Tuesday 30 September 2008

စိတ်ညစ်ရတဲ့ည

တစ်နေ့လုံး ပျော်ရွှင်နေပါရက်နဲ့ သူ.ကို မြို.ထဲမှာတွေ.လိုက်ရတယ်ဆိုတဲ့ သတင်းစကားကြောင့် စိတ်တွေလေးလံထိုင်းမှိုင်းသွားလိုက်တာ အတူညစာစားနေတဲ့ သူငယ်ချင်းတွေကတောင် ဘာဖြစ်သွားတာလဲလို. မေးယူရတယ်။ ကောက်ခါငင်ခါ မြို.ထဲသွားမယ် ဘယ်သူလိုက်မလဲမေးတော့ အားလုံးကတအံ့တသြနဲ့ ခေါင်းခါကြတယ်လေ။ ဟုတ်တာပေါ့ ညဘဲ၁၂း၀၀ ထိုးတော့မယ်။ စိတ်ညစ်ရတဲ့ဒဏ်ကို နဲနဲလေးမှမခံစားနိုင်သူ ကိုယ်ကတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး တစ်ယောက်ထဲမြို.ထဲကို Taxi စီးပြီးထွက်ခဲ့တယ်။ တစ်လမ်းလုံးလဲ အတွေးတွေအစုံပါဘဲ။ ငါ့ကိုဘာလို.မခေါ်ရတာလဲ။ ငါ့ကိုဆိုပစ်ထားတယ်။ ဘယ်သူနဲ့သွားတာလဲ။ အစရှိတဲ့ အတွေးတွေကအစုံပါဘဲ။ သူငယ်ချင်းတွေ၊ အစ်မလိုခင်မင်ရသူတွေပြောနေကြတဲ့ နင့်ကိုညာစားနေတာ၊ ငှက်ပျောသီးလိုအခွံနွှာနေတာ အစရှိတဲ့ စကားလုံးတွေကို ဂရုမစိုက်ဘဲ သူ.ကိုချစ်ခဲ့ရတာပါ။
Abu Dhabi Mall ရောက်တော့ သူ.ကိုတွေ.လိုက်ပါပြီ။ (အမှန်တော့ မသိစိတ်က တမင်သူရှိတဲ့အရပ်ကို သွားရှာနေတာလေ) သူ.သူငယ်ချင်း(ကိုယ့်ချစ်သူဟောင်း)နဲ့ သူငယ်ချင်းနောက်တစ်ယောက်နဲ့။ သူကတော့အနောက်မှာ တစ်ယောက်တည်းလေ။ သူ.မျက်နှာလေးကို ကြည့်ပြီး အရမ်းလွမ်းနေမိတယ်။ ခေါ်လိုက်ရင် သူကိုယ့်ဆီလာမယ်သိပေမယ့် မခေါ်ဖြစ်ဘူး။ ကိုစရောက်တဲ့အချိန် သူပြန်တာသိရတော့လဲ ရင်ထဲမှာဟာတာတာနဲ့။ စိတ်ညစ်ညစ်နဲ့ လမ်းဆက်လျောက်တယ်။ မျက်စိထဲတွေ.ကရတွေလျောက်ဝယ်ဖြစ်တယ်။ (လမ်းရောက်မှသေသေချာချာပြန်ကြည့်တော့ ကိုယ်အတွက်တစ်ခုမှ မပါဘူး၊ သူ.အတွက်တွေချည်းဘဲ) ရုပ်ရှင်သွားကြည့်တယ်။ ဘာကားကိုဝင်ကြည့်မိမှန်းမသိအောင် စိတ်တွေပျံ့လွင့်နေတယ်။ တစ်ဝက်တစ်ပျက်မှာ ထထွက်လာခဲ့တယ်။ မနက်၂း၃၀နေပြီ။ ရုပ်ရှင်ကြည့်နေတုန်း Mobile Silent လုပ်ထားမိလို. ဖွင့်ကြည့်မိတော့ သူ. miss call တွေတွေ.ရတယ်။ သူငါ့အပေါ် သံယောဇဉ်ရှိသေးသားဘဲဆိုပြီး လှစ်ခနဲစိတ်ချမ်းသာမိတယ်။ သူ.ဆီဖုန်းခေါ်တော့ ဘယ်မှာလဲလို.မေးတယ်။ ပြန်လာနေပြီလို.ပြောရင်း၊ taxi ကိုငှားဖြစ်တယ်။ လမ်းမှာတော့ သူ.ကိုတွေ.ရတော့မယ်ဆိုတဲ့ အတွေးများနဲ့ပေါ့။
အဆောင်ပြန်ရောက်တော့ မနက်၃း၃၀တော့မယ်။ အဆောင်က မြို.ထဲနဲ့တော်တော်အလှမ်းဝေးတယ်လေ။ သူ.အတွက် ၀ယ်လာတဲ့ပစည်းလေးတွေသွားပေးမယ်ပေါ့ဆိုပြီး ဖုန်းဆက်လိုက်တော့၊ သူအိပ်နေပြီတဲ့။ မနက်ဖန်မှလာခဲ့ပါတဲ့။ တော်တော်စိတ်မကောင်းဖြစ်မိသွားတယ်။ တစ်ညလုံးအိပ်မရဘူး။ မိုးလင်းခါနီးမှ အိပ်ပျော်သွားပြီး၊ သူ.ဆီက၁၀း၀၀လောက်မှာဖုန်းလာတယ်၊ သူအလုပ်သွားနှင့်ပြီတဲ့။ ဟူး စိတ်ဓာတ်တော်တော်ကျသွားတယ်။ စိတ်ညစ်ညစ်နဲ့ ပြန်အိပ်ပစ်တယ်။ ခေါင်းတွေကိုက်နေတယ်။ အခုမှဘဲနိုးတယ်။ ဒီနေ့ညလဲ ဘယ်လိုကြံမှတွေ.ရမယ်မှန်းမသိတော့ပါဘူး။ ကိုယ်က ပြန်ေ၇ာက်ချိန်၊ သူအိပ်နေဦးမှာလားလေ.........။

