Thursday 30 October 2008

ချစ်မိခဲ့သမျှ....(၁)

ကျောင်းဝင်းထဲ စ၀င်ပြီဆိုတာနဲ့ ပျော်ရွှင်စိတ်တွေက တားမရ ဆီးမရ။ နွေရာသီကျောင်းပိတ်ရက်ရှည်ကြီးကို ငြီးငွေ.တာလဲပါတယ်။ နဂိုထဲက ကျောင်းပျော်ဆိုတော့ ကျောင်းဖွင့်ချိန်ကို အမြဲမျှော်ရတယ်လေ။
ဒီနှစ်တော့ ခုနစ်တန်းစတတ်ရပြီဆိုတော့၊ ဂါဝန်တွေ၊ ဘောင်းဘီတွေဝတ်လို.မရတော့ဘူး။ သူငယ်ချင်းတွေကတော့ ရင်ဖုံးအကျီလေးတွေ၊ ထမီလေးတွေ ၀တ်လို. လှပနေပေမယ်၊ ကိုယ်တစ်ယောက်ဘဲ ရှပ်အကျီအဖြူလက်တိုလေးနဲ့ ထမီကို ပုဆိုးမကျ၊ ထမီမကျဝတ်လို.။မေမေဆင်လိုက်တဲ့ ပုံစံအတိုင်းပေါ့။ရပါတယ်လေ ပြသနာမရှိပါဘူး။ ကိုယ်ကလဲ အဲလို လွတ်လွတ်လပ်လပ်ဝတ်ရတာကို ပိုသဘောကျတယ်။ စာသင်ခန်းထဲ ၀င်ဝင်လိုက်ခြင်း၊ သူငယ်ချင်းအဟောင်းတွေကို လိုက်ရှာရတယ်။ အချစ်ဆုံး သူငယ်ချင်းမကတော့ ထုံးစံအတိုင်း ကျောင်းနောက်ကျမြဲပေါ့။
ဒုတိယတန်းက ကောင်မလေးတစ်ယောက်က လက်လှမ်းပြတယ်။ သူ.ဘေးမှာထိုင်ဖို.။ အင်း ...ကိုယ်က မျက်မှန်သမားဆိုတော့ နေရာတော်တော်ရွေး၇တယ်။ နောက်တန်းရောက်သွား၇င်လဲ မမြင်ရဘူး။ ရှေ.ဆုံးတန်းကျလဲ ခေါင်းကို အမြဲမော့နေရတယ်လေ။ အဲဒါနဲ့ဘဲ အဲဒီဒုတိယတန်းကိုရွေးလိုက်တယ်။ သူ.ကိုလဲ ကောင်းကောင်းသိပါတယ်။ မနှစ်ကလဲ သူက ခုနစ်တန်းဘဲလေ။ စာမေးပွဲကျလို. ပြန်တတ်တာထင်တယ်။
ဘေးမှာ ၀င်ထိုင်လိုက်တော့ သူကစမေးတယ် " ယူ.နာမည်က ထွေးလေးမို.လား"တဲ့။ ကိုယ်နဲနဲအံ့သြမိတယ်။ တော်တော်များများက ကျောင်းနာမည်ကိုဘဲ သိကြတယ်။ ထွေးလေးဆိုတာက အိမ်ကခေါ်တဲ့နာမည်လေ။ ပြီးတော့ သူစကားပြောတာက ယူနဲ့ အိုင်တဲ့။ တမျိုးဘဲ။ အခန်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက်က အမြဲတမ်း နင်နဲ့ငါဘဲပြောနေကျလေ။ တစ်ခါမှ ယူနဲ့အိုင်မသုံးဖူးဘူး။သူ.နာမည်က မော်တဲ့။
ဒီလိုနဲ့ဘဲ သူက ဟိုအကြောင်း၊ဒီအကြောင်းတွေလျောက်မေးရင်း ခင်သွားတယ်။ သူကခင်ဖို.ကောင်းပါတယ်။ မုန်.စားဆင်းတော့လဲ တူတူသွားကြတယ်။ တစ်ပတ်လောက်ကြာလာတော့ တူတူသွား၊ တူတူလာဖြစ်နေကြပြီ။ နဲနဲကြာလာတော့ တခြားသူငယ်ချင်းတွေက မေးလာကြတယ်။ နင်တို.၂ယောက်က အချစ်တော်တွေလားတဲ့။ ဘုရားရေ။ အချစ်တော်ဆိုတာ ဘာပါလိမ့်နော်။ တကယ်မသိတာပါ။(အဲဒီတုန်းက ပြောပါတယ်) မဟုတ်ပါဘူး သူငယ်ချင်းတွေပါလို.ပြောတော့ မယုံကြသလိုဘဲ။
အဲဒီနေ့က မိုးတွေရွာတယ်။ ရွာတာမှ သည်းသည်းမည်းမည်း၊ ကျောင်းကအပြန် ကိုယ်တို.၂ယောက်လဲ မိုးတွေရွှဲရွှဲစိုပေါ့။ အနော်ရထာလမ်းထိပ် လမ်းခွဲခါနီးမှာ သူကကျွတ်ကျွတ်အိတ်လေးတစ်အိတ်ပေးသွားတယ်။ ဘာမှန်းမသိလို. ဘာလဲလို.မေးတော့၊ အိမ်ရောက်မှ ဖွင့်ကြည့်တဲ့။ ဘာပါလိမ့်ပေါ့၊ တစ်လမ်းလုံးစဥ်းစားသွားတယ်။ မိုးကလဲ ရွာနေတော့ လမ်းမှာကလဲ ဖွင့်လို.မရ။ အိမ်လဲရောက်ရော၊ အခန်းထဲပြေးဝင် အကျီတောင်မလဲဖြစ်သေးဘူး၊ အထုပ်ကိုဖောက်ရတယ်။ အထုပ်ထဲမှာ ၀က်ဝံရုပ်သေးသေးလေးတစ်ခု၊ စာအုပ်လေးတစ်အုပ်။ စာအုပ်လေးထဲမှာ ရေးထားတာက သူကိုယ့်ကို ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာကို နေ့စဉ်မှတ်တမ်းအနေနဲ့ရေးထားတယ်။ အားပါး....သူ.စာအုပ်လဲ ဖတ်ပြီးရော၊ ရင်တွေခုန်တာမှ ဒုန်းဒုန်ဒိုင်းဒိုင်း။ ဒီအရွယ်ရောက်ကတည်းက ရည်းစားစာပေးတာမခံဖူးဘူးလေ။ ပေးမယ့်ပေးတော့လဲ ကောင်မလေးချောချောလေးက။ ပျော်တာပေါ့။ ချက်ချင်းဘဲ ဖုန်းကောက်ဆက်လိုက်တယ်။ သူကိုင်တယ်။ ပြောလိုက်တယ်လေ နင့်ကိုငါလဲချစ်တယ်လို.။ (မြန်တယ်နော်။ အားနာလို.ပါ)
ဒီလိုနဲ့ သူငယ်ချင်းတွေပြောဖူးကြတဲ့ အချစ်တော်ဆိုတာကို လက်တွေ.သိသွားတယ်။ ချစ်နေကြတုန်းကတော့ ပျော်သလိုလိုဘဲ။ ဒါပေမယ့် နောက် ၂လလောက်ကြာတော့ သူရည်းစားရသွားတယ်။ ကိုယ်လဲ.........

Tuesday 28 October 2008

သို့ .............

နွေးထွေးလုံခြုံတဲ့ လက်တစ်စုံနဲ့ ပွေ.ဖက်ထားခြင်းကို ခံနေ၇တယ်။ အေးမြလိုက်တာ။ အရမ်းအားကိုးမိသွားတယ်။ ရုတ်တရက် အဲဒီလက်တစ်စုံ ဗြုန်းခနဲ လွင့်ထွက်သွားတယ်။ မဖြစ်ရဘူး။ အတင်းလိုက်ဖမ်းတယ်။ မရဘူး။ လေထဲလွင့်သွားတယ်။ ကိုယ်ပါလေထဲမျောပါမိတယ်။ မသွားပါနဲ့။ အာခေါင်ကိုခြစ်ပြီး လှမ်းအော်မိတယ်။ ဖေဖေ.....
အိပ်ရာက လန့်နိုးမိတယ်။ အနားမှာ ဖေဖေတကယ်မရှိဘူး။ တစ်သက်နဲ့ တစ်ကိုယ် ဖေဖေဆိုတဲ့ စကားလုံးကို တစ်ခါမှ ခေါ်ခွင့်မရခဲ့ဖူး။ ဖေဖေမျက်နှာ ဘယ်လိုနေလဲ အိပ်မက်ထဲမှာတောင်မြင်ခွင့်မရခဲ့ဘူး။ ဖေဖေ့အသံဘယ်လိုနေလဲ ဒီတစ်သက်မှာ ကြားခွင့်မရှိဘူး။ မွေးပြီးရက်၅၀ဆိုတဲ့ အချိန်မှာ ဆုံးသွားတာ သိပ်စောလွန်းပါတယ်။ ဖေဖေ့ကို တမ်းတနေမယ့် သမီး၃ယောက်ကျန်ခဲ့မှာ ဖေဖေတကယ်မသိဘူးလား။
ကျောင်းနေစဉ် သူငယ်ချင်းတွေကို သူတို.အဖေလာကြိုတာ ငေးမောရင်း ညီအစ်မ၂ယောက် အိမ်တူတူပြန်ခဲ့၇တယ်။ အရွယ်ရောက်လာလို. သူများတွေ အဖေဆီက မုန်.ဖိုးဘယ်လောက် ရလာတာလို.ကြွားရင်၊ ကိုယ်လဲ တမ်းတမိတယ်။ သူငယ်ချင်းတွေ အဖေကိုကြောက်ရတဲ့ အကြောင်းပြော၇င် အားကျနေခဲ့မိတယ်။
သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ်၊ သူစိတ်ညစ်ရင် သူ.ဖေဖေက eternal flame သီချင်းလေး အမြဲဆိုပြတယ်တဲ့။ အဲဒီထဲက ဒီသီချင်းကို အမြဲစိတ်ညစ်တိုင်း တိုးတိုးလေးညည်းတတ်တဲ့ အကျင့်ရလာတယ်။ DSA 13, gathering party သွားတိုင်း ဖေဖေ့သူငယ်ချင်းတွေက .......ရဲ့သမီးတွေလား၊ သူ.အဖေနဲ့ တစ်ရုပ်ထဲဘဲလို.ပြောရင် ဂုဏ်ယူမိတယ်။ ဖေဖေ့အကြောင်းတွေ ပြောကြရင် မမြင်ဖူးလိုက်တဲ့ ဖေဖေ့ကို ဘေးမှာထိုင်ပြီး ဖေဖေကိုယ်တိုင်ပြောပြနေသလိုဘဲ ခံစားမိတယ်။ Gathering ပွဲကို ဖြစ်နိုင်ရင်မသွားချင်ဘူး။ သမီးမသိတဲ့ ဖေဖေ့အကြောင်းတွေ၊ စကားပြောရင် မျက်ရည်ဝဲလာတဲ့ မေမေ့မျက်နှာ၊ အဲဒါတွေမတွေ.ချင်ဘူး။ မေမေတို.နားမလည်တဲ့ လျှပ်စစ်ပစည်းတွေအကြောင်း၊ စက်ကိရိယာတွေအကြောင်း၊ အားကစားအကြောင်းတွေ ဖေဖေ့ကို တိုင်ပင်ချင်တယ်။ shopping ထွက်တိုင်း အစ်မတွေအကြိုက်နဲ့မတူ ယောကျာ်းလေး အ၀တ်အစားရောင်းတဲ့ဆိုင်တွေကို ဖေဖေနဲ့အတူ သွားချင်တယ်။ ကိုယ်သီချင်းဆိုတိုင်း ဖေဖေဂစ်တာ တီးပေးစေချင်တယ်။ တင်းနစ်ကို ဖေဖေနဲ့တူတူ တစ်ပွဲလောက်ကစားဖူးကြည့်ချင်တယ်။ ဖေဖေကျွမ်းကျင်တဲ့ ဘက်စကတ်ဘောကို လိုက်ဆော့တတ်ချင်တယ်။ ဖေဖေဖတ်တဲ့ အင်္ဂလိပ်စာအုပ်တွေ ဖေဖေနဲ့တူတူ ဖတ်ချင်တယ်။
November 5ရက်နေ့ဆို ဖေဖေဆုံးတာ ၂၃နှစ်ပြည့်ပြီ။ သမီးအသက်လဲ ၂၃နှစ်နဲ့ ရက်၅၀ ပြည့်မယ်။ အသက်တစ်နှစ်ကြီးတိုင်း၊ ဖေဖေနဲ့ခွဲခဲ့ရတဲ့ နှစ်တွေလဲ များများလာတယ်။ ဒီဘ၀မှာတော့ ထပ်ဆုံတွေ.ဖို.မဖြစ်နိုင်တော့ဘူးနော်။ ဒါပေမယ့်လေ ဘု၇ားရှိခိုးတိုင်း ဆုတောင်းပါတယ်၊ ဘ၀ဆက်တိုင်း ဒီအဖေ ဒီအမေ၊ ဒီအစ်မတွေနဲ့ဘဲ အသက်ရှင်လျက် တူတူနေခွင့်ရပါစေလို.လေ......

သူ.ဘဝ



Abu Dhabi ရဲ့ လမ်းမပေါ်မှာ သူတစ်ယောက်တည်းလျောက်သွားနေတယ်။ အဖော်မရှိဘူး။ ပြုစုစောင့်ရှောက်မယ့်သူမရှိဘူး။ နေစရာမရှိဘူး။ လူတွေတွေ.၇င် မသင်္ကာတဲ့မျက်လုံးနဲ့ အရင်လေ့လာတယ်။ မခံမရပ်နိုင်အောင်ဆာလွန်းရင်တော့ အရိုက်ခံပြီး အစာတောင်းတတ်တယ်။ အမှိုက်ပုံတွေ.သမျှဝင်ရှာတယ်။ ငွေမလိုဘူး၊ ရွှေမလိုဘူး၊ ချစ်သူမလိုဘူး၊ အသက်ရှင်သန်ဖို. အစာကိုဘဲတောင့်တယ်။
ကြင်နာတတ်သူရှာပြီး အစာတောင်းတယ်။ စားနေရင်းလဲ ပြေးဖို.ကို အဆင်သင့်ပြင်နေတတ်တယ်။
လောကဓံကို ကြံ့ကြံ့ခံပြီး အသက်ရှင်နေထိုင်တယ်။ နှိပ်စက်တတ်တဲ့ လူတွေရဲ့လက်ကနေ လွတ်အောင်မပြေးနိုင်တဲ့နေ့မျိုးဆို နာကြင်နေတဲ့ ကိုယ်ထည်လေးကို လျာလေးနဲ့ ထိုင်လျက်ရင်း တအီအီငိုညည်းနေတတ်တယ်။ ဆာလောင်လွန်းတဲ့ ညတွေမှာ မြေကြီးပေါ်က သဲတွေကို လျာနဲ့လျက်ပြီး အဆာဖျောက်နေတတ်တယ်။

Sunday 26 October 2008

သူငယ်ချင်းကို ချစ်မိတာ

တကယ်ချစ်မိပြီဆိုမှ မရနိုင်မှန်းသလေ ရောဂါပိုတတ်လေဖြစ်နေတယ်။ ဒီနေ့ အတူတူမြို.ထဲသွားဖြစ်ခဲ့တာကို မှတ်မှတ်ရရပျော်နေမိတယ်။ ခါတိုင်းလဲ အတူတူသွားဖူးခဲ့ပေမယ့် ဒီနေ့မှ ရင်ခုန်သံတွေပါ အတူပါလာခဲ့ဖူးတာလေ။ လမ်းလျောက်နေရင်း အရပ်နဲနဲပိုနိမ့်တဲ့ သူမကို ငုံ.ကြည့်ပြီး စကားပြောရတာကို သဘောကျတယ်။
တစ်ခါမှမချက်ဘူးတဲ့ နေ့လည်စာကိုလဲ သူ.အတွက် အိပ်ရာက ထပြီးချက်ပေးနေတတ်ပြီ။ သူကြိုက်တတ်တဲ့ အရာတွေကိုဘဲ အလိုက်တသိ ရှာဖွေပေးနေတတ်တယ်။

လူနောက်တစ်ခေါက် ပြန်ဖြစ်ခွင့်ရမယ်ဆိုရင်
နင့်အနားကလူဘဲ ပြန်ဖြစ်ခွင့်ရချင်တယ်။
အသက်တစ်ခါရှူလိုက်တိုင်း နှလုံးခုန်သံတွေက
နင့်ကိုချစ်တယ်လို. မြည်ဟည်းနေတယ်။
လမ်းလျောက်နေတဲ့ ခြေထောက်တွေကလည်း
နင်ရှိတဲ့ အရပ်ကို ဦးတည်နေတယ်။
သူငယ်ချင်းဆိုတဲ့ စည်းဘောင်တွေကြားမှာ
ငါ့နှလုံးသားလေး အသက်ရှုကြပ်နေတယ်။





Saturday 25 October 2008

အရည်ပျော်ကျနေတဲ့ သတိထားစရာ ရေခဲကျောက်ဆောင်ကြီးများ။

စိတ်ဝင်စားစရာ ပုံလေးတချို. တွေ.ရလို. သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်ပါတယ်








Don't Kill me!

အင်တာနက်ထဲ ၀င်မွှေရင်း တွေ.လိုက်ရတဲ့ သနားစရာ အကောင်ငယ်လေးတွေအကြောင်းပါ။ လူတွေက ဘာလို.များအဲလောက်ရက်စက်နေကြတာလဲဗျာ။ ပါဏာတိပါတာကံမကြောက်ကြဘူးလား မသိဘူး။ သူတို.မှာ ဘာများအပြစ်ရှိနေကြလို.လဲ ??????

This is me.... Baby Seal..Don't kill me













This is me.... Baby Seal..


Norway and Canada have a new kind of tourism.
Killing baby seals!!!! They call it 'hunting' and it's a sport

You want to call this sport ??

Is he a sportsman???


Why?

You're our only hope !!!


Please let it stop. This barbarism shouldn't be possible in our society

Don't turn your back on us, we are so defenseless, we have no guns
please help us..!!!

I know these images seem painful for you, but we feel the pain...!!
We are being slaughtered by ruthless people and it's going on RIGHT NOW...!!!

What gives him the right to kill us.
Who is he to decide about life and death

What kind of sport is this..?? I didn't harm anyone...!!
I was just swimming around doing nothing, now I'm dead...!!

Please help me and my friends...!!!


You can't just ignore these images...?? Keep silent and doing nothing makes you guilty...!!

Please help us...!!


Please don't leave us alone...!!


STOP THE KILLING OF SEALS
You can make a statement by forwarding this mail to as many people as you can.
Bring these murderers to the attention of world leaders.
Thank you... !!!!!







THIS IS THEIR HOME!

Shin Min Ah






ကိုယ် အကြိုက်ဆုံး ကိုရီးယားမင်းသမီးလေးပါ။

အရုပ်များနဲ့ ကစားကွင်း

အရုပ်တွေ....အရုပ်တွေ နေရာတိုင်းမှာ ဆေးရောင်စုံဖြန်းပတ်ထားတဲ့ ပွဲတော်တစ်ခုလို
Lobby Lounge ရဲ့ ကစားပွဲ ကျင်းပတဲ့နေရာမှာ
Guest အရုပ်လေးတွေက ပြန့်ကျဲစွာ သံပတ်ပေးထားတဲ့ အတိုင်း လျောက်သွားနေကြတယ်၊
အချို.ကတော့ သံပတ်ကုန်သွားလို. စားသောက်ဆိုင်တွေမှာ ထိုင်ကာအနားယူလျက်။
Receptionist အရုပ်လေးတွေကလည်း အမုန်းတွေဖုံးထားတဲ့ အပြုံးတုတွေ ဆင်မြန်းလျက်
GRO အရုပ်လေးတွေကလည်း သံပတ်အစွမ်းကုန်ပေးပြီးလွှတ်ထားသလို သကာလောင်းထားတဲ့ အပြုံးတွေဖန်တီးရင်း
Lobby ထဲမှာ ခပ်သွက်သွက်လျောက်နေကြတယ်
Door Girl အရုပ်လေးတွေကတော့ စိတ်မပါတဲ့ လက်တွေနဲ့ မှန်တံခါးကြီးကို ပိတ်/ဖွင့် နေကြတယ်
Waiter အရုပ်လေးတွေကတော့ တစ်မျိုးဗျ Tip Money ရဖို.ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မျောပါရင်း အကောင်းဆုံးဝန်ဆောင်မှုကို အလုအယက်ပေးနေကြတယ်
Housekeeper အရုပ်လေးကတော့ မကြည်သာတဲ့ မျက်နှာပေးနဲ့ Lobby ကြီးရဲ့ သန့်ရှင်းရေးကို စတင်နေရပြီ
Security အရုပ်တွေကတော့ တောင့်တောင့်ကြီးရပ်ပြီး သံပတ်ကုန်ပြီး သူများကိုမသင်္ကာတဲ့မျက်လုံးတွေနဲ့ အပြစ်လိုက်ရှာနေတယ်
Engineering အရုပ်လေးကလဲ လှေကားလေးကိုင်ပြီး ဟိုယောင် ဒီယောင်ပေါ့
မတူညီတဲ့ ကာလာစုံ အရုပ်တွေဟာ ကစားကွင်းကြီး ဆက်လက်ရှင်သန်နေဖို့အတွက် ကြိုးစားနေကြဆဲ.......

Friday 24 October 2008

ရေ ပြသနာလေးတွေ

အခုတလော လုပ်ငန်းခွင်မှာ ကြုံတွေ.နေရတာကတော့ ရေယိုတဲ့ပြသနာတွေပေါ့။ ညနေခင်း ဂျူတီကျလို. အလုပ်လေးပါးတုန်း ဘယ်ကောင်မလေး ကြောင်ရကောင်းမလဲလို. စဉ်းစားနေတုန်း၊ ခါးက cordless က တတီတီနဲ့ ထမြည်ပါလေရော။ နံပါတ်ကြည့်လိုက်တော့ Duty Engineer. ဖုန်းလဲဖြေလိုက်ရော၊ ရောက်ရာအရပ်ကနေ လှေကားတစ်ချောင်းယူပြီး အခန်း(၅၁၇)ကို အမြန်လာခဲ့ဆိုလို. ပြေးလိုက်တာ၊ အခန်းထဲလဲရောက်ရော အားပါး security တွေရော၊ Duty Manager တွေရော ရောက်နေပါရောလား။ ကိုယ်ဆရာကလဲ လှေခါးအမြန်ယူပြီး ခေါင်မိုးပေါ်တတ်ဆိုလို.၊ ဘုမသိဘမသိနဲ့ Aircon celining panel ကို တတ်ဖွင့်လိုက်တာ အားပါး သင်္ကြန်မှာ ရေခဲရေတွေ ဂါလံပုံးနဲ့လောင်းချလိုက်သလိုဘဲ၊ ကျလာတဲ့ရေတွေက ဝေါခနဲဘဲ။ ချမ်းလိုက်တာလဲ ကျင်စိမ့်သွားတာဘဲ။ လူလဲ ရေမွန်းပြီး ဘာမှမမြင်ရတော့ဘူး။ မမြင်ရဘူးအော်တာကို အောက်ကလက်နှိပ်ဓာတ်မီး လာပေးတဲ့လူကရှိသေး။ အမှန်က မျက်မှန်ကိုရေစိုပြီး ဘာမှမမြင်ရတာလေ။ အ၀တ်လာပေးရင်တော်သေးတာပေါ့။ (မျက်မှန်သုတ်ဖို.လေ) ပြီးတော့ ဓာတ်မီးထိုးပြီး ဘယ်နေရာက ရေယိုလဲ ceiling ပေါ်တတ်ကြည့်ပေါ့။ တွေ.ပါပြီလေ Aircon Chilled Water Pipe ခေါင်းက သံချေးကိုက်ပြီး ကျိုးထွက်သွားတာ။ Chilled Water ဆိုတာကလဲ သိတဲ့အတိုင်း ရေခဲရေတွေဘဲလေ။ ရေယိုတဲ့နေရာလဲတွေ.ရော၊ ပိုက်ခေါင်းအသစ်ထည့် လိုအပ်တာလေးတွေ လုပ်လြဲပီးရော၊ ချမ်းလိုက်တာ ခိုက်ခိုက်တုန်တယ်။ Linen သွားပြီး Uniform တစ်စုံအပိုတောင်း၊ ရေချိုး အကျီပြန်လဲနဲ့ အလုပ်ကိုရှုပ်သွားတာဘဲ။ ကော်ဖီပူပူတစ်ခွက်နဲ့ Panadol ကိုမြန်မြန်သောက်ရတယ်။ တွေးမိရင် အခုတောင်ပြန်ချမ်းလာသလိုဘဲ။
နောက်နေ့မှာ ကြုံရတဲ့ ရေပြသနာကတော့၊ ရေပူမရတာပါ။ Hot water မ၇ဘူးလို. ဧည့်သည်တွေက complain တတ်တော့ သေချာစစ်ရပြီပေါ့။ အခန်းထဲမှာ စစ်တော့လဲ အမှားကို မတွေ.ရဘူး။ အပြင်က Rizer Pipe Line ကိုသွားကြည့်မှ ရေတွေယိုနေတာကိုတွေ.ရတယ်။ ရေပိုက်ကို အမြန်ပိတ်ပြီး၊ အောက်ထပ်တွေကို
ဆင်းကြည့်တော့ အောက်ထပ်တွေကိုပါ ရေက ပေါက်ကျနေပြီလေ။ level 4 ကယိုတာ level 1 ထိရောက်တယ်။ အဲဒါနဲ့ duty engineer, duty manager, duty housekeeper တွေခေါ်ပြီး၊ ပိုက်ဖာဖို. ပြင်ကြတာပေါ့။ အဲလိုပြသနာအကြီးတွေကျတော့ inform လုပ်တာလောက်ဘဲ လုပ်ရပြီး၊ ကျန်တာကတော့ ကန်ထရိုက်တာတွေက ဆက်လုပ်သွားတာပါ။ (သက်သာတာပေါ့နော်။ အဟဲ)
ဒါတောင် ရေပိုက်ပိတ်ရတာ လက်ပူသေးတယ်။ ရေပူပြသနာဖြစ်တာကိုး။
ဒီ၂ခုကတော့ မှတ်မှတ်ရရ ရေပူနဲ့ ရေအေးရဲ့ ပြသနာလေးတွေပါဘဲ။ ပုံမှန်အားဖြင့်တော့ ကိုယ်တို.က electrical တွေဆိုတော့ ရေကိစ သိပ်မပါရပါဘူး။ ဒါပေမယ့်လဲ နေရာတကာတော့ ဟိုစပ်စပ် ဒီစပ်စပ်ပေါ့။ ကိုယ်ကမှ မနေတတ်တာ၊ ဟိုဟာလဲ သိချင်၊ ဒီဟာလဲ လုပ်ချင်လေ။ ခံပေါ့နော်။ ဟဲဟဲ

Saturday 18 October 2008

တတ်ခဲ့ဖူးတဲ့ကျောင်း

သူများတွေ ကျောင်းအကြောင်းရေးကြတော့ ကိုယ်လဲရေးချင်လာတယ်။ သူများတွေလိုကောင်းမှာ မဟုတ်ပေမယ့် အလွမ်းပြေလေးချရေးဖြစ်တယ်။
မနက်ဆိုဘယ်တော့မှစောစောမထတတ်တဲ့ကိုယ် ကျောင်းတတ်ရပြီဆိုတာနဲ့ မနက်၆း၀၀ဆိုနိုးနေပြီ။
၇း၀၀ဆို ဖယ်ရီဂိတ်မှာ နေရာလုရမှာဆိုတော့ စောစောထရတယ်လေ။ ဆူးလေဘုရား၊ ရိုးမဘဏ်ရှေ.က ညောင်ပင်အောက်မှာ ကားလာတာကိုစောင့်။ သူငယ်ချင်းတွေလာတော့လဲ စကားလေးပြောရင်း စောင့်ကြတာပေါ့။ ကားလာတာနဲ့ နေရာလု၊ နောက်ကျနေတဲ့ သူငယ်ချင်းတွေအတွက် နေရာဦး။ ဒီလိုနဲ့ ဖယ်ရီကားကြီး စထွက်လေရောပေါ့။ တစ်လမ်းလုံးဆူညံနေအောင် တစ်ကားလုံးတတ်ညီလက်ညီ ပြောတတ်ကြတာ ကိုယ်တို. ကျောက်တံတားဖယ်ရီက သူငယ်ချင်းတွေရဲ့ အကျင့်ပေါ့။ BE တန်းက အစ်ကိုအစ်မတွေကအစ၊ ကိုယ်တို.လို fresherလေးတွေအဆုံး ကားတစ်စီးလုံးကျွတ်ကျွတ်ညံလို.။ ယာဉ်မောင်းဦးလေးကြီးက သီချင်းတွေဖွင့်၊ အတန်းကြီးအစ်ကိုတွေက တွယ်စီး၊ တစ်ယောက်နဲ့ တစ်ယောက်အိပ်ငိုက်တဲ့လူ ချောက်ချကြေး။ ရှေ.ဆုံးတန်းမှာထိုင်ပြီးများ အိပ်ငိုက်မယ်မကြံနဲ့၊ ကားဆရာရဲ့ ဘရိတ်ဆောင့်အုပ်တာနဲ့မိသွားမယ်။ ကိုယ်တောင်တစ်ခါခံဖူးပါ့။ တစ်ခါတည်းလူပါလွင့်ထွက်ပြီး၊ ထမင်းဘူးတွေပါ ဖိတ်ကုန်တယ်။ အဲလိုဖြစ်လဲ စိတ်တော့မဆိုးတတ်ကြတာ ကိုယ်တို.ဖယ်ရီကလူတွေရဲ့ ချစ်စရာကောင်းတဲ့အချက်လေ။
ဘယ်လောက်ဘဲတစ်ဝါးဝါး တဟားဟားလုပ်လုပ်၊ ကျိုက်ခေါက်ဘုရားကျော်ပြီဆိုတာနဲ့ နဲနဲပျင်းလာကြပြီ။ ကျောင်းကနီးသလိုလို ဖြစ်လာပြီကိုး။ ဘုရားကုန်းနားလဲရောက်ရော၊ တစ်ချိုးကျောင်းလစ်ချင်သူများ ဆင်းကြပြီလေ။ ကျောင်းဝင်းထဲကို ဖယ်ရီစ၀င်ပြီဆိုတာနဲ့ ကျောင်းသားရေးရာကို အပြူးအပြဲရှာကြတာပေါ့။ ကျောင်းကားကဒ်စစ်သလားပေါ့။ အဲဒီတုန်းက ဖယ်ရီစီးခဟာ တစ်လမှ ၉၀၀ကျပ်ဘဲပေး၇တာပါ။ အဲဒီ၉၀၀ကို ကျောင်းသားတော်တော်များများက မပေးကြပါဘူး။ ကိုယ်လဲ အပါအ၀င်ပေါ့။ အမေကတော့ လစဉ်မှန်မှန်ပေးလိုက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ငွေစာရင်းဌာနလက်ထဲကို မရောက်ပါဘူး။ ဖယ်ရီကဒ်စစ်လို.ကတော့ ကားပေါ်ကဆင်းပြေးကြပြီဘဲ။ အဲလိုပြေးရတာကိုက ပျော်စရာပါ။
