Thursday 25 September 2008

အမေ့မွေးနေ့အမှတ်တရ ၂

ကိုယ်၁၀တန်းအောင်တဲ့နှစ်မှာ အမေနဲ့အတူ ရင်ခုန်စွာ အောင်စာရင်းကိုမနက်၂း၀၀မှာ မကြောက်မလန်. လိုက်ကြည့်ပေးခဲ့ဖူးတယ်၊ သီချင်းဆိုချင်တယ်ဆိုတော့လဲ သဘောမတူတဲ့ကြားက စတူဒီယိုတွေ သူကိုယ်တိုင်စုံစမ်းပြီး အရောက်လိုက်လံပို.ဆောင်ပေးတယ်၊ Live Show တွေကြည့်ချင်တဲ့အခါ Hip Hop သီချင်းတွေ နားမခံနိုင်တဲ့ကြားက ကိုယ့်ကို စိတ်မချလို. မိုးလင်းထိလိုက်စောင့်ပေးခဲ့တယ်၊ Club တတ်ချင်တယ်ဆိုလို.လဲ တင်းကျပ်နေတဲ့ကြားက ကိုယ့်မျက်ရည်ဒဏ်မခံနိုင်ရှာလို.ထင်ပါရဲ့ ရောက်အောင်လိုက်ပို.ပေးရှာတယ်၊ ကာတွန်းဆွဲချင်တယ်ဆိုတုန်းကလဲ ကျောင်းစာအားနည်းမှာစိုးတဲ့ကြားက မိုးသောက်ပန်း၊ ရွှေသွေး၊ တေဇစာအုပ်တွေကို အပတ်စဉ်၊ လစဉ်မပြတ် ၀ယ်လာပေးတတ်တယ်၊ ကျောင်းတတ်စဉ် သူများကလေးတွေလို အမေလိုက်ပို.မှ ကျောင်းတတ်မယ်ဆိုလို. အလုပ်ကနေ ခွင့်ယူပြီး၊ အလုပ်နောက်ကျခံပြီးလိုက်ပို.တတ်တယ်၊ ကျောင်းပြီးလို. အင်ဂျင်နီယာအလုပ်ကလွဲလို. ဘာမှမလုပ်ဘူးလို.ကြွေးကြော်ခဲ့တဲ့ကိုယ့်ကို အလုပ် တစ်ခုရအောင်အမြဲကြံဖန်ရှာဖွေပေးတတ်တယ်၊ (ကိုယ်က အလုပ်တစ်ခုကို ဘယ်တော့မှ ကြာကြာမလုပ်ဘူး၊ ခဏခဏထွက်တယ်)၊ အခုလဲနိုင်ငံခြားရောက်လို. အိမ်ခွဲနေသည်အထိ ထမင်းဘူးကို အစ်မနဲ့တစ်မျိုး၊ သူကိုယ်တိုင်တစ်မျိုး အဆောင်ထိပို.နေတုန်း၊ အဲဒါကိုယ့်ရဲ့ ဘ၀သူရဲကောင်းအမေပါဘဲ။
အမေ့ဘ၀မှာ မျက်ရည်ကျခဲပါတယ်၊ အမေ၀မ်းနည်းပက်လက်ငိုခဲ့ရတဲ့နေ့ကတော့ မကြီးအိမ်ထောင်ပြုဖို. ခွင့်တောင်းခဲ့တဲ့နေ့ပါဘဲ။ အမေက သူ.သမီးတွေကို တတ်နိုင်ရင် အိမ်ထောင်မပြုစေဘဲ အပျိုကြီးဘ၀နဲ့ ၃ယောက်လုံးကို တစ်သက်လုံးတူတူနေသွားစေချင်တာမျိုးပါ။ ဒါပေမယ့်လေ အချစ်ဆိုတာ၊ ဖူးစာဆိုတာမျိုးဟာ အရွယ်ရောက်လာရင်တားလို.မှ မရတာဘဲ။ နောက်ဆုံးတော့ အမေလက်ခံလိုက်ပါတယ်။ မကြီးမင်္ဂလာဆောင်မှာ ပျော်ရွှင်တတ်ကြွစွာဧည့်သည်တွေကို လိုက်လံနှုတ်ဆက်နေပြန်တာလဲ အမေဘဲဖြစ်ပါတယ်။ ညရောက်လို. အခန်းထဲမှာ တိတ်တဆိတ်ငိုကြွေးနေတာလဲ အမေပါဘဲ။ (ကိုယ်နဲ့အမေက ငယ်ငယ်လေးထဲက ၂ယောက်တစ်ခန်းအတူနေပါတယ်)
အမေဒုတိယအကြိမ် ၀မ်းနည်းစွာငိုကြွေးခဲ့ရတာကတော့ ကိုယ်အဆောင်ပြောင်းတဲ့နေ့ဖြစ်မယ်ဆိုတာ မမြင်ရပေမယ့် အတပ်ပြောရဲပါတယ်။ သက်တမ်းတစ်လျောက်လုံးအမေ့နား ကပ်ချွဲနေကြ အဆိုးလေးနဲ့ခွဲရချိန်မှာ အမေတစ်ယောက်တည်း ငိုကြွေးနေမှာသေချာပါတယ်။
ကိုယ်စာကိုချောမွေ.အောင်မရေးတတ်ပါဘူး၊စာရေးလဲမကောင်းမှန်းသိပါတယ်၊ ဒါပေမယ့် အမေ့မွေးနေ့မှာ အမှတ်တရလေးတစ်ခုကိုရေးချင်လွန်းလို. ဒီပို.စ်လေးကိုရေးဖြစ်ပါတယ်။
ဒီနေ. ၂၀၀၈ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်မှာ အမေ့အသက် ၅၈နှစ်ပြည့်ခဲ့ပါပြီ။ အမေ့ဘ၀တစ်သက်မှာ ပထမဆုံးမိသားစုအားလုံး နိုင်ငံခြားတိုင်းပြည်မှာ မွေးနေ့ကို ပျော်ရွှင်စွာကျင်းပနိုင်ခဲ့ကြပါတယ်။ နှစ်ပေါင်း၇နှစ်အတွင်း မိသားစုစုံလင်စွာ အမေ့မွေးနေ့ပွဲကို ပြန်လည်ကျင်းပခွင့်ရခဲ့တာလဲဖြစ်ပါတယ်။ ညီအစ်မ၃ယောက်တူတူ အမေ့ကို ကန်တော့တဲ့အချိန်မှာ ကျလာတဲ့မျက်ရည်ကတော့ အမေ့အတွက် ၀မ်းသာ ဂုဏ်ယူတဲ့မျက်ရည်ဘဲဖြစ်မှာပါ။
ကိုယ် အမေ့ကို အရမ်းချစ်ပါတယ်။ လူတိုင်းလူတိုင်းလဲ အမေတွေကိုချစ်ကြမှာပါဆိုတာ ယုံကြည်ပါတယ်။

2 comments:

သစ်နက်ဆူး said...

ထွေးလေးရေ....
မိခင်မေတ္တာ ဖော်ကျူးထားတာ အရမ်းဖတ်လို့ ကောင်းပါတယ်...
သားသမီးအပေါ်မှာ မေတ္တာတရားကြီးမားတဲ့ 
မိခင်တွေရဲ့  မေတ္တာကို ရေးသားတဲ့ အခါ တို့ တစ်တွေ..
စာမရေးတတ်တောင် ပေါ်လွင်နေပါတယ်...။
ထွေးလေးတို့ မိသားစု အားလုံး ကျမ္မာချမ်းသာကြပါစေ...

GHOSTBELL said...

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ အစ်ကို။ ကျေးဇူးပါ။