Sunday 28 September 2008

TV ပြသနာများ

ဒီနေ့အလုပ်ထဲကိုစရောက်တာနဲ့ ကြုံလိုက်ရတာကတော့ TV ပြသနာတွေပါဘဲ။ စစချင်း အခန်းနံပါတ် (၂၃၄) ဧည့်သည်က သူ.အခန်းမှာ TV မလာလို.ဆိုပြီးပြေးရပါတယ်။ သွားကြည့်တော့ သူကြည့်နေကျ အီတလီလိုင်း ဖမ်းမရလို.ပါ။ System ကိုပြန်စစ်ကြည့်တော့ receiver မှာ အဲဒီလိုင်းဖမ်းမရဘူးဖြစ်နေပါတယ်။ free line ကိုအသုံးပြုထားတော့ ပင်မနေရာကလွှင့်တာကို မမိရင်ဖမ်းလို.မရဖြစ်နေတတ်ပါတယ်။ အဲဒါနဲ့ ဧည့်သည်ကို တောင်းပန်ပြီး၊ တခြားလိုင်းတွေ စိတ်ဝင်စားအောင် လျောက်ဖွင့်ပြရပါတယ်။
နောက်တစ်ခန်းကတော့ အခန်းနံပါတ် (၂၄၀)၊ ဒီအခန်းကတော့ရှင်းပါတယ်။ remote control battery ကုန်နေတာပါ။ remote battery လဲပေးလိုက်တော့ ပုံမှန်ပြန်ဖြစ်သွားပါတယ်။
နောက်အခန်းနံပါတ် (၆၃၁)ကျတော့ TV မှာဘာရုပ်မှမပေါ်တာဗျ။ တော်တော်ခေါင်းစားသွားပါတယ်။ ကြိုးတွေလွတ်နေလားကြည့်တော့လဲ အားလုံးကအိုကေနေတယ်။ Program လဲသေချာစစ်ပေါ့။ နောက်ဆုံးတော့ ပြသနာက TV မှာလာဖြစ်နေတာပါ။ အလုံးလိုက်လဲရမှာပါ။ ဧည့်သည်ကို TV လဲဖို. ခွင့်တောင်းတော့ သူကခွင့်ပြုပါတယ်။ အဲဒီမှာစကြုံရတာကတော့ TV ကိုတစ်ယောက်တည်း ဘယ်လိုလဲရမလဲပါဘဲ။ ခါတိုင်းတော့ အဖော်တစ်ယောက်အမြဲပါတတ်တယ်။ ဒီလကစပြီး တစ်ဂျူတီလုံးကို တစ်ယောက်တည်းချထားတော့ ဘယ်သူမှအားကိုးစရာ မရှိပါဘူး။ ဧည့်သည်ကလဲ ငုတ်တုတ်ထိုင်စောင့် နေတော့ အပြင်ပြန်ထွက်ပြီးလူလိုက်ရှာဖို.က မဖြစ်ဘူးလေ။ အဲဒါနဲ့ ကိုယ်တိုင်မဖို.ပြင်ရပါတော့တယ်။ TV ကြိုးတွေကိုသေသေချာချာမှတ်ပြီးဖြုတ်၊ screw တွေသေချာဖြုတ်ပြီး။ TV အလုံးလိုက်ကို တစ်ယောက်ထဲမရပါတယ်။ ကံကကောင်းတော့ Main Door နားက အခန်းဖြစ်နေလို.ပေါ့။ မဟုတ်လို.ကတော့ Main Door ရောက်တဲ့အထိ သယ်ရမှာ မစားသာဘူးလေ။ Lift ရောက်တော့ ၇ထပ်ကိုတက်၊ ကောင်းတဲ့ TV ကို၇ှာ၊ ပါလာတဲ့ အပျက်ကို မကောင်းတဲ့အခြမ်းမှာထားခဲ့ပြီး၊ ပြန်ဆင်းလာရပါတယ်။ အခန်းထဲပြန်ရောက်တော့ ကြိုးတွေဘာတွေသေချာပြန်တပ်ပြီးတဲ့ အချိန်မှာ စစ်ဆေးကြည့်တော့ အိုကေတယ်ဗျ။ တော်သေးတာပေါ့။ ဘုရားစာရွတ်ပြီးပြန်ဆင်နေတာ။ ဒီအလုံးလဲပြီးလို.မှပြန်မကောင်းရင် ဧည့်သည်က Complain တတ်တော့မှာ သေချာနေပြီလေ။ ကံကောင်းထောက်မစွာနဲ့ဘဲ အဆင်ပြေသွားပါတယ်။
နောက်တစ်ခန်းကျတော့ DVD အလုပ်မလုပ်ဘူးဗျ။ ဒါကတော့လွယ်ပါတယ် HTML Cable လွတ်နေလို.ပါ။ ဒါနဲ့ဘဲ cable ပြန်တပ်ပေးခဲ့ပါတယ်။
အခန်းနံပါတ် ၄၀၅ ကျတော့ TV Cabinet Light Fused ဖြစ်တာလေ။ မီးချောင်းကျွမ်းတာပေါ့။ မီချောင်းက ဖြုတ်ပြီးပြန်တပ်ရုံဘဲပေမယ့်၊ TV Cabinet ရဲ့ အနောက်ကချောင်လေးထဲမှာဆိုတော့ အနောက်က ပျဉ်ချပ်ကြီးကို ခွာပြီးမှ လဲလို.ရပါတယ်။ အဲဒီပျဉ်ချက်မှာ စုစုပေါင်း screw အလုံးပေါင်း ၄၀ကျော်တပ်ထားပါတယ်။ အဲဒီScrew တွေကို ခွာထုတ်ဖို.အတွက် အ၇င်ဆုံး TV Cabinet ကြီးကို အရှေ.တွန်းရွှေ.ရပါတယ်။ အားလားလား ရွေ.တောင်မရွေ.ပါဘူး။ ဧည့်သည်ကလဲ ထိုင်ကြည့်နေပါတယ်။ စိတ်ညစ်လိုက်တာလေ။ ငိုတောင်ငိုချင်တယ်။ အဲဒါနဲ့ အပြင်ထွက်ပြီး၊ housekeeping တစ်ယောက်ကို ရီပြပြီး အကူအညီတောင်းရပါတယ်။ သူကလဲ မကြည်မလင်နဲ့ ကူညီတယ်။ ဟုတ်တယ်လေ။ သူ.မှာလဲ သူ.အခန်းတွေပြီးအောင် ၇ှင်းရဦးမှာကိုး။ TV Cabinet ကြီးရွှေ.အပြီးမှာတော့ screw တွေကို တစ်ယောက်ထဲ ဖြုတ်ရပါတော့တယ်။ ဧည့်သည်ကလဲ စိတ်မရှည်တော့ပါဘူး။ သူ အပြင်သွားမယ်၊ ပြန်လာရင်ပြီးတာ မြင်ချင်တယ်လို. ပြောပြီးထွက်သွားပါတယ်။ ကိုယ်လဲတော်တော်ပျော်သွားတယ်။ သူ.အရှေ.မှာ လုပ်နေရတာထက်စာရင် ကိုယ့်ဘာသာ မြန်မြန်ဆန်ဆန် လုပ်ပစ်လိုက်ချင်နေတာပါ။ သူရှိနေတော့ အသံတွေဘာတွေ ဆူမနေအောင် ထိန်း၇သေးတယ်လေ။ Screw တွေဖြုတ်ပြီး၊ မီးချောင်းလဲပြီး ပြန်တပ်။ အားလုံးပြီးတော့ TV cabinet ကိုပြန်တွန်းဖို. လုပ်ရပါတယ်။ Housekeeping ကလဲမရှိတော့ပါဘူး။ ထပ်ခေါ်မှာ သိလို.လစ်သွားတာထင်တယ်။ တစ်ယောက်တည်း ကြိုးစားပမ်းစားတွန်းရတာ၊ Aircon ခန်းထဲမှာ ချွေးပြိုက်ပြိုက်ကျပါတယ်။ အဲဒီအချိန်မှာ တော်တော်ကို စိတ်အားငယ်ရပါတယ်။ အလုပ်ကို တစ်ခါမှ အဲလောက်ပင်ပင်ပန်းပန်း မလုပ်ဖူးပါဘူး။ ခါးလဲနာ၊ လူကလဲ ၀မ်းနည်း၊ တော်တော်ဆိုးတဲ့ ခံစားမှုပါဘဲ။ အဲဒီအချိန်သာ အမေ့ဆီကဖုန်းလာရင် ငိုမိမှာသေချာတယ်။
ဒီနေ့အတွက်ကတော့ TV ပြသနာတော်တော်များပါတယ်။ တခြားအခန်းတွေမှာလဲ ဆင်တူယိုးမှား ပြသနာတွေဘဲကြုံရပါတယ်။
Evening Shift ကို handover လွှဲတော့တောင် သူတို.က နင်ဒီနေ့ဘုရားမရှိခိုးလာဘူး ထင်တယ်လို. နောက်နေကြသေးတယ်။ ဒီနေ့လို TV ပြသနာ အများကြီး သူတို.တောင်မကြုံဖူးဘူးတဲ့။
ဟုတ်တော့ဟုတ်မယ်၊ ကိုယ်လဲနှလုံးသားပြသနာတွေနဲ့ ၇ှုပ်နေတော့ ဘုရားကို မေ့နေမိတယ်။
နောက်နေ့တော့ ဘုရားသေချာရှိခိုးပြီးမှ အလုပ်သွားဖို.ပြင်ရမယ်။

