Wednesday 10 December 2008

လူတွေအကုန်သိနေပြီ

မင်းကြောင့် ငါအိပ်မပျော်တာ
လူတွေအကုန်သိနေပြီ
အချိန်ရှိတိုင်း မင်းကို
ရင်ခုန်နေတတ်တာ
လူတွေအကုန်သိနေပြီ
မင်းလာမယ့်လမ်းကို
ငါမျှော်နေတတ်တာ
လူတွေအကုန်သိနေပြီ
မင်းနောက်မှာ အရိပ်လို
ငါကပ်နေတတ်တာ
လူတွေအကုန်သိနေပြီ
မင်းမရှိဘဲ
ငါဘယ်မှမသွားတော့တာ
လူတွေအကုန်သိနေပြီ
မင်းကကော
ဒါတွေကို မသိတာလား
မသိချင်ယောင်ဆောင်နေတာလား
ငါကတော့
မျှော်လင့်ရင်း.....ရူးပေါ့။
အဲဒါကိုလည်း
လူတွေအကုန်သိနေပြီဘဲလေ

4 comments:

Anonymous said...

ချစ်သူကို သိစေချင်

တာကို ကဗျာလေးသီထားတာကောင်းပါပေတယ်

ဒီထက်ပိုရေးသားနိုင်ပါစေ

အားပေးလျက်နော်

♥ Acacia ♥ said...

ဒါက နံပါတ် ဘယ်လောက်မြောက်အတွက်လဲ :P နောက်တာ :D

GHOSTBELL said...

ဟီးဟီး ကိုယ်တိုင်လဲ နံပါတ်ဘယ်လောက်မြောက်လဲ သိတော့ဘူး။

Anonymous said...

Hate Hate....