
ကျောင်းမဆင်းခင် သူငယ်ချင်းတွေစုပြီး အိမ်စောစောပြန်လာကြတယ်။ အတန်းဖော် သူငယ်ချင်းကောင်လေး တစ်ယောက်လည်း ပါလာတယ်။ ကားပေါ်မှာတော့ သူငယ်ချင်းတွေ ထုံးစံအတိုင်း တစ်ယောက်တစ်ပေါက် ပြောကြရင်းပေါ့။ လျောက်ပြောကြရင်းနဲ့ ကိုယ်ကောင်မလေးတွေ အများကြီးထားတဲ့ ဘက်ကိုရောက်သွားကြတယ်။ ထွေးလေးကအရမ်းစွံတယ် ဘာညာပေါ့။ သူငယ်ချင်းကပြောတယ်၊ နင်ဘယ်လောက်စွံစွံ နင်လိုက်လို.မရတဲ့ အစ်မကြီးတစ်ယောက် ရှိတယ်တဲ့။ သူငယ်ချင်းတွေရှေ.မှာ စော်ကားခံလိုက်ရသလိုဘဲ။ ချက်ချင်းမာနက ထောင်ထလာတယ်။ ဘယ်သူလဲ၊ ဘယ်ဌာနကလဲ။ ငါရအောင်လိုက်ပြမယ်ပေါ့။ နောက်ဆုံးတော့ လောင်းကြေးစားကြေး ပွဲလေးတစ်ခု ဖန်တီးဖြစ်ကြတယ်။ ၁လအတွင်း အဲဒီမမကို ရအောင်လိုက်၊ မရရင် အရှုံးပေါ့။ လောင်းကြေးကိုတော့ မမှတ်မိတော့ဘူး။ အဲဒီနေ့က အပြန်မှာတော့ မျှော်လင့်စိတ်ကူးယဉ်ခြင်းတွေအပြည့်နဲ့ပေါ့။ သူမကို ကျလာအောင် ဘယ်လိုချူရမလဲလို.လေ။ အမှန်တကယ်တော့ အဲဒီမမကို နာမည်တောင်မကြားဖူးဘူး။ မျက်နှာမြင်ဖူးဖို.ဆို အဝေးကြီး။
သူငယ်ချင်းပေးသွားတဲ့ ဟန်းဖုန်းနံပါတ်လေးတစ်ခုဘဲ ကိုယ့်လက်ထဲမှာ အဆက်အသွယ်လုပ်စရာရှိတယ်။ မထူးဘူးကွာဆိုပြီး၊ ဖုန်းနံပါတ်တွေကို ကောက်နှိပ်မိတယ်။ ဟဲလို...တဲ့။ ကောင်မလေးတွေ ပဲလေးနဲ့ ဖုန်းထူးနေကျ အသံမျိုးလေး။ အသံချိုချိုလေး။ ကိုယ်ကတော့ ရင်တွေတုန်နေတယ်။ ဟောက်လွှတ်မှာလဲ ကြောက်သား။ မထူးဘူးဆို အားတင်းပြီး ပြောဖြစ်တယ်။ မမကို ခင်ချင်လို.ပါလို.။ သူမ နဲနဲစဉ်းစားနေပုံရတယ်။ ပြီးမှ ဘယ်အတန်းကလဲ၊ ဘယ်နှစ်ကလဲမေးတယ်။ ကိုယ်ပြန်ဖြေတော့ ကိုယ့်ကို လုံးဝမသိဘူးတဲ့။ ဟီး အားရစရာဘဲ။ ကိုယ်က ကိုယ့်နာမည်ကို ကောင်မလေးတိုင်းသိတယ်လို. ထင်နေတာ။ ဒါပေမယ့် စကားကောင်းကောင်းပြန်ပြောပါတယ်။ ဒီလိုနဲ့ မထင်မှတ်ဘဲ ဖုန်းဇာတ်လမ်းလေးကို ၁၀ရက်လောက် လုပ်ဖြစ်တယ်။ ကြားအချိန်တွေမှာလဲ မမသွားလေရာလိုက်ချောင်း၊ အကြောင်းတွေ စုံစမ်းပေါ့။ မမက အစိုးရဘက်က အကောင်တော်တော်ကြီးကြီးရဲ့ တစ်ဦးတည်းသော သမီး။ ကျောင်းကိုလာရင် ပါဂျဲရိုးကြီးစီးပြီးလာတယ်။ ၅ခနဲ့ မမဆိုရင် လူတိုင်းသိသူပေါ့။ ဟန်းဖုန်းတွေ စပေါ်ကာစ အချိန်မှာ နံပါတ်အမျိုးမျိုးပြောင်းပြီး သုံးနိုင်သူတစ်ယောက်။ မမရဲ့ ဆိုးတဲ့ အချက်က ရည်းစားများခြင်း။ ဒါပေမယ့် ကျောင်းက ကောင်လေးတွေနဲ့ ရည်းစားမထားဘဲ၊ အပြင်ကလာတဲ့ အစ်ကိုကြီးတွေနဲ့သာ တွဲတတ်တယ်။ မမကို ပျက်စီးနေသူလို. ပြောကြတဲ့သူတွေက အများကြီး။ ဘယ်သူတွေ ဘာဘဲပြောပြော ဖုန်းဆက်လိုက်တဲ့ ၁၀ရက်အတွင်းမှာ မအိပ်နိုင် မစားနိုင် စွဲလန်းခဲ့ရသူက ကိုယ်။