Friday 26 September 2008

When i was....


When i was sky, you are cloud
When i was cloud, you are rain
When i was rain, you are tree
When i was tree, you are monkey!

Thursday 25 September 2008

အမေ့မွေးနေ့အမှတ်တရ ၂

ကိုယ်၁၀တန်းအောင်တဲ့နှစ်မှာ အမေနဲ့အတူ ရင်ခုန်စွာ အောင်စာရင်းကိုမနက်၂း၀၀မှာ မကြောက်မလန်. လိုက်ကြည့်ပေးခဲ့ဖူးတယ်၊ သီချင်းဆိုချင်တယ်ဆိုတော့လဲ သဘောမတူတဲ့ကြားက စတူဒီယိုတွေ သူကိုယ်တိုင်စုံစမ်းပြီး အရောက်လိုက်လံပို.ဆောင်ပေးတယ်၊ Live Show တွေကြည့်ချင်တဲ့အခါ Hip Hop သီချင်းတွေ နားမခံနိုင်တဲ့ကြားက ကိုယ့်ကို စိတ်မချလို. မိုးလင်းထိလိုက်စောင့်ပေးခဲ့တယ်၊ Club တတ်ချင်တယ်ဆိုလို.လဲ တင်းကျပ်နေတဲ့ကြားက ကိုယ့်မျက်ရည်ဒဏ်မခံနိုင်ရှာလို.ထင်ပါရဲ့ ရောက်အောင်လိုက်ပို.ပေးရှာတယ်၊ ကာတွန်းဆွဲချင်တယ်ဆိုတုန်းကလဲ ကျောင်းစာအားနည်းမှာစိုးတဲ့ကြားက မိုးသောက်ပန်း၊ ရွှေသွေး၊ တေဇစာအုပ်တွေကို အပတ်စဉ်၊ လစဉ်မပြတ် ၀ယ်လာပေးတတ်တယ်၊ ကျောင်းတတ်စဉ် သူများကလေးတွေလို အမေလိုက်ပို.မှ ကျောင်းတတ်မယ်ဆိုလို. အလုပ်ကနေ ခွင့်ယူပြီး၊ အလုပ်နောက်ကျခံပြီးလိုက်ပို.တတ်တယ်၊ ကျောင်းပြီးလို. အင်ဂျင်နီယာအလုပ်ကလွဲလို. ဘာမှမလုပ်ဘူးလို.ကြွေးကြော်ခဲ့တဲ့ကိုယ့်ကို အလုပ် တစ်ခုရအောင်အမြဲကြံဖန်ရှာဖွေပေးတတ်တယ်၊ (ကိုယ်က အလုပ်တစ်ခုကို ဘယ်တော့မှ ကြာကြာမလုပ်ဘူး၊ ခဏခဏထွက်တယ်)၊ အခုလဲနိုင်ငံခြားရောက်လို. အိမ်ခွဲနေသည်အထိ ထမင်းဘူးကို အစ်မနဲ့တစ်မျိုး၊ သူကိုယ်တိုင်တစ်မျိုး အဆောင်ထိပို.နေတုန်း၊ အဲဒါကိုယ့်ရဲ့ ဘ၀သူရဲကောင်းအမေပါဘဲ။
အမေ့ဘ၀မှာ မျက်ရည်ကျခဲပါတယ်၊ အမေ၀မ်းနည်းပက်လက်ငိုခဲ့ရတဲ့နေ့ကတော့ မကြီးအိမ်ထောင်ပြုဖို. ခွင့်တောင်းခဲ့တဲ့နေ့ပါဘဲ။ အမေက သူ.သမီးတွေကို တတ်နိုင်ရင် အိမ်ထောင်မပြုစေဘဲ အပျိုကြီးဘ၀နဲ့ ၃ယောက်လုံးကို တစ်သက်လုံးတူတူနေသွားစေချင်တာမျိုးပါ။ ဒါပေမယ့်လေ အချစ်ဆိုတာ၊ ဖူးစာဆိုတာမျိုးဟာ အရွယ်ရောက်လာရင်တားလို.မှ မရတာဘဲ။ နောက်ဆုံးတော့ အမေလက်ခံလိုက်ပါတယ်။ မကြီးမင်္ဂလာဆောင်မှာ ပျော်ရွှင်တတ်ကြွစွာဧည့်သည်တွေကို လိုက်လံနှုတ်ဆက်နေပြန်တာလဲ အမေဘဲဖြစ်ပါတယ်။ ညရောက်လို. အခန်းထဲမှာ တိတ်တဆိတ်ငိုကြွေးနေတာလဲ အမေပါဘဲ။ (ကိုယ်နဲ့အမေက ငယ်ငယ်လေးထဲက ၂ယောက်တစ်ခန်းအတူနေပါတယ်)
အမေဒုတိယအကြိမ် ၀မ်းနည်းစွာငိုကြွေးခဲ့ရတာကတော့ ကိုယ်အဆောင်ပြောင်းတဲ့နေ့ဖြစ်မယ်ဆိုတာ မမြင်ရပေမယ့် အတပ်ပြောရဲပါတယ်။ သက်တမ်းတစ်လျောက်လုံးအမေ့နား ကပ်ချွဲနေကြ အဆိုးလေးနဲ့ခွဲရချိန်မှာ အမေတစ်ယောက်တည်း ငိုကြွေးနေမှာသေချာပါတယ်။
ကိုယ်စာကိုချောမွေ.အောင်မရေးတတ်ပါဘူး၊စာရေးလဲမကောင်းမှန်းသိပါတယ်၊ ဒါပေမယ့် အမေ့မွေးနေ့မှာ အမှတ်တရလေးတစ်ခုကိုရေးချင်လွန်းလို. ဒီပို.စ်လေးကိုရေးဖြစ်ပါတယ်။
ဒီနေ. ၂၀၀၈ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်မှာ အမေ့အသက် ၅၈နှစ်ပြည့်ခဲ့ပါပြီ။ အမေ့ဘ၀တစ်သက်မှာ ပထမဆုံးမိသားစုအားလုံး နိုင်ငံခြားတိုင်းပြည်မှာ မွေးနေ့ကို ပျော်ရွှင်စွာကျင်းပနိုင်ခဲ့ကြပါတယ်။ နှစ်ပေါင်း၇နှစ်အတွင်း မိသားစုစုံလင်စွာ အမေ့မွေးနေ့ပွဲကို ပြန်လည်ကျင်းပခွင့်ရခဲ့တာလဲဖြစ်ပါတယ်။ ညီအစ်မ၃ယောက်တူတူ အမေ့ကို ကန်တော့တဲ့အချိန်မှာ ကျလာတဲ့မျက်ရည်ကတော့ အမေ့အတွက် ၀မ်းသာ ဂုဏ်ယူတဲ့မျက်ရည်ဘဲဖြစ်မှာပါ။
ကိုယ် အမေ့ကို အရမ်းချစ်ပါတယ်။ လူတိုင်းလူတိုင်းလဲ အမေတွေကိုချစ်ကြမှာပါဆိုတာ ယုံကြည်ပါတယ်။

