Saturday 27 December 2008

နိုင်ငံခြားက ဆေးရုံ

December 18ရက် မနက်ခင်း၆း၃၀လောက်မှာပေါ့၊ မနက်စာစားဖို. ကျန်သေးတဲ့အလုပ်တချို. လက်စဖြတ်နေတုန်း၊ ရုံးခန်းထဲကဖုန်းသံမြည်လာတယ်။ မန်နေဂျာက ဖုန်းကောက်ကိုင်ပြီး စကားပြောတယ်။ နားစွင့်ကြည့်လိုက်တော့ car accident ဖြစ်တာတဲ့။ မနက်၆း၀၀ အဆောင်ကထွက်လာတဲ့ကား၊ ဟိုတယ်နားအရောက်မှာ မှောက်လို.တဲ့။ ချက်ချင်းဘဲ ကိုယ့်သူငယ်ချင်း ဘယ်သူတွေပါလဲ တွေးရတော့တာပေါ့။ ချက်ချင်းခေါင်းထဲမှာသတိရလိုက်တာ ကိုယ့်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်။ သူက ကိုယ့်အစ်မလိုခင်ရတဲ့သူ။ သူ.ဖုန်းကို ဆက်တော့ ဖုန်းလုံးဝမကိုင်တော့ဘူး။ ကိုယ်လဲတော်တော်ပူသွားတယ်။ တခြားပါနိုင်တဲ့ သူငယ်ချင်းတွေဆီလှမ်းဆက်မေးတော့ သူလက်ကျိုးသွားတယ်လို. ပြောကြတယ်။ သူ.ဘေးနားမှရှိနိုင်တဲ့ သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်ပြီး၊ သူနဲ့စကားပြောရတော့ အရမ်းနာကျင်နေတဲ့ အသံနဲ့ " ညီမလေး ဆေးရုံလိုက်ခဲ့နော်" တဲ့။ သူလဲဒါဘဲပြောနိုင်တယ်။ ကိုယ်လဲ ဂျူတီမနက်၈း၀၀ ပြီးပြီးချင်း ဆေးရုံကို ပြေးတာပေါ့။
Welcome from Al Mafraq Hospital တဲ့၊ ထူးထူးဆန်းဆန်း။ ဆေးရုံကိုများကြိုဆိုနေသေးတယ်။ ကားတိုက်တာဆိုတော့လည်း Emergency Section ကိုပြေးရတာပေါ့။ ဟိုရောက်တော့ အပြင်မှာတော့ ကိုယ့်ဟိုတယ်ကလူတွေကို တွေ.တယ်။ သူငယ်ချင်းကိုမေးတော့ အရေးပေါ် အခန်းထဲမှာတဲ့။ အထဲဝင်ဖို.ကလဲ Security တွေက ခွင့်မပြုဘူး။ ကိုယ်လဲကြိုးစားပြီးပြောလိုက်တာ၊ နောက်ဆုံးတော့ ၀င်ခွင့်ရသွားတယ်။ အထဲရောက်တော့ တွေ.လိုက်ရတယ်၊ သူငယ်ချင်းရဲ့ အားငယ်နေတဲ့၊ ဝေဒနာခံစားနေရတဲ့ မျက်နှာတစ်ခု။ ကိုယ်တကယ် စိတ်မကောင်းဖြစ်သွားတယ်။ ကိုယ်တို.၂ယောက်စကားတွေပြောကြတယ်။ သူကပြောတယ်၊ ဆေးရုံကဝေးလွန်းလို.၊ Ambulance ကားလာဖို. နာရီဝက်လောက် accident ဖြစ်တဲ့နေရာမှာ စောင့်ရတယ်တဲ့။ ကားလာတော့လဲ ဆေးရုံရောက်ဖို. နာရီဝက်လောက်ထပ်စီးရတယ်တဲ့။ လက်မှာလဲ လက်မောင်းကနေ လက်ဖျံအထိ ဖန်ကွဲစတွေ အပြည့်။ သွေးတွေနဲ့ပေါ့။ လက်ကျိုးတာမဟုတ်လို.တော်သေးတာပေါ့။
