Monday 1 September 2008

ှ့Shangri-La Hotel ရဲ့ ၀န်ထမ်းအိမ်ယာ

April လရဲ့ သင်္ကြန်ပွဲတော် အတက်နေ့မှာ အလုပ်စရပါတယ်။ အလုပ်ကတော့ Shangri-La Hotel, Abu Dhabi မှာဖြစ်ပါတယ်။ Shangri-La Hotel က 5star အဆင့်ရှိတဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ Hotel, Apartment, Villa, Souk and beach တို.ပါဝင်ပါတယ်။ တည်နေရာကတော့ Abu-Dhabi မြို.ရဲ. တံတား၂စင်းဆုံတဲ့ နားမှာရှိပါတယ်။ ဘာတံတားလဲတော့မသိပါ။ သူတို.ကလိပ်စာကို near the two bridges ဆိုရင် လူတိုင်းသိကြပါတယ်။ ဟိုတယ်ရဲ. အကျယ်အ၀န်းကတော့ တော်တော်ကျယ်တယ်။ ကျယ်ဆို အလုပ်လုပ်တဲ့၃ပတ်အတွင်း ဟိုတယ်ရဲ. တောင်းခြမ်းနဲ့ မြောက်ခြမ်းကို နေ.တိုင်း ကူးချည်၊ သန်းချည်လုပ်လိုက်တာ ကီလို၁၀နီးပါး ၀ိတ်ကျသွားပါတယ်။ ၀ိတ်ချချင်တဲ့ မမများအတွက် အိုကေပါတယ်။ အာမခံပါတယ်၊ နေ.တိုင်းသာ ကိုယ့်လို ဟိုတယ်ကိုပတ်လျောက်ကြည့်ပါ။
ဟိုတယ်မှာ ၀န်ထမ်းအဆင့်၅ဆင့်ရှိပါတယ်။ အောက်ဆုံးအဆင့် (ကိုယ်တို.အဆင့်)ကို level 5, Supervisor အဆင့်ကို level 4, Manager အဆင့်ကို level3, Asst: Dept: Head အဆင့်ကို level 2 နဲ့. Director ကိုတော့ level 1ပါ။ level 5 တွေအတွက်ကတော့ kahlifa city ဆိုတဲ့နေရာမှာ (ရန်ကုန်က မြို.စွန်ဘက်လိုပါဘဲ) အခန်းပေးပါတယ်။ တိုက်တန်းလျားပုံစံဖြစ်ပြီး၊ အခန်းကြီးတစ်ခန်းမှာ အခန်းငယ် ၃ခန်းစီပါဝင်ပြီး၊ အခန်းငယ်တစ်ခန်းကို ၂ယောက်နေရပါတယ်။ ရေချိုးခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်းတွေကို ၆ယောက်ပေါင်းသုံးရပါတယ်။ level 4 တွေအတွက်ကတော့ ကိုယ်တို. level 5 အဆောင်နဲ့ အနီးမှာ လုံးချင်းအိမ်လေးတွေ စီစဉ်ပေးထားပါတယ်။ သူတို.ကတော့ အခန်းကြီးတစ်ခန်းမှာ ၂ယောက်စီနေရပါတယ်။ အခန်းအကျယ်ကြီးရပါတယ်။ ရေချိုးခန်း၊ အိမ်သာကလဲ ၂ယောက်တည်းဘဲ သုံးရတာပါ။
level 3 တွေကတော့ မြို.ထဲဘက်မှာ အခန်းတွေပေးပါတယ်။ အိမ်ခန်းတစ်ခန်းစာရပါတယ်။ အိပ်ခန်း၊ ရေချိုးခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်း အကုန်ပါတဲ့ အပြင် မိသားစုပါခေါ်ခွင့်ရှိပါတယ်။ level 1 and 2 ကတော့ အပြင်မှာဘဲ ငှားနေနေ၊ ဟိုတယ်အခန်းမှာဘဲနေနေ၊ သူတို. အဆင်ပြေသလိုနေခွင့်ရှိပါတယ်။
ကိုယ့်အစ်မတွေကတော့ level 3 တွေဖြစ်လို. မြို.ထဲမှာ အိမ်ခန်းတွေရထားပါတယ်။ ကိုယ်ကတော့ အဆောင်မှာဘဲနေရပါတယ်။
level4 and 5 တွေအတွက် ferry စီစဉ်ပေးပေမယ်၊ level 3 and above ကတော့ ferry စီးခွင့်မရှိပါဘူး။

2 comments:

သစ်နက်ဆူး said...

ကိုယ့် တိုင်းပြည်ကနေ ဝေကွာလွန်းတဲ့ 
တိုင်းပြည်တခုမှာ....အလုပ်လုပ်နေတာကိုလည်း...
ချီးကျူးချင်ပါတယ်...နောက်ပြီး..
မောင်နှမ ၃ယောက်ရဲ့ သံယောဇဉ်...
မမြင်ဘူးပေမယ့် ပီတိတွေနဲ့ ပြုံးနေတဲ့ အမေ့မျက်နှာ
အားလုံးကို ထပ်တူထပ်မျှ ခံစားပြီး...ပီတိဖြစ်မိပါတယ်..
အဲဒီနိုင်ငံရဲ့ ရှုခင်းပုံလေးတွေပါ ဘလော့ဂ်မှာ တင်ပေးရင်..ပိုပြီး ဆွဲဆောင်မှု ရှိမှာပါ...။
တောသားမြို့ ရောက်ဆိုတဲ့ “ ဘ၀င်” မပါတဲ့ 
အရေးအသားလေးကို သဘောကျတယ်ဗျ...။
အမ၂ယောက်လည်း တော်တော် ထက်ပုံဘဲ..ချီးကျူးပါတယ်..။

သစ်နက်ဆူး said...

ညီလေးရေ...
နောက်တစ်ခေါက်ပြန်ဝင်လာတာ...စောစောက မေ့သွား
လို့ ....
စီဘောက်လေးထားရင် ကောင်းမလား လို့ အကြံပေးချင်လို့ ပါ...
မိတ်ဆွေတွေလည်းရမယ်...နောက်ပြီး..
ပြည်ပ ကိုထွက်ပြီး အလုပ်လုပ်ချင်တဲ့ လူငယ်တေါလည်းအတွေ့ အကြုံ လေးတွေ မေးနိုင်မြန်းနိုင်တာပေါ့...။