Sunday 21 September 2008

အဆောင်ဘဝ

အလုပ်ရပြီဆိုတာနဲ့ အဆောင်မှာနေဖို. စပြင်ရပါတော့တယ်။ အ၀တ်အစားတွေ သိမ်းထုပ်၊ လိုအပ်မယ် ထင်တာလေးတွေ ၀ယ်ခြမ်း။ အမေကတော့ ခွဲရတော့မယ်ဆိုတော့ မျက်ရည်တစမ်းစမ်းနဲ့ပေါ့။ ငယ်ငယ်လေးတည်းက အမေနဲ့ တစ်ခါမှခွဲပြီးမနေဖူးတော့ ကိုယ်လဲတော်တော် စိတ်မကောင်းပါဘူး။ ဒါပေမယ့် လွပ်လွပ်လတ်လတ်နေရမယ် ဆိုတော့လဲ ပျော်တော့ ပျော်နေတယ်။ တူတူနေရမယ့် အခန်းဖော်ကလဲ နာမည်ကြီးတယ်ဆိုတော့ နဲနဲလဲ လန်.နေတယ်။ အရင် အခန်းဖော်က သူနဲ့ ရန်ဖြစ်ပြီးပြောင်းထားတာဆိုတော့ အမေကလဲ တစ်ခုခုဆို ခံမနေဖို. အားတွေပေးနေတာပေါ့။ (ဟီးဟီး ပြန်တွေးကြည့်တော့ တော်တော်ရီရပါတယ်)
တကယ်တမ်း စရောက်တော့ အခန်းဖော်က တော်တော်သဘောကောင်းပါတယ်။ လူကြီးလဲ လူကြီးဆိုတော့ အစစအရာရာ ညှာပါတယ်။
အဆောင်မှာ ပထမဆုံးစတွေ.ရတဲ့ ပြသနာကတော့ ရေနွေးတည်တာပါ။ ကော်ဖီသောက်ချင်လို. ရေနွေးတည်တာ ဘယ်လိုလုပ်ရမှန်းမသိဘူး။ သူငယ်ချင်းကိုခေါ်တော့ သူက ပြပေးပါတယ်။ ရေနွေးလဲရရော ကော်ဖီကို အားရပါးရဖျော်လိုက်တာ၊ အားပါး ခါးချိုကြီး။ အမေဖျော်ပေးတာနဲ့ တစ်ခြားစီပါဘဲ။ အမေနဲ့တုန်းကဆို အမြဲဂျီးများခဲ့တာ ကိုယ်တိုင် ပထမဆုံး စလုပ်ကြည့်မှဘဲ ကော်ဖီဖျော်တာတောင် မဖျော်တတ်ရင် သောက်မကောင်းပါလားဆိုတာ နောင်တရမိပါတယ်။ အစစအရာရာ အဆင်သင့်ရအောင် လုပ်ပေးတတ်တဲ့ အမေ့ကိုလဲ ချက်ချင်းလွမ်းမိတယ်။
နောက် ၂ရက်၃ရက်လောက်ကြာတော့လဲ လူငယ်ထုံးစံအတိုင်းဘဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတယ်။ ထမင်း ဟင်းကတော့ ဟိုတယ်က ကျွေးပါတယ်။ ဒါပေမယ့် အစားကလဲ ဂျီများ၊ ကိုယ်တိုင်လဲ မချက်တတ်တော့ ဘာမှ မစားဘဲ ရေချည်းဘဲ သောက်နေရတာ၊ အခုထိပါဘဲ။ (၅လရှိပြီ၊ ပိန်တောင်သွားတယ်၊ အဟုတ်)
နောက်ထပ်ကြုံရတာကတော့ အ၀တ်လျော် မီးပူတိုက်ပေါ့။ အ၀တ်လျော်တာက စက်နဲ့ လျော်တာမို. လွယ်ပေမယ့်၊ မီးပူတိုက်တာမှာ ပြသနာစတာပါဘဲ။ စစချင်းကတော့ တစ်ပတ်တစ်ခါ အမေ့ဆီပို.လိုက်၊ laundry ပို.လိုက်နဲ့ အဆင်ပြေပါတယ်။ ကြာလာတော့ အမေ့ကိုလဲ သနားလာတယ်၊ အသွားအပြန် အ၀တ်ထုပ်လဲ မသယ်ချင်၊ laundry ခကလဲ မတတ်နိုင်တော့ ကိုယ့်ဘာသာ တိုက်ကြည့်ဖို. ကြိုးစားရပါတယ်။ အကျီ၃ထည် မီးကျွမ်းအပြီးမှာ တော်တော် အဆင်ပြေစွာ မီးပူတိုက်ခြင်းလုပ်ငန်း အောင်မြင်ခဲ့ ပါတယ်။ဒါတောင် ပြန်.တယ်ဆိုရုံဘဲ၊ သူများတွေလို သေချာမခေါက်တတ်သေးဘူး။
ေ၇ချိုးခန်းက ၆ယောက်ကို တစ်ခန်းသုံးရလို. အသန်.ကြိုက်တဲ့ ရောဂါရှိတော့ တော်တော်ကြိုးစား အသုံးပြုရပါတယ်။
kitchen ကတော့ ယနေ့ထိ ယောင်လို.တောင် ၀င်မကြည့်ဖြစ်သေးပါဘူး။
ကြာတော့လဲ သူငယ်ချင်းတွေရပြီး၊ အမေ့အိမ်တောင် တစ်ပတ်တစ်ခါပြန်ရတာ ၀န်လေးနေပါပြီ။
ကိုယ် အဆောင်မှာပျော်နေပါပြီ။ အဆောင်နေရတဲ့ လွတ်လပ်မှု အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ internet ကို မိုးလင်းထိသုံးလို.ရတယ်။ အမေဆူမှာ မကြောက်ရဘူး။ TV ကို အကျယ်ကြီးဖွင့်ထားလို.ရတယ်၊ (အခန်းဖော်အိပ်ချိန်ကလွဲလို.)။ အစားကိုလဲ စားချင်တဲ့ အချိန်ထစားပြီး၊ မစားလဲ ဆူမယ့်လူရှိဘူး။
အခုတော့ ကိုယ့်အိပ်ရာခင်းလဲ ကိုယ်တိုင်လဲတတ်ပါပြီ။ ကိုယ့်ဖိနပ်လဲ ကိုယ်တိုင်တိုက်နိုင်ပါပြီ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို. ဘ၀ကို စတင်နေပါပြီ။

No comments: