး၊ အားမနာတမ်း ဝေဖန်တတ်တဲ့အကျင့်။ (ကောင်မလေးတစ်ယောက်ဆို ဝေဖန်တာလွန်ပြီး၊ ငိုတောင်သွားတယ်)
၉) ဘယ်အလုပ်ကိုမှ ပြီးစီးအောင်မလုပ်ဘဲ၊ အစဘဲလုပ်ပြီး အဆုံးမသတ်တတ်တဲ့အကျင့်။
၁၀) အနားမှာရှိနေရင် သေလောက်အောင် ချစ်ပြပြီး၊ နဲနဲလေးဝေးတာနဲ့ မေ့သွားတတ်တဲ့ အကျင့်။
ဒါတောင် ၃မိနစ်အတွင်းရေးချလိုက်တာ ချက်ချင်းအဖြေထွက်တယ်၊ ဆက်ရေးရင် ၁၀၀ပြည့်မယ်ထင်တယ်။ အဟီး ...ကိုယ်တိုင်မဟုတ်ဘဲ၊ သူများတွေပါမုန်းမှာစိုးလို. လျော့လိုက်ပြီ။ မမုန်းကြနဲ့နော်....မုန်.၀ယ်ကျွေးမယ်။

ချစ်မိခဲ့သမျှ....(၅)

ပထမနှစ်မတတ်ခင် ဂျပန်စာတတ်တယ်၊ ပြီးကွန်ပျူတာဘာညာ ရှိသမျှ သင်တန်းပေါင်းစုံကို ကန်ထရိုက်ယူပြီး တတ်ဖြစ်တယ်။ အဲလိုတတ်တဲ့ သင်တန်းလေးတွေထဲမှာ Dancer သင်တန်းလေးတစ်ခုကို တတ်ဖြစ်တယ်။ အပတ်စဉ် ဘယ်လောက်ဘာညာတောင် အတိအကျမသိတော့ပါဘူး။ ကြာခဲ့ပြီလေ။ သင်တန်းစတတ်ပြီဆိုတာနဲ့ မော်ဒယ်မမလေးများနဲ့ စတွေ.တာပေါ့။ အလှအပ ကြိုက်တဲ့မမများနဲ့ မိန်းကလေးဆန်တဲ့ မော်ဒယ်ကိုကိုအများစု ရှိတဲ့သင်တန်းမှာ မိန်းကလေးမဆန်တဲ့ ကိုယ်က အလိုလိုနေရင် ကောင်မလေးများရဲ့ စိတ်ဝင်စားမှုကို ခဏလေးအတွင်းမှာရခဲ့ပါတယ်။ သင်တန်းကာလက ၁လတည်းပါ။ ၁လအတွင်း မောနေအောင်လဲက, ခဲ့ရပါတယ်၊ အမောပြေအောင်လုပ်ပေးတဲ့ သူလေးတချို.လည်း ရခဲ့ပါတယ်။ အဲဒီထဲက ၁လလုံးစွဲစွဲမြဲမြဲ တွဲခဲ့ရတဲ့သူကတော့ "သက်" တဲ့။ သူကအမှန်တော့ မော်ဒယ်သင်တန်းလာတတ်တာပါ။ ကိုယ့်ကို တွေ.လို. dancer သင်တန်းကိုပါတွဲတတ်ဖြစ်တယ်တဲ့။(ယုံမယုံတော့ မသိဘူးနော်၊ ကြွားတာမဟုတ်ဘူး)
သူက စမိတ်ဆက်တယ်၊ ကိုယ်က ချစ်တယ်လို. စဖွင့်ပြောတယ်။ ၂ရက်အတွင်းမှာဘဲ ကိုယ်တို. စတွဲဖြစ်တယ်။ သူနဲ့ တွဲနေတုန်း တခြားကောင်မလေးတွေနဲ့လည်း တွဲဖြစ်တယ်။ သူ့အပေါ်မှာ ကိုယ်သူငယ်ချင်း တစ်ယောက်လိုဘဲ သံယောဇဉ်ကိုထားဖြစ်တယ်။ သူကလဲ ကိုယ်က သင်တန်းမှာ လောလောဆယ် နာမည်ကြီးနေသူမို. လာတွဲတယ်လို.ဘဲ ထင်မိတယ်။ တကယ်တော့ အဲလိုမှ မဟုတ်တာ။ သူမ ကိုယ့်အပေါ် အရူးအမူးချစ်နေခဲ့တာတဲ့။ ကိုယ်တကယ်မသိခဲ့တာပါ။ သူ.အိမ်က လာပေးတဲ့ သူမရဲ့ ဒိုင်ယာရီစာအုပ်လေးကို ဖတ်မိမှဘဲ ကိုယ့်အပေါ်သူမရဲ့ အချစ်တွေကို သိခဲ့၇တယ်။ သိခဲ့တဲ့ အချိန်မှာ အရာအားလုံးနောက်ကျခဲ့ပြီလေ။ အမျိုးတွေလာလို. ပုဂံဘုရားဖူးလိုက်သွားရမယ်၊ တစ်လမ်းလုံး သတိရနေမှာဆိုပြီး၊ ထွက်သွားခဲ့တာ။ ပြန်မလာတော့ဘူးလေ။ သူပြောသွားတော့ တစ်ပတ်ဘဲ ကြာမယ်တဲ့။ ပြန်လာ၇င် ကိုယ်ကြိုက်တဲ့ ဇီးချိုသီးတွေဝယ်လာမယ်တဲ့။ တကယ်တမ်းတော့ ကိုယ်လက်ခံရရှိလိုက်တာက သူ.အမေပြောတဲ့ အပြန်လမ်းမှာ ကားမှောက်တာ ပေါင်ရိုးကျိုးပြီး၊ နံရိုးထဲထိုးမိလို. ပွဲချင်းပြီးဆုံးတယ်ဆိုတဲ့ သတင်းရယ်၊ သူမအခန်းထဲမှာ ကျန်ခဲ့တဲ့ ကိုယ့်အတွက် ဒိုင်ယာရီစာအုပ်လေးရယ်၊ ကိုယ်ဓာတ်ပုံလေးတွေ၊ ကိုယ်ပေးခဲ့တဲ့ အရုပ်လေးတွေရယ၊် သူမကတိတည်စွာဝယ်ပေးသွားတဲ့ ပုဂံပြန်လက်ဆောင် ဇီးသီးထုပ်လေး ၂ထုပ်ရယ်။
သေသောသူကြာရင်မေ့တဲ့။ ကိုယ်ကတော့ သူမကို အမြဲမဟုတ်တောင် တခါတရံ အကြောင်းတိုက်ဆိုင်တိုင်း လွမ်းမိပါတယ်။ သူ.အကြောင်းရေးနေတုန်း သူကောင်းရာမွန်ရာရောက်ဖို. ဆုတောင်းမိပါတယ်။