မုခ်ဝကနေကျောင်းထဲကို ကားနဲ့ဝင်ရင်မသိသာပေမယ့် လမ်းလျောက်ဝင်ရင် တောလမ်းလေးကနေ ဖြတ်ရပါတယ်။ သီဟိုဌ်တောပေါ့။ အဲဒီတောလမ်းလေးမှာ ဖုန်တွေထူ၊ ပိုးမွှားကောင်လေးတွေပေါ၊ လမ်းလျောက်ရင်ခြေထောက်တွေ ညစ်ပတ်တတ်ပေမယ့် အဲဒီလမ်းလေးကို ကျောင်းသားတော်တော်များများက တမြတ်တနိုးအသုံးပြုတတ်ကြပါတယ်။ တောလမ်းလေးရဲ့ ဘေးမှာတော့ သီဟိုဌ်တောအုပ်ကြီးပေါ့။ (အဲဒီတောအုပ်ရဲ့ အဓိကကတော့ ဖဲရိုက်လို.အကောင်းဆုံးပေါ့၊ ဆရာမကြီးလိုက်ဖမ်းလဲ ပတ်ပြေးလို.ရတယ်လေ)
တောလမ်းလေးကို ဖြတ်ပြီးအရင်ဆုံးတွေ.ရတာကတော့ အစိမ်းရောင် ကျောင်းသားရေးရာဌာနပါ။
ကျောင်းသားရေးရာဌာနကနေ ဖြတ်ပြီး၊ နောက်ကိုဆက်လျောက်ရင် ကိုယ်တို.ရဲ့ electrical workshop ကိုရောက်ပြီပေါ့။ တစ်နေ့တာသင်ခန်းစာတွေစတင်ဖို.အတွက် time table တွေထုတ်၊ ဘယ်အခန်းမှာ ဘယ်ဆရာမသင်မလဲကြည့်ကြပေါ့။
ကိုယ်တို. first year တွေအတွက် စာသင်ဆောင်က C ဆောင်မှာဖြစ်ပြီး၊ လက်တွေ.ကတော့ workshop မှာဘဲ ပေါင်းလုပ်ရပါတယ်။ ကိုယ်ကတော့ ကျောင်းရောက်ပြီဆိုတာနဲ့ ကိုယ်နိုင်မယ့်ဆရာဆရာမတွေနာမည်ကြည့်၊ ပိုင်ပြီဆိုလို.ကတော့ တစ်နေ့လုံးအတန်းမတတ်ဘဲ ကောင်မလေးတွေနဲ့ ကန်တင်းပတ်ထိုင်တော့တာပါဘဲ။ သူငယ်ချင်းတွေက roll call ထူးပေးတာတစ်မျိုး၊ ဆရာ၊ဆရာမတွေကို အတင်း၈ျီကျပြီး roll call အမှတ်ပေးခိုင်းတာတစ်မျိုးနဲ့ နှစ်တိုင်းပုံမှန်အောင်လာပါတယ်။
စာမေးပွဲဖြေတော့လဲ တစ်သက်နဲ့တစ်ကိုယ် စာကျက်ပြီးဘဲဖြေလာခဲ့တာလေ၊ GTC ရောက်မှဘဲ ကူးချလိုက်ရတာဟာ လက်တွေတောင်ညောင်းတယ်။ အဟဲ။ နောက်ဆုံးတော့ အောင်တာတောင် credit ပါတယ်ဗျ။ ကိုယ်တိုင်ကျက်လဲ သူများတွေကကူးနေတာဆိုတော့ ထူးဘူးလေ၊ ကိုယ်လဲကူးတာပေါ့။ အမုန်းဘဲ
မိုးရာသီဆို သူငယ်ချင်းတွေနဲ့ ကျောက်တန်းကို တကူးတကသွားတတ်ကြတယ်၊ ပြန်လာရင် ရန်ကုန်မြို.၊ သန်လျင်မြို.က ကြေးအိုးဆိုင်တကာကို ပတ်စားတယ်။ ပါဒကြီးမှာ ထန်းရေသောက်ရတာကလဲ လွမ်းစရာလေးတွေဖြစ်လို.။ တစ်ဝဂူ၊ နတ်သျှင်နောင်ဂူတွေကို ဆတ်ဆတ်ဆော့ဆော့လျောက်သွားကြပြီး၊ သုံးလေးရက် မအိပ်နိုင်၊မစားနိုင်တွေဖြစ်လို.။ (သရဲကြောက်လို.လေ)
ကျိုက်ခေါက်ဘုရားကတော့ အားနေတိုင်း သွားတယ်။ ပါဒကြီးဘုရားမှာ ဗေဒင်မေးတာ ဗေဒင်ဆရာက တလွဲတွေဟောလို.ဆိုပြီး၊ သူဖိနပ်တစ်ဖက်ဖွက်ပစ်ခဲ့ကြဖူးတယ်။ အတန်းမတတ်ချင်ရင် ရွာထဲကိုသွားပြီး၊ လျောက်ဆော့ကြတယ်။ ကျောင်းအုပ်ကြီးဦးစီးပြီး စိုက်ထားတဲ့ယာခင်းထဲက သခွားသီးတွေခိုးစား၊ ဘူးသီးတွေ ဆွဲဖြုတ်ခဲ့ကြဖူးတယ်။ အုန်းတောမှာ ကောင်မလေးနဲ့ ကြည်ကြည်နူးနူးကြည်နူးခဲ့ဖူးတယ်။ (သူငယ်ချင်းတွေကတော့ ဖွန်ကြောင်နေတာလို. ကောင်းချီးပေးကြတယ်) ကျောင်းအလာ ကြွားချင်လွန်းလို.ယူလာရတဲ့ T Square တွေနဲ့ ဘတ်စ်စကားတိုးစီးရင် အမြဲဒုတ်ခရောက်ရတယ်။ ကျောင်းဘေးက ကန်စပ်မှာ ထန်းရေသောက်ကြရင်း၊ မြွေတွေ.လို. ပြေးဖူးတယ်။ C ဆောင်ကအခန်းထဲမှာ ကဲနေကြတဲ့ အတွဲတွေကို ချောင်းကြတယ်။ စာသင်နေတုန်း အခန်းထဲကို လမ်းမှားပြီး ၀င်လာတတ်တဲ့ နွားကြီးတွေ၊ သူတို.နေရာကို ကျောင်းသားတွေကလာလုတယ်ဆိုပြီး မကျေမနပ်ဖြစ်နေကြတဲ့ ခွေးလေးတွေ။ မိုးတွင်းမှာ အမြဲပေါ်တတ်တဲ့၊ တစ်ခါမှမမြင်ဖူးသော တစ်တောင်လောက်ရှည်ပြီး၊ လက်မလောက်တုတ်တဲ့ တီကောင်ကြီးတွေ။ မိုးရွာချိန် တစ်ယောက်သောသူနဲ့အတူ မိုးခိုဖူးခဲ့တဲ့ Drawing ဆောင် အပေါ်ထပ်လေး၊ ၀က်ခြံလို.ခေါ်ကြတဲ့ စာသင်ဆောင်မှာ အတန်းတက်ရတဲ့ IT ကမမကြီး တစ်ယောက်ကို နေ့စဉ်နေ့တိုင်း ပန်းဆက်ဖူးတယ်။ အစ်ကိုကြီးကန်တင်းမှာ ချစ်ခဲ့ဖူးသူနဲ့ အာလူးကြော်တူတူစားခဲ့ဖူးတယ်။ အားအားယားယားဖြစ်လာတဲ့ ရင်ထဲကစာစုလေးတွေကို ကဗျာစာအုပ်တစ်အုပ်အဖြစ်ထုတ်ခဲ့ဖူးတယ်။
သူငယ်ချင်းနဲ့အပြေးပြိုင်ရင်း ကန်တင်းအလယ်ခေါက်တည့်တည့်မှာ မှောက်ရက်လဲကျဖူးတယ်။ (အဲဒီအချိန်က လူအစည်ဆုံးအချိန်လေ၊ ကိုယ်လဲကျတော့ ကန်တင်းတစ်ခုလုံးက လက်ခုပ်တီးပေးကြတယ်၊ အတူပြေးတဲ့သူငယ်ချင်းကတော့ ထူမပေးတဲ့အပြင် ရှက်လို.ဆိုပြီးထွက်ပြေးသွားလေရဲ့...) မိုးရွာတဲ့ရက်တွေမှာ ထီးမဆောင်းဘဲ လမ်းလျောက်တာ ကိုယ်တို.အဖွဲ.ရဲ့ အမှတ်အသား။ ယောကျာ်းလေး၊ မိန်းကလေး ၁၂ယောက်လောက်ပါတဲ့ ကိုယ်တို.အဖွဲ.ဟာ အမြဲပျော်စရာတွေအပြည့်နဲ့ပေါ့။(အခုတော့လဲ တစ်ယောက်တကွဲစီ)
အထက်တန်းကျောင်းသားဆန်ဆန်ဝတ်ရတဲ့ အပြာနဲ့ အဖြူယူနီဖောင်းကို၊ ကိုယ်ကတော့ ဂျင်းဘောင်းဘီအပြာနဲ့ တီရှပ်အဖြူကိုဘဲ ၀တ်ဖြစ်တယ်။ ရင်ဖုံးအကျီအဖြူနဲ့ ထမီမ၀တ်လို. ကျောင်းအုပ်ကြီး ရုံးခန်းမှာ လက်မှတ်ထိုးခဲ့ရတာတွေလဲ ဘယ်နှကြိမ်မှန်းမသိခဲ့ဘူး။
ကျောင်းနောက်ဆုံးနေ့ စတိတ်ရှိုးပွဲမှာ စိုင်းစိုင်းခမ်းလှိုင်က သူငယ်ချင်းများစွာသီချင်းလဲဆိုရော သူငယ်ချင်းတွေဖက်ပြီးငိုခဲ့ကြဖူးတယ်။
နောက်ဆုံးတော့ သီဟိုဌ်ပင်တွေရှိတဲ့ ကျောင်းကြီးက ပညာတွေသင်ပေးလိုက်တယ်၊ လူ.ဘ၀မှာလမ်းတစ်ခုကို ပိုလွယ်ကူစွာလျောက်နိုင်ဖို. လက်မှတ်တစ်ခုပေးခဲ့တယ်၊ ဘယ်တော့မှ ပြန်အစားထိုးလို.မရနိုင်တော့မယ့် အပျော်တွေ၊ သူငယ်ချင်းတွေကို အဖော်ထည့်ပေးလိုက်တယ်။ အမေစိတ်ချမ်းသာဖို.အတွက် ဘွဲ.၀တ်စုံနဲ့ ဓာတ်ပုံကို ရိုက်ပေးနိုင်ခဲ့တယ်။

ကိုယ်ကျောင်းလေးက သူများတွေရဲ့ ကံ့ကော်တောလောက်မလှပေမယ့်၊ သီဟိုဌ်နံ့လေးကသင်းပါတယ်။ RIT လိုဂျီဟောဆောင် မရှိပေမယ့်၊ ဖယ်ရီလေးရှိတော့ အချိန်တန် အိမ်ပြန်လို.ရတယ်လေ။ ဂျပ်ဆင်မရှိပေမယ့် ကျောင်းသားရေးရာနဲ့တင်လုံလောက်ခဲ့ကြပါတယ်။ လှပတဲ့ အင်းလျားကန်မရှိပေမယ့်၊ မြင်ကွင်းတဆုံး ဘယ်နေရာကြည့်ကြည့် စိမ်းလန်းနေတဲ့ စိုက်ခင်းတွေရှိတယ်လေ။
ဘယ်လောက်ဘဲ ချို.တဲ့စွာ ရှင်သန်နေပါစေ၊ ကိုယ့်အတွက်ကတော့ ကျောင်းကိုလွမ်းနေဆဲပါ။ အခွင့်အရေးရနိုင်ရင် ကျောင်းထပ်တတ်ချင်ပါသေးတယ်........။

Friday 17 October 2008

ဘာဆက်လုပ်ရပါ့

အနားနားမှာရှိနေတာကြာပြီ
မေ့နေတာလဲ ဖြစ်ကောင်းဖြစ်မယ်
မနေ့ကမှ ရုတ်တရတ်
အိပ်ပျော်နေတဲ့ ငါနှလုံးသား
သူ.အတွက် လန်.နိုးလာတယ်
အချိန်လွန်သွားပြီ
အခုမှ ချစ်တယ်ပြောလဲ
ယုံမှာမဟုတ်တော့ဘူး
ရင်ထဲမှာလဲ ကဆုန်ပေါက်နေပြီ
စိတ်ညစ်လိုက်တာ

Thursday 16 October 2008

လူဆိုးတစ်ယောက်ရဲ့ ဆုတောင်း


ဘ၀လမ်းပေါ် နင်းလျောက်နိုင်အောင်
လမ်းညွှန်ပေးသူ
လစ်ဟာနေတဲ့ ကွက်လပ်ကို
လိုနေမှန်းမသိအောင်
ဖြည့်စွက်ပေးသူ
အိပ်ရာဝင်၊ အိပ်ရာထ
ဘုရားတရားမမေ့အောင်
ဆုံးမပဲ့ပြင်သူ
လိုအပ်ချက်တွေကို အရိပ်ကြည့်ပြီး
ဖြည့်ဆည်းပေးနေသူ
အားငယ်ချိန် အနားမှာအားပေးတတ်ပြီး၊
အောင်မြင်ချိန်ဆို ဘေးက ပျော်ရွှင်ပေးတတ်သူတစ်ယောက်
အခုတော့ အဝေးမှာ
တစ်ယောက်ထဲ အဖော်မဲ့၊ အထီးကျန်နေချိန်
ငါ ပြန်မပြုစုနိုင်ခဲ့ဘူး။
ဘ၀တိုးတက်ဖို.ကို အကြောင်းပြပြီး
အမေ့ကို စွန့်ပစ်မိတဲ့ ငမိုက်သား
အခုမှ အမေအားလုံးအဆင်ပြေပါစေလို.
ဆုတောင်းနေရတယ်။
အမေ ကျန်းမာချမ်းသာပါစေ......









အိမ်ပြန်ချိန်

အချိန်တန်ရင် အိမ်ပြန်ရတယ်ဆိုတဲ့စကားက အမေ့အတွက်များလား။
visit visa ၂လ၊ extension visa ၁လ နဲ့ စုစုပေါင်း၃လကို အသက်ဆက်ပြီးနောက်၊ အချိန်တန်တော့လဲ အိမ်ပြန်ချိန် ရောက်ခဲ့ရတယ်နော်။ မပြန်ချင်ဘူးတဖွဖွပြောရင်း နယ်ခြားမှာ ချစ်တဲ့သမီးတွေကို ထားခဲ့ပြီး အမိမြေကို ပြန်ပေဦးမေမေရေ။
တစ်နေ့လုံး စိတ်တွေလှုပ်ရှား၊ တွေ.ကရာ အလုပ်တွေအကုန်လျောက်လုပ်၊ အထုပ်ကို ဖြည်လိုက်ထည့်လိုက်နဲ့ ပြန်မယ့်နေ့ကမေမေ့ပုံရိပ်။
ပြန်ခါနီးထိ သမီးတွေစားချင်တာကို တာဝန်ကျေစွာ ကြော်လှော်ချက်ပေးခဲ့တဲ့ မေမေ။
သမီးတွေကန်တော့တဲ့ အချိန်မှာ မျက်ရည်တွေဝဲပြီး ဆုတွေပေးနေတဲ့မေမေ။
လေယာဉ်ကွင်းရောက်ချိန် ထွက်ခါနီးမှာ စိတ်တွေလှုပ်ရှားပြီး၊ ငိုမဲ့မဲ့ ဖြစ်နေတဲ့ မေမေ့မျက်နှာ။
ဘန်ကောက်ရောက်လို. ဖုန်းဆက်ချိန်မှာ ငိုသံပါနဲ့ စကားပြောနေတဲ့ မေမေ့စကားသံ။
ရန်ကုန်ကိုချောချောမွေ.မွေ.ပြန်ရောက်တယ်လို. ပို.လိုက်တဲ့ အကြောင်းကြားစာထဲက မေမေ့ဝမ်းနည်းရိပ်တွေ။
အကုန်လုံးကို မှတ်မိနေဆဲပါ။
ရန်ကုန်က မိသားစုပျော်ရွှင်စွာနေခဲ့ဖူးတဲ့ အိမ်အဟောင်းလေးမှာ တစ်ယောက်ထဲ အထီးကျန်စွာနေရမယ့် အသက်၆၀ မိခင်အိုတစ်ယောက်၊ ၃လဒီမှာနေပြီး၊ ၁လပြန်နေရတဲ့ လေယာဉ်ခရီးစဉ်ကို နိုင်ငံခြားဘာသာ သိပ်မကျွမ်းတဲ့ဘဲ ခေါက်တုန်.ခေါက်ပြန်လုပ်နေပါသတဲ့။ သမီးတွေ မျက်နှာမြင်တွေ.ခွင့်ရဖို.အတွက် သူအလွန်ကြောက်ခဲ့တဲ့ လေယာဉ်စီးခြင်းကို မမောနိုင် မပန်းနိုင် ရင်ဆိုင်နေပါသတဲ့။ ကိုယ်ဆိုရင်ရော မေမေ့လောက်ရဲရင့်ပါ့မလား။
လေယာဉ်ကွင်းမှာ ရိုက်ခဲ့ရတဲ့ ဓာတ်ပုံကို ကြည့်မိမှ မေမေအသက်ကြီးသွားမှန်းသတိထားမိကြတယ် မေမေ။
ဘာဘဲဖြစ်ဖြစ်လေ နောက်နှစ်မှပြန်တွေ.ခွင့်ရမယ့် မေမေ့ကို လွမ်းနေတဲ့
သမီးငယ်။

Sunday 12 October 2008

ငါ့ချစ်သူ

မခေါ်ဘဲနဲ့ရောက်လာတယ်
မနှင်ဘဲနဲ့ ပြန်ထွက်သွားတယ်
မပြန်ပါနဲ့ တားလဲမရဘူး
ရင်မှာ အမြစ်တွယ်နေတဲ့
ငါ