Wednesday 24 September 2008

အမေ့မွေးနေ့ အမှတ်တရ ၁

အမေ့ဝမ်းထဲကထွက်လာခဲ့ချိန်မှာ အဖေကရှေ.တန်းမှာ။ သားလေးမွေးမယ်လို. မျှော်လင့်တကြီးစောင့်နေတဲ့ အဖေက သမီးလို.ကြားလိုက်ရလို.များ စိတ်ဓာတ်ကျသွားလားမသိဘူး ဘယ်တော့မှပြန်မလာတဲ့ လမ်းကို ရွေးချယ်သွားတယ်။ သားလေးအရမ်းလိုချင်နေတဲ့ အဖေ့အတွက် အမေက သမီး၃ယောက်မွေးပေးခဲ့တယ်။ ရက်၅၀ဘဲရှိသေးတဲ့ကိုယ့်ကိုအမေကချီပိုက်၊ တစ်နှစ်အရွယ်အစ်မလတ်ကို၊ ၈နှစ်အရွယ်အစ်မကြီးဟာချီပိုးရင်း သားအမိ၂ယောက်ထဲ ကိုယ်တို.၂ယောက်ကို ပြုစုခဲ့တယ်။ အသက် ၃၀၀န်းကျင်ရှိတဲ့ မိန်းမတစ်ယောက်ဟာ လင်ယောကျာ်းဆုံးပြီး၊ အားကိုးစရာဆွေမျိုးမရှိ၊ မိတ်ဆွေမရှိတဲ့ဘ၀မှာ သမီး၃ယောက်မျက်နှာတစ်ကမာထင်ပြီး နောက်အိမ်ထေင်မပြုဘဲ ဘ၀ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တယ်။ ငယ်ငယ်တုန်းကတော့ အမေအုပ်ချုပ်တာ သိပ်တင်းကြပ်လွန်းလို. စိတ်တွေဆိုးခဲ့မိတယ်။ ရန်ကုန်မြို.ရဲ့တိုက်ခန်းကျဉ်းတွေထဲမှာ နေရတဲ့ ကလေးငယ်များအဖို. လမ်းမပေါ်ဆင်းပြီးဆော့ခွင့်ရတယ်ဆိုတာ အရေးကြီးဆုံးဆုလာဒ်တစ်ခုပါဘဲ။ အဲလိုအခွင့်အရေးမျိုးကို ကိုယ်တို.ညီအစ်မတွေကတော့ တစ်လမှာ တစ်ကြိမ်လောက်ရဖို.ကို အစ်မကြီးအမေ့ကို ပြောနိုင်လွန်းမှ ရခဲ့ပါတယ်။ အဲဒီထဲက အမေက မကြီးကို အားအကိုးဆုံးပါဘဲ။ ငယ်ရွယ်စဉ်ကတော့ သူငယ်ချင်းတွေနဲ့ယှဉ်ပြီး၊ သူတို.လောက်လွပ်လတ်ခွင့်မရခဲ့လို. အမေ့ကိုစိတ်နာမိတာအခါခါပါဘဲ။ အခုအသက်ကြီးလာလို.ပြန်စဉ်းစားမိတော့ သမီး၃ယောက်ကို အုပ်ချုပ်နေရတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဒီလောက်တော့တင်းကြပ်သင့်တယ်ဆိုတာနားလည်လာပါတယ်။ ကိုယ်သာအမေ့နေရာမှာဆို အားကိုးတစ်ခုခု ရှာမိမှာဘဲလေ။ အမေကသမီးတွေကိုအုပ်ချုပ်တဲ့နေရာမှာ ဘယ်တော့မှ လက်မပါဘူး။ စကားပြောရင်လဲ ရိုင်းစိုင်းစွာမပြောပါဘူး။ မျက်လုံးနဲ့သေချာစိုက်ကြည့်ပြီး၊ နားလည်အောင်တစ်လုံးချင်းပြောပါတယ်။ အမေကိုယ်တို.အပေါ်မှာ စိတ်ဆိုးတယ်ဆိုတာလဲ မ၇ှိသလောက်ပါဘဲ။ ဘာလုပ်လုပ် ဖြစ်ပြီးသွားပြီဆို နောက်ထပ်မလုပ်နဲ့တော့၊ အခုမှားတာမြင်တယ်မှတ်လား၊ အမှန်ဖြစ်အောင်ပြန်ပြင်ဆိုပြီးပြောတတ်ပါတယ်။
ကိုယ်တို.အိမ်မှာ အမေ၊ညီအစ်မ၃ယောက်နဲ့ ကိုယ်တို.ကိုထိန်းတဲ့ အစ်မကြီး၁ယောက်ဘဲရှိပါတယ်။ တစ်အိမ်လုံးမိန်းမတွေချည်းဘဲဆိုတော့ အမေ့ခမျာ ဒီမိန်းကလေးအုပ်ကို တစ်ယောက်ထဲတော်တော် ထိန်းယူရပါတယ်။ အရွယ်ရောက်ပြီးသမီးကြီးကိုလဲစိတ်ပူရ၊ အရွယ်မရောက်သေးတဲ့ သမီးအငယ်တွေကို စိတ်ပူရနဲ့ ကိုယ့်အလှည့်မှာတော့ စိတ်ပူရမှာဘဲစိုးလို.လား၊ အဖေ့ကိုလွမ်းလို.ဘဲလားမသိပါဘူး၊ သားလေးတစ်ယောက်လိုဖြစ်အောင် ပုံသွင်းခဲ့ပါတယ်။ ဆံပင်အမြဲအတိုညှပ်၊ ကျောင်းစိမ်းဘောင်းဘီတိုလေးနဲ့ ကျောင်းတတ်ခဲ့ရတဲ့ကိုယ့်မှာ အစ်မတွေဂါဝန်လေးတွေနဲ့ ကျောင်းသွားချိန်ဆို ငေးငေးနေခဲ့ရပါတယ်။ ဒါပေမယ့်လဲ အမေ့ရဲ့ပုံသွင်းမှုအော်ကမှာ မသိမသာလေး အသားကျလာတဲ့နောက်မှာတော့ မိန်းကလေးပစည်းဆိုတာ ကိုယ့်အတွက်မဟုတ်တော့သလိုခံစားရပါတယ်။

How Can I Do?



The Bird is singing on the tree
The Rain is falling from the sky
My heart is falling love to u
How can i Do?