သူများတွေ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြတဲ့အချိန်၊ ကိုယ်သူငယ်ချင်း မပြန်ရသေးဘူး။ ကိုယ်တို.လဲ အဆောင်ပြန်ချင်ကြပြီလေ။ နောက်ဆုံးတော့ သေချာသိလိုက်ရတာက ဆေးရုံတတ်ရမယ်တဲ့။ ၂ယောက်စလုံးတော်တော် စိတ်ညစ်သွားကြတယ်။ ၂ရက်၃ရက်ပါတဲ့။ ဆေးရုံတတ်ရမယ်ဆိုတော့ လိုအပ်တာလေးတွေမေးရရတော့တာပေါ့။ လူနာကြည့်ချိန်က မနက်၁၀း၀၀ကနေ ည၁၀း၀၀ထိတဲ့။ ညစောင့်အိပ်ဖို.မေးတော့ အကုန်လုံးက On Duty တွေ။ Special Nurse ငှားမယ်လုပ်တော့၊ သူတို.ကမေးတယ် "Special Nurse" ဆိုတာဘာလဲတဲ့။ သူတို.ဆီမှာ မကြားဖူးဘူးတဲ့။ ညလဲစောင့်စရာမလိုဘူးတဲ့။ တာဝန်ကျ သူနာပြုတွေက သေသေချာချာပြုစုပေးတယ်တဲ့။ ကိုယ့်မှာက မေးမိတာတောင်မှားပေါ့။ အဲလိုဟိုမေးဒီမေးနဲ့ လုပ်နေတုန်း လူနာကလဲ နာလှပြီ။ သူလဲ နားချင်ပြီပေါ့လေ။ အခန်းမေးတော့ စောင့်ဦးတဲ့။ စောင့်ဆိုလို. စောင့်လိုက်ရတာ ၁း၀၀လောက်ကြာမယ်။ ပြီးမှ အခန်းရပြီဆိုပြီးပြောတယ်။
ဆေးရုံခန်းလေးက ချစ်စရာလေးပါ။ တစ်ခန်းလုံးအဖြူရောင်သုတ်ထားတယ်။ တစ်ယောက်ခန်းလေး။ အနိမ့်အမြင့် လိုသလိုAdjust လုပ်လို.ရတဲ့ ကုတင်လေးတစ်လုံး၊ လူနာလာကြည့်တဲ့သူထိုင်ဖို. ဆိုဖာခုံလေးတစ်ခုံ(နောက်တော့ ကိုယ့်အိပ်ရာပေါ့)၊ တင်ချင်တာတင်ဖို. ဘီးတပ်စားပွဲလေး၂လုံး၊ အ၀တ်အစားထည့်ဖို.ထင်တယ် ဘီရိုအရှည်လေးတစ်လုံး။ Samsung Flat TV တစ်လုံးကတော့ လူတိုင်းသဘောကျကြတာပေါ့။ ကဲ...အခန်းထဲရောက်ပြီဆိုတော့လဲ ပစည်းတွေနေ၇ာချဖို.လုပ်ရတာပေါ့။ ခက်တာက အကုန်လုံးက Emergency ဆိုတော့ ဘာမှပါမလာဘူးလေ။ အဓိကက ဆောင်းတွင်းကြီးမှာ အနွေးထည်က မရှိတာ။ သူ.အနွေးထည်ကလဲ ကားတိုက်တုန်းက စုတ်ပြတ်သွားလို. လွှင့်ပစ်ခဲ့ရပြီ။ ကိုယ်ကလဲ ပဲများပြီး အနွေးထည်မ၀တ်ဘဲ T Shirt လက်ရှည်လေးကိုဘဲ ၀တ်ခဲ့တာဆိုတော့ ချွတ်ပေးခဲ့လို.မရ။
ဆရာဝန်ရောက်လာလို. ရောဂါအခြေအနေမေးကြည့်တော့ စိတ်မရှည်တဲ့လေသံနဲ့ မဖြေချင့်ဖြေချင် ဖြေသွားတယ်။ သူနာပြုလာလို. ဝေဒနာကို ညည်းတွားမိတော့ သူစိမ်းဆန်တဲ့ မျက်လုံးတွေနဲ့ ကြည့်သွားတယ်။ ကိုယ်တောင် အားငယ်သွားတာ ဝေဒနာခံစားနေရတဲ့ သူငယ်ချင်းဆို ပြောစရာမရှိ။ ညနေရောက်တော့ အလုပ်သွားဖို.ပြင်ရတယ်။ ကိုယ်က Night Duty ကျနေတာလေ။ သူ.ကို ညစောင့်အိပ်ဖို. မဖြစ်နိုင်ဘူးပေါ့လေ။ သူကတော့ စိတ်မပူအောင်ပြောပြီး အလုပ်သွားဖို.