မမက မြင်ဖူးချင်တယ်ဆိုလို. ချိန်းထားတဲ့နေ့မှာ၊ အရေးကြီး ပရက်တီကယ်နဲ့ ကျူတိုရီယယ်ရှိတာကို ဖျက်ပြီး၊ သူငယ်ချင်းတွေ အော်တာခံပြီး သွားတွေ.ခဲ့တယ်။ တကယ် မျက်နှာချင်းဆိုင်တွေ့ကြတော့ ဖုန်းထဲမှာချိုသလောက်၊ သူငယ်ချင်းတွေရှေ.မှာကျ မချိုတော့ပါလားမရယ်။ ကိုယ်က အရမ်းကို တစ်ဖက်သက် အရူးအမူးဖြစ်လို. လက်ခံတွေ.ပေးရတဲ့ ပုံစံမျိုး။ ဖုန်းထဲမှာတုန်းကတော့ မင်းကို မြင်ဖူးချင်လို.၊ ဒီနေ့မှ မင်းနဲ့မတွေ.ရရင် မမနေလို.မရတော့ဘူးလို. ကိုယ်ရူးအောင်ပြောခဲ့တဲ့ မမအသံတွေ။ လက်တွေ.မှာတော့ Max Orange တစ်ပုလင်းကို သောက်ရင်း မမရှေ.မှာ ကျောက်ရုပ်တစ်ခုလို ထိုင်ခဲ့ရတာပေါ့။ (အဲဒီချိန်ကစပြီး၊ ကိုယ်နေ့တိုင်း မမရှေ.မှာ Max Orange ကိုသောက်ရင်း လပေါင်းများစွာ နေခဲ့ရတယ်၊ ခုတော့ Orange ကို အရမ်းမုန်းသွားပြီ) စနောက်တတ်တဲ့ မမသူငယ်ချင်းတွေက ကိုယ့်ကိုသနားလာကြတယ်။ မမကို အဲလောက်ရူးနေတာကို ဆူပြောစပြုလာတယ်။ အမြဲမခွဲတမ်း တတွဲတွဲ ဖြစ်ခဲ့ဖူးတဲ့ သူငယ်ချင်းအုပ်နဲ့ ဝေးလာတယ်။ စာသင်ချိန်တွေမှာ စာသင်ခန်းထဲ၇ှိရမယ့်အစား ကင်န်တင်းနဲ့ မမတို. စာသင်တဲ့အဆောင်ရှေ.မှာဘဲ အချိန်ကုန်တတ်လာတယ်။ ညနေခင်း စာကျက်ချိန်ကနေ မမဆီဖုန်းဆက်ချိန်ဖြစ်လာတယ်။ Shopping မထွက်တတ်တဲ့ သူက မမလိုချင်သမျှ ၀ယ်ပေးဖို.၊ ၀ယ်သမျှအထုပ်တွေ ဆွဲပေးဖို. မညည်းမညူ လုပ်တတ်လာတယ်။ ဘယ်ကောင်မလေးကိုမှ စိတ်မ၀င်စားနိုင်တော့အောင် မမပြုစားထားတယ်။ ကဗျာစာအုပ်ထုတ်တော့ တစ်အုပ်လုံးမမအကြောင်းတွေချည်း ရေးဖြစ်တယ်။
ကိုယ်ကျောင်းမတတ်ဘူးလို. ပြောထားတဲ့နေ့မှာ မမက သူ.ချစ်သူကို ကျောင်းကိုခေါ်လာတယ်။ ကိုယ်ကလဲ ကံဆိုးစွာနဲ့ မမနဲ့မတွေ.ရရင် မနေနိုင်လို.၊ ရှိတဲ့ ကိစကိုဖျက်ပြီး ကျောင်းကိုအရောက်လာမိတယ်။ ကင်န်တင်းမှာ ကိုယ်တို.ထိုင်နေကျနေရာမှာ မမကို အစ်ကိုကြီးတစ်ယောက်နဲ့ တွဲတွေ.လိုက်ရတယ်။ မမကိုယ့်ကိုမြင်တော့ အံ့သြသွားတယ်။ သူ.သူငယ်ချင်းတွကလဲ မနေနိုင်စွာ ထွေးလေး ကျောင်းမတတ်ဘူးဆိုတဲ့။ ဘေးဝိုင်းက သူငယ်ချင်းတွေက မကြားတကြားလှမ်းစနေတယ်။ ကိုယ်ဘာမှ မကြားတော့ဘူး။ ရင်တွေအရမ်းခုန်တာ မြန်နေတယ်၊ ချက်ချင်းငိုချင်လာတယ်။ မမကတော့ ခပ်တည်တည်ဘဲ ထိုင်လေတဲ့။ အေးပေါ့ အမှန်တကယ်တော့ ကိုယ်ကဘဲ တစ်ဖက်သက်ရူးမိတာကိုး။ ကိုယ်တောင်မှ (အရင်ကောင်မလေးတွေတုန်းက ခဏခဏဖြတ်ခဲ့မိတာဘဲ။) သူလဲ ကိုယ့်ကို ကြာကြာဘယ်စိတ်ဝင်စားနိုင်ပါ့မလဲနော်။ ဒါပေမယ့်လေ ကိုယ်ဘယ်သူကိုမှ အရူးမလုပ်ခဲ့ဘူး။ စိတ်မ၀င်စားတော့ဘဲ ကိုယ့်ဘေးမှာ ကောင်မလေးတွေရှိနေတယ်ဆိုတဲ့ သာယာမှုတစ်ခုအတွက်နဲ့တော့ ဘယ်တော့မှ စွဲလန်းအောင်ဆက်မလုပ်ဘူး။ မမပြောတဲ့အတိုင်း ခုံမှာဝင်ထိုင်ဖြစ်တယ်။ သူ.အစ်ကိုကြီးနဲ့ မိတ်ဆက်ပေးတယ်။ ကိုယ်မခံနိုင်တော့လို. အဲဒီဝိုင်းကနေ ထွက်ပြေးခဲ့တယ်။ ကင်န်တင်းအပြင်ဖက်ကို ရောက်တာနဲ့ ခေါင်းတွေအ၇မ်းမူးလာတယ်။ အဲဒီနေ့က ကျောင်းဝင်းထိပ်မှာ ကိုယ်မူးလဲခဲ့တယ်။
နောက်နေ့တွေ ဖုန်းထပ်ဆက်တော့၊ ထပ်တွေ.ကြတော့ မပြောင်းလဲတဲ့ပုံစံနဲ့ ဆက်တွေ.ကြတယ်။ ကိုယ်လဲဆက်ရူးခဲ့တယ်။မမရဲ့ အမြဲပြောင်းလဲနေတတ်တဲ့ ချစ်သူတွေအတွက် ကိုယ်ကြိတ်ငိုခဲ့ရတယ်။ တစ်နှစ်ပြည့်တဲ့နေ့မှာ ပထမဆုံးစတွေ.တဲ့နေ့က အကျီလေးကို အမှတ်တရ၀တ်ဆင်ပေးလာတဲ့ မမကို အရမ်းကျေးဇူးတင်မိတယ်။ အိမ်လာလည်ဖို. မမကခဏခဏ ဖိတ်ခေါ်ခဲ့ပေမယ့်၊ အိမ်ရှေ.က ဖြတ်လျောက်တာနဲ့တင် ခမ်းနားလွန်းတဲ့ မမရဲ့အိမ်ကို ၀င်မလည်ရဲခဲ့ဖူး။
စာမေးပွဲအရမ်းနီးနေပြီ။ မမရောကိုယ်ရော၊ အရေးကြီးတဲ့နှစ်တွေရောက်နေကြပြီ။ ကိုယ်စာမကျက်နိုင်ခဲ့ဘူး။ မမမျက်နှာမှာဘဲ ကျောင်းသင်ခန်းစာရှိနေသလို ဖတ်နေခဲ့တဲ့ ရလာဒ်ကတော့ အဲဒီနှစ်မှာ ကိုယ်စာမေးပွဲကျတယ်။ မမကတော့ ဂုဏ်ထူးတွေနဲ့အောင်ပြီး၊ ကျောင်းပြီးသွားတယ်။ နောက်ဆုံးတော့ ကျောင်းဝင်းထဲမှာ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့တယ်။ ကြာတော့လဲ မမကိုယ့်ကိုမေ့သွားတယ်။ ကိုယ့်ဘက်ကတော့ November 11ရက် (မမနဲ့ စတွေ.ခဲ့ရတဲ့နေ့လေး)ကို ခုထိမေ့မရသေးဘူး။
3 comments:
ဒီလောက်ရှုတ်တာ ၀ဋ်လည်မှာပေါ့ ဟီးးးးး နောက်တာနော်...
သေချာတာပေါ့ သယ်ရင်းရယ်။ ၀ဋ်လည်တာက ဒါနဲ့တင်မရပ်ဘူးဟ။ ဆက်ပါသေးတယ်။
ဆံပင်တွေတောင် တော်တော်ရှည်လာပြီနော်..
မိန်းကလေးနဲ့ ပိုတူလာတယ်... he he :D
Post a Comment