Monday 22 September 2008

အလုပ်အကြောင်း

အလုပ်က engineering dept: မှာရတယ်။ ကျောင်းကို electrical နဲ့ပြီးထားတာဆိုတော့ အဆင်ပြေပါတယ်။ ပထမဆုံး engineering dept: မှာ မိန်းကလေးစခန့်တာဆိုတော့ အားလုံးက အထူးအဆန်းဖြစ်နေကြတယ်။ ၀ါသနာကိုအခြေခံပြီး ရွေးခဲ့တဲ့လမ်းကြောင်းဆိုတော့လဲ ခက်ခဲပေမယ့်ဆုံးအောင်လျောက်ရတာပေါ့။ ယောကျာ်းလေးတွေလုပ်တဲ့ အလုပ်ကို တန်းတူလိုက်လုပ်ရတော့ပင်ပန်းတယ်။ ဒါပေမယ့်ပျော်တယ်။
TV ပြင်ရတာ၊ Aircon ပြင်ရတာ ပြသနာမရှိပေမယ့်၊ လှေကားကြီးထမ်းပြီး ဟိုတယ် တောင်ခြမ်းနဲ့ မြောက်ခြမ်း ပြေးရတဲ့အချိန်(ဟိုတယ်အကျယ်က 21 arce/8 hectre ကျယ်ပါတယ်)၊ ceiling ရေယိုရင် တတ်လုပ်ရတဲ့ အချိန်၊ မနိုင်တဲ့ အလေးကြီးတွေ ကူမယ့်လူမရှိလို. တစ်ယောက်တည်းမ ရတဲ့အချိန်တွေဆိုရင် ထွက်ပြေးချင်စိတ်ပေါက်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ တစ်ခါတလေ ကူမယ့်လူမရှိလို.၊ ကိုယ်တိုင် နံရံကို drill ဖောက်၊ ကိုယ်တိုင် မီးလိုင်းဆင်ရတဲ့အခါမျိုးတွေမှာ ဓာတ်လိုက်မှာကြောက်ပေမယ့် ငါတကယ့် engineer ဖြစ်ပြီဆိုတဲ့ အတွေးက စိတ်ကို တက်ကြွစေပါတယ်။
ဒါပေမယ့် မုန်းတာက လူတွေကို။ ရုံးခန်းထဲမှာ ကွန်ပျူတာကိစ၊ ဖုန်းလာလို.ဖြေရတဲ့ကိစ၊ စာရွက်စာတမ်းကိစ သူတို.မလုပ်ချင်တဲ့ အချိန်ဆိုရင်တော့ နင်မိန်းကလေးဘဲ ဆိုပြီး အကုန် လုပ်ခိုင်းပါတယ်။ ရုံးခန်းအပြင်က technical ကိစတွေမှာကျတော့ နင်လဲ engineer တစ်ယောက်ဘဲဆိုပြီး မညှာတမ်းခိုင်းပါတယ်။
ကိုယ့်အလုပ်က guest room တွေရဲ့ engineering နဲ့ ပတ်သက်တဲ့ service ကိုပြင်ရပါတယ်။ ဥပမာ - TV မလာတာ၊ Aircon မလာတာ၊ မီးလုံးကျွမ်းတာ အစရှိသဖြင့်ပေါ့။ ဧည့်သည်နဲ့ ထိတွေ.နေရတဲ့ အလုပ်ဖြစ်လေတော့ tip money လေးဘာလေးလဲ ရပါတယ်။ ဒါပေမယ့်ဗျာ ချစ်ဖို.ကောင်းလှစွာသော senior အစ်ကိုများက tip money ရမယ့်ဧည့်သည်ဆို သူတို. မရောက်ရောက်အောင်သွားပြီး၊ ပင်ပန်းတဲ့ အလုပ်ဆို ကိုယ့်ကို ထိုးထည့်ပါတယ်။ ဘာမှ မသင်ပေးဘဲလဲ ညံ့တယ်လို. ၀ိုင်းပြောကြပါတယ်။
တစ်ခါတစ်ခါ ပင်ပင်ပန်းပန်း ကြိုးစားလုပ်ပေးပါရက်နဲ့ အပြစ်ပြောခံရတာ အဆိုးဆုံးပါဘဲ။ အလုပ်ဆိုတာကို အခုမှ ပီပီပြင်ပြင်လုပ်ဖူးတဲ့ ကိုယ့်အတွက်တော့ လူမှုဆက်ဆံေ၇းဟာ တော်တော်ကို စိတ်ပင်ပန်းစေပါတယ်။
ဒါပေမယ့် ကိုယ်လုပ်လိုက်ရတဲ့ အလုပ်လေးတစ်ခု ပြီးမြောက်သွားတဲ့ အခါရတဲ့ ပီတိကတော့ ဘာနဲ့မှလဲလို.မ၇ပါဘူး။

မုန်းတယ်

မုန်းတယ်
ကူညီမလိုလိုနဲ့ ရိုက်ချချင်တဲ့သူ
အားကိုးရတော့မလိုနဲ့ ရှိသမျှ ညာယူသွားသူ
မတတ်သေးတာကို ညံ့တယ်ဆိုပြီး ဘာမှသင်မပေးဘဲ အပြစ်ရှာသွားသူ
အင်အားနဲ.မမျှတာကို မြင်နေရက်နဲ့ မကူညီချင်သူ
အရည်အချင်းကို နားလည်မပေးဘဲ အေ၇တွက်ကိုသာ ကြည့်ချင်သူ
ရေခြားမြေခြားမှာ အချင်းချင်းမကူညီဘဲ
နိုင်ငံခြားသားကိုမှ မျက်နှာလုပ်ချင်သူ
အမုန်းဆုံးက
အဲဒီလူတွေက ကိုယ့်လူမျိုးတူတွေ ဖြစ်နေတာကိုဘဲ