လွှတ်တယ်။ ညဂျူတီကျတဲ့ သူနာပြုကို ပြုစုပေးဖို. မှာမလို. ကြည့်လိုက်တော့ စူပုပ်နေတဲ့မျက်နှာနဲ့ သောက်ဆေးပေးပြီး ချက်ချင်းထွက်သွားတယ်။ ခေါ်နေတာတောင် မကြားချင်ယောင်ဆောင်လို.။ အဆောင်အယောင်တွေပြည့်စုံပေမယ့် ကိုယ်တို.နိုင်ငံက ဆေးရုံတွေလောက် နွေးထွေးမှုမရှိလိုက်တာ။ ဆေးရုံကြီးကလှပါတယ်။ ကိုယ်တို.ရန်ကုန်ဆေးရုံကြီးနဲ့ အပြင်အဆင်ကတော့ တခြားစီပါဘဲ။ ဒါပေမယ့်ဗျာ ဘယ်နေရာကြည့်ကြည့် လူမျိုးခြားတွေရဲ့ သူစိမ်းဆန်တဲ့အကြည့်တွေ၊ လူနာက bell တီးပြီး သေအောင်ခေါ်လဲ မလာတာတွေ၊ ဘာမေးမေး ဖြေချင်မှဖြေ၊ ဂရုစိုက်မှုမရှိတာတွေက ကိုယ်တို.မြန်မာနိုင်ငံမှာတော့ အဲလိုမရှိပါဘူး။ ဆရာမတွေ အပြောကြမ်းလို. အော်ချင်အော်မယ်၊ သူတို.စိတ်ထဲမှာ စေတနာအပြည့်နဲ့လုပ်ပေးကြပါတယ်။ စိတ်တိုပြီးဆူချင်ဆူမယ်၊ လူနာမေးသမျှကိုတော့ သူတို.သိသလောက်ဖြေတတ်ကြပါတယ်။ ပိုက်ဆံပေးရင်ရတာဘဲ ဆိုပြီးတော့တော့မပြောပါနဲ့၊ သူတို.ရဲ့ ၀မ်းစာကမှမလောက်တာလေ။
၂ရက်၃ရက်ဆိုတဲ့ ဆေးရုံမှာ ဒီနေ့ဆိုရင်တော့ ၁၀ရက်တိတိကြာသွားပြီ။ ဘာမှမဖြစ်ဘူးဆိုတဲ့ လက်ကိုလဲ ပေါင်ကအသားထုတ်ပြီး၊ လက်မှာပြန်ကပ်လိုက်ရတယ်။ မြင်းမြီးနဲ့ချုပ်ရင် ချုပ်ရိုးရာကျန်ခဲ့ပြီး၊ ရုပ်ဆိုးမှာစိုးလို.ဆိုပြီး၊ စတာပလာတွေနဲ့ စာရွက်တွေချုပ်သလို ချုပ်ထားတာကို ရင်ကွဲအောင် အော်ဟစ် ဖြုတ်ထုတ်ခဲ့ကြပြီးပြီ။ စကားကို ခင်ခင်မင်မင်မပြောတတ်တဲ့ ဆေးရုံဝန်ထမ်းတွေကိုလဲ ကိုယ်တို.၂ယောက် မသိချင်ယောင် ဆောင်တတ်ခဲ့ပြီ။ ကိုယ်လဲ မနက်ခင်း အလုပ်ပြီးတာနဲ့ ဆေးရုံတန်းသွား၊ ညဂျူတီဝင်ခါနီးမှ အိမ်ပြန်လာ။ ဒီလိုနဲ့ Christmas တောင် ပြီးသွားခဲ့ရောပေါ့။ နက်ဖန် သို.မဟုတ် သန်ဘက်ခါတော့ ဆေးရုံကဆင်းရတော့မယ် ထင်တယ်လေ။ သူငယ်ချင်းတို.လဲ ဆုတောင်းပေးကြနော်၊ ကိုယ်သူငယ်ချင်း ဆေးရုံက မြန်မြန်ဆင်းရပါစေလို.ပေါ့။

3 comments:

Anonymous said...

I'm Felling Bad For Your Friend... !
ဆေးရုံနဲ့ ပက်သက်လာရင်.. ငါမှာလဲစိတ်မကောင်းစရာတွေ..
သတိရစရာတွေအများကြီးပဲ..
နောက်မှရေးတော့မယ်ဟာ......

♥ Acacia ♥ said...

ကြောက်စရာ လန့်စရာပါလားနော်

Unknown said...

I'm also same feeling with your fried.