Friday, 19 September 2008

လွမ်းတယ်

စနေနေ့တိုင်း အတူသွားခဲ့ကြတဲ့ ယုဇနပလာဇာ
ညနေတိုင်းလိုလို ထိုင်ဖြစ်တဲ့ ကန်စောင်းက Moon Bakery
ကျူရှင်နားချိန်တိုင်း နေ့လည်စာအတူစားခဲ့ရတဲ့ Mac Burger
လကုန်ရက် လခထုတ်တိုင်း အမြဲသွားကြတဲ့ Dagon Centre
မွေးနေ့နဲ့ ထူးထူးခြားခြားနေ.တိုင်း သွားခဲ့ကြတဲ့ ရွှေတိဂုံဘုရား
တစ်သက်မှာ တစ်ခါဘဲသွားခဲ့ရတဲ့ ချောင်းသာခရီးစဉ်
မနက်တိုင်းမက်မောစွာ စားခဲ့ရတဲ့ မုန်.ဟင်းခါး
ကျောက်မြောင်းရောက်တိုင်း စားကြတဲ့ ခင်ထွေးရီ ရခိုင်မုန်.တီ
ကန်တော်ကြီးစောင်းမှာထိုင်တိုင်း နွေးထွေးစွာကိုင်ခွင့်ရခဲ့တဲ့
ငယ့်ရဲ့ လက်ဖ၀ါးနုနုလေး.......
အားလုံးကိုလွမ်းတာပေါ့။
နှစ်ဦးတွေ.ချင်တာတစ်ခုတည်းအတွက်နဲ့တော့
အမိမြေမှာ အဆင်ပြေနေတဲ့ငယ့်ဘ၀လေးကို
နိုင်ငံခြားခေါ်ပြီးနှိပ်မစက်ရက်နိုင်ဘူး.....
ခဏတော့ခွဲကြရဦးမှာပေါ့လေ။
တစ်နေ့နေ့တော့ ငယ်နားလည်မှာပါ။

1 comment:

သစ်နက်ဆူး said...

လွမ်း...ညီလေးရေ လွမ်း..။
ဘေးကနေ ၀ိုင်းလွမ်းပေးမယ်..နန်းကြီးသုတ်နဲ့ မုန့် ဟင်းခါးတော့ ကျွေးရမယ်နော်..။
ကြိုးစား....ပိုက်ဆံစု..။ပိုက်ဆံ မရှိရင်..တော့
အချစ်ဟာ ခါးခါး
အချစ်ဟာ...ခါးး...ခါးးးး လွန်းတယ် ဟေ့၊။
.... နိုင်ငံသစ်မှာ ညီလေး အရာရာ အောင်မြင်ပါစေ..။