Sunday 21 September 2008

အဆောင်ဘဝ

အလုပ်ရပြီဆိုတာနဲ့ အဆောင်မှာနေဖို. စပြင်ရပါတော့တယ်။ အ၀တ်အစားတွေ သိမ်းထုပ်၊ လိုအပ်မယ် ထင်တာလေးတွေ ၀ယ်ခြမ်း။ အမေကတော့ ခွဲရတော့မယ်ဆိုတော့ မျက်ရည်တစမ်းစမ်းနဲ့ပေါ့။ ငယ်ငယ်လေးတည်းက အမေနဲ့ တစ်ခါမှခွဲပြီးမနေဖူးတော့ ကိုယ်လဲတော်တော် စိတ်မကောင်းပါဘူး။ ဒါပေမယ့် လွပ်လွပ်လတ်လတ်နေရမယ် ဆိုတော့လဲ ပျော်တော့ ပျော်နေတယ်။ တူတူနေရမယ့် အခန်းဖော်ကလဲ နာမည်ကြီးတယ်ဆိုတော့ နဲနဲလဲ လန်.နေတယ်။ အရင် အခန်းဖော်က သူနဲ့ ရန်ဖြစ်ပြီးပြောင်းထားတာဆိုတော့ အမေကလဲ တစ်ခုခုဆို ခံမနေဖို. အားတွေပေးနေတာပေါ့။ (ဟီးဟီး ပြန်တွေးကြည့်တော့ တော်တော်ရီရပါတယ်)
တကယ်တမ်း စရောက်တော့ အခန်းဖော်က တော်တော်သဘောကောင်းပါတယ်။ လူကြီးလဲ လူကြီးဆိုတော့ အစစအရာရာ ညှာပါတယ်။
အဆောင်မှာ ပထမဆုံးစတွေ.ရတဲ့ ပြသနာကတော့ ရေနွေးတည်တာပါ။ ကော်ဖီသောက်ချင်လို. ရေနွေးတည်တာ ဘယ်လိုလုပ်ရမှန်းမသိဘူး။ သူငယ်ချင်းကိုခေါ်တော့ သူက ပြပေးပါတယ်။ ရေနွေးလဲရရော ကော်ဖီကို အားရပါးရဖျော်လိုက်တာ၊ အားပါး ခါးချိုကြီး။ အမေဖျော်ပေးတာနဲ့ တစ်ခြားစီပါဘဲ။ အမေနဲ့တုန်းကဆို အမြဲဂျီးများခဲ့တာ ကိုယ်တိုင် ပထမဆုံး စလုပ်ကြည့်မှဘဲ ကော်ဖီဖျော်တာတောင် မဖျော်တတ်ရင် သောက်မကောင်းပါလားဆိုတာ နောင်တရမိပါတယ်။ အစစအရာရာ အဆင်သင့်ရအောင် လုပ်ပေးတတ်တဲ့ အမေ့ကိုလဲ ချက်ချင်းလွမ်းမိတယ်။
နောက် ၂ရက်၃ရက်လောက်ကြာတော့လဲ လူငယ်ထုံးစံအတိုင်းဘဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတယ်။ ထမင်း ဟင်းကတော့ ဟိုတယ်က ကျွေးပါတယ်။ ဒါပေမယ့် အစားကလဲ ဂျီများ၊ ကိုယ်တိုင်လဲ မချက်တတ်တော့ ဘာမှ မစားဘဲ ရေချည်းဘဲ သောက်နေရတာ၊ အခုထိပါဘဲ။ (၅လရှိပြီ၊ ပိန်တောင်သွားတယ်၊ အဟုတ်)
နောက်ထပ်ကြုံရတာကတော့ အ၀တ်လျော် မီးပူတိုက်ပေါ့။ အ၀တ်လျော်တာက စက်နဲ့ လျော်တာမို. လွယ်ပေမယ့်၊ မီးပူတိုက်တာမှာ ပြသနာစတာပါဘဲ။ စစချင်းကတော့ တစ်ပတ်တစ်ခါ အမေ့ဆီပို.လိုက်၊ laundry ပို.လိုက်နဲ့ အဆင်ပြေပါတယ်။ ကြာလာတော့ အမေ့ကိုလဲ သနားလာတယ်၊ အသွားအပြန် အ၀တ်ထုပ်လဲ မသယ်ချင်၊ laundry ခကလဲ မတတ်နိုင်တော့ ကိုယ့်ဘာသာ တိုက်ကြည့်ဖို. ကြိုးစားရပါတယ်။ အကျီ၃ထည် မီးကျွမ်းအပြီးမှာ တော်တော် အဆင်ပြေစွာ မီးပူတိုက်ခြင်းလုပ်ငန်း အောင်မြင်ခဲ့ ပါတယ်။ဒါတောင် ပြန်.တယ်ဆိုရုံဘဲ၊ သူများတွေလို သေချာမခေါက်တတ်သေးဘူး။
ေ၇ချိုးခန်းက ၆ယောက်ကို တစ်ခန်းသုံးရလို. အသန်.ကြိုက်တဲ့ ရောဂါရှိတော့ တော်တော်ကြိုးစား အသုံးပြုရပါတယ်။
kitchen ကတော့ ယနေ့ထိ ယောင်လို.တောင် ၀င်မကြည့်ဖြစ်သေးပါဘူး။
ကြာတော့လဲ သူငယ်ချင်းတွေရပြီး၊ အမေ့အိမ်တောင် တစ်ပတ်တစ်ခါပြန်ရတာ ၀န်လေးနေပါပြီ။
ကိုယ် အဆောင်မှာပျော်နေပါပြီ။ အဆောင်နေရတဲ့ လွတ်လပ်မှု အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ internet ကို မိုးလင်းထိသုံးလို.ရတယ်။ အမေဆူမှာ မကြောက်ရဘူး။ TV ကို အကျယ်ကြီးဖွင့်ထားလို.ရတယ်၊ (အခန်းဖော်အိပ်ချိန်ကလွဲလို.)။ အစားကိုလဲ စားချင်တဲ့ အချိန်ထစားပြီး၊ မစားလဲ ဆူမယ့်လူရှိဘူး။
အခုတော့ ကိုယ့်အိပ်ရာခင်းလဲ ကိုယ်တိုင်လဲတတ်ပါပြီ။ ကိုယ့်ဖိနပ်လဲ ကိုယ်တိုင်တိုက်နိုင်ပါပြီ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို. ဘ၀ကို စတင်နေပါပြီ။

Friday 19 September 2008

လွမ်းတယ်

စနေနေ့တိုင်း အတူသွားခဲ့ကြတဲ့ ယုဇနပလာဇာ
ညနေတိုင်းလိုလို ထိုင်ဖြစ်တဲ့ ကန်စောင်းက Moon Bakery
ကျူရှင်နားချိန်တိုင်း နေ့လည်စာအတူစားခဲ့ရတဲ့ Mac Burger
လကုန်ရက် လခထုတ်တိုင်း အမြဲသွားကြတဲ့ Dagon Centre
မွေးနေ့နဲ့ ထူးထူးခြားခြားနေ.တိုင်း သွားခဲ့ကြတဲ့ ရွှေတိဂုံဘုရား
တစ်သက်မှာ တစ်ခါဘဲသွားခဲ့ရတဲ့ ချောင်းသာခရီးစဉ်
မနက်တိုင်းမက်မောစွာ စားခဲ့ရတဲ့ မုန်.ဟင်းခါး
ကျောက်မြောင်းရောက်တိုင်း စားကြတဲ့ ခင်ထွေးရီ ရခိုင်မုန်.တီ
ကန်တော်ကြီးစောင်းမှာထိုင်တိုင်း နွေးထွေးစွာကိုင်ခွင့်ရခဲ့တဲ့
ငယ့်ရဲ့ လက်ဖ၀ါးနုနုလေး.......
အားလုံးကိုလွမ်းတာပေါ့။
နှစ်ဦးတွေ.ချင်တာတစ်ခုတည်းအတွက်နဲ့တော့
အမိမြေမှာ အဆင်ပြေနေတဲ့ငယ့်ဘ၀လေးကို
နိုင်ငံခြားခေါ်ပြီးနှိပ်မစက်ရက်နိုင်ဘူး.....
ခဏတော့ခွဲကြရဦးမှာပေါ့လေ။
တစ်နေ့နေ့တော့ ငယ်နားလည်မှာပါ။

Saturday 13 September 2008

ှ့About Shangri-La Hotel



Shangri-La hotel ရဲ့ ပင်မဟိုတယ်က Kouk Hotel ဖြစ်ပါတယ်။ Kouk Hotel ကို ၁၉၇၈ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Shangri-La ဟိုတယ်ကို စတင်တည်ထောင်ခဲ့တာကတော့ Mr. Tan Sri Robert Kouk ပါ။ သူ.ကို အများက သိကြတဲ့ နာမည်ကတော့ Sugar King ဖြစ်ပါတယ်။ Shangri-La ဆိုတဲ့ နာမည်ဟာ၊ စာရေးဆရာ James Hilton ရေးတဲ့ lost Horizon စာအုပ်ကနေဆင်းသက်လာခြင်းဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာပါတဲ့ Shangri-La ဆိုတဲ့နေရာလေးရဲ့ ငြိမ်းချမ်းခြင်း၊ စိတ်ချမ်းသာမှု၊ ခေတ်မီတိုးတက်မှု အစရှိတဲ့ အဓိပာယ်တွေကို ယူပြီး ဒီနာမည်ကိုပေးထားခြင်းဖြစ်ပါတယ်။ Shangri-La Hotel ဆိုပြီးစတင်ဖွင့်လှစ်ခဲ့တာကတော့ Singapore မှာ ၁၉၇၁ခုနှစ်ကဖြစ်ပါတယ်။ အခုလက်ရှိကမာမှာ Shangri-La Hotel ပေါင်း ၆၀ကျော်နေပါပြီ။ (သေချာမသိပါ) Traders Hotel ဟာ Shangri-La ရဲ့ Sister Hotel ဖြစ်ပါတယ်။ ၄င်းဟိုတယ်က 4Star အဆင့်သာရှိပြီး၊ Shangri-La ကတော့ 5star ရှိပါတယ်။ Traders Hotel ကို ဖွင့်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ business people များအတွက်ဖြစ်ပြီး၊ စီးပွားရေးဇုန်တွေမှာသာ ဖွင့်လှစ်လေ့၇ှိပါတယ်။ အခုဆိုရင် Shangri-La Hotelr မှာ Traders ၉ခု၊ Resorts ၈ခု၊ Chi Spas ၁၃ခု၊ clubs ၂ခု ရှိပါတယ်။ အကြီးဆုံး Shangri-La Hotel က pudong Shangri-La ဖြစ်ပါတယ်။

Monday 1 September 2008

ှ့Shangri-La Hotel ရဲ့ ၀န်ထမ်းအိမ်ယာ

April လရဲ့ သင်္ကြန်ပွဲတော် အတက်နေ့မှာ အလုပ်စရပါတယ်။ အလုပ်ကတော့ Shangri-La Hotel, Abu Dhabi မှာဖြစ်ပါတယ်။ Shangri-La Hotel က 5star အဆင့်ရှိတဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ Hotel, Apartment, Villa, Souk and beach တို.ပါဝင်ပါတယ်။ တည်နေရာကတော့ Abu-Dhabi မြို.ရဲ. တံတား၂စင်းဆုံတဲ့ နားမှာရှိပါတယ်။ ဘာတံတားလဲတော့မသိပါ။ သူတို.ကလိပ်စာကို near the two bridges ဆိုရင် လူတိုင်းသိကြပါတယ်။ ဟိုတယ်ရဲ. အကျယ်အ၀န်းကတော့ တော်တော်ကျယ်တယ်။ ကျယ်ဆို အလုပ်လုပ်တဲ့၃ပတ်အတွင်း ဟိုတယ်ရဲ. တောင်းခြမ်းနဲ့ မြောက်ခြမ်းကို နေ.တိုင်း ကူးချည်၊ သန်းချည်လုပ်လိုက်တာ ကီလို၁၀နီးပါး ၀ိတ်ကျသွားပါတယ်။ ၀ိတ်ချချင်တဲ့ မမများအတွက် အိုကေပါတယ်။ အာမခံပါတယ်၊ နေ.တိုင်းသာ ကိုယ့်လို ဟိုတယ်ကိုပတ်လျောက်ကြည့်ပါ။
ဟိုတယ်မှာ ၀န်ထမ်းအဆင့်၅ဆင့်ရှိပါတယ်။ အောက်ဆုံးအဆင့် (ကိုယ်တို.အဆင့်)ကို level 5, Supervisor အဆင့်ကို level 4, Manager အဆင့်ကို level3, Asst: Dept: Head အဆင့်ကို level 2 နဲ့. Director ကိုတော့ level 1ပါ။ level 5 တွေအတွက်ကတော့ kahlifa city ဆိုတဲ့နေရာမှာ (ရန်ကုန်က မြို.စွန်ဘက်လိုပါဘဲ) အခန်းပေးပါတယ်။ တိုက်တန်းလျားပုံစံဖြစ်ပြီး၊ အခန်းကြီးတစ်ခန်းမှာ အခန်းငယ် ၃ခန်းစီပါဝင်ပြီး၊ အခန်းငယ်တစ်ခန်းကို ၂ယောက်နေရပါတယ်။ ရေချိုးခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်းတွေကို ၆ယောက်ပေါင်းသုံးရပါတယ်။ level 4 တွေအတွက်ကတော့ ကိုယ်တို. level 5 အဆောင်နဲ့ အနီးမှာ လုံးချင်းအိမ်လေးတွေ စီစဉ်ပေးထားပါတယ်။ သူတို.ကတော့ အခန်းကြီးတစ်ခန်းမှာ ၂ယောက်စီနေရပါတယ်။ အခန်းအကျယ်ကြီးရပါတယ်။ ရေချိုးခန်း၊ အိမ်သာကလဲ ၂ယောက်တည်းဘဲ သုံးရတာပါ။
level 3 တွေကတော့ မြို.ထဲဘက်မှာ အခန်းတွေပေးပါတယ်။ အိမ်ခန်းတစ်ခန်းစာရပါတယ်။ အိပ်ခန်း၊ ရေချိုးခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်း အကုန်ပါတဲ့ အပြင် မိသားစုပါခေါ်ခွင့်ရှိပါတယ်။ level 1 and 2 ကတော့ အပြင်မှာဘဲ ငှားနေနေ၊ ဟိုတယ်အခန်းမှာဘဲနေနေ၊ သူတို. အဆင်ပြေသလိုနေခွင့်ရှိပါတယ်။
ကိုယ့်အစ်မတွေကတော့ level 3 တွေဖြစ်လို. မြို.ထဲမှာ အိမ်ခန်းတွေရထားပါတယ်။ ကိုယ်ကတော့ အဆောင်မှာဘဲနေရပါတယ်။
level4 and 5 တွေအတွက် ferry စီစဉ်ပေးပေမယ်၊ level 3 and above ကတော့ ferry စီးခွင့်မရှိပါဘူး။