Saturday 13 September 2008

ှ့About Shangri-La Hotel



Shangri-La hotel ရဲ့ ပင်မဟိုတယ်က Kouk Hotel ဖြစ်ပါတယ်။ Kouk Hotel ကို ၁၉၇၈ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Shangri-La ဟိုတယ်ကို စတင်တည်ထောင်ခဲ့တာကတော့ Mr. Tan Sri Robert Kouk ပါ။ သူ.ကို အများက သိကြတဲ့ နာမည်ကတော့ Sugar King ဖြစ်ပါတယ်။ Shangri-La ဆိုတဲ့ နာမည်ဟာ၊ စာရေးဆရာ James Hilton ရေးတဲ့ lost Horizon စာအုပ်ကနေဆင်းသက်လာခြင်းဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာပါတဲ့ Shangri-La ဆိုတဲ့နေရာလေးရဲ့ ငြိမ်းချမ်းခြင်း၊ စိတ်ချမ်းသာမှု၊ ခေတ်မီတိုးတက်မှု အစရှိတဲ့ အဓိပာယ်တွေကို ယူပြီး ဒီနာမည်ကိုပေးထားခြင်းဖြစ်ပါတယ်။ Shangri-La Hotel ဆိုပြီးစတင်ဖွင့်လှစ်ခဲ့တာကတော့ Singapore မှာ ၁၉၇၁ခုနှစ်ကဖြစ်ပါတယ်။ အခုလက်ရှိကမာမှာ Shangri-La Hotel ပေါင်း ၆၀ကျော်နေပါပြီ။ (သေချာမသိပါ) Traders Hotel ဟာ Shangri-La ရဲ့ Sister Hotel ဖြစ်ပါတယ်။ ၄င်းဟိုတယ်က 4Star အဆင့်သာရှိပြီး၊ Shangri-La ကတော့ 5star ရှိပါတယ်။ Traders Hotel ကို ဖွင့်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ business people များအတွက်ဖြစ်ပြီး၊ စီးပွားရေးဇုန်တွေမှာသာ ဖွင့်လှစ်လေ့၇ှိပါတယ်။ အခုဆိုရင် Shangri-La Hotelr မှာ Traders ၉ခု၊ Resorts ၈ခု၊ Chi Spas ၁၃ခု၊ clubs ၂ခု ရှိပါတယ်။ အကြီးဆုံး Shangri-La Hotel က pudong Shangri-La ဖြစ်ပါတယ်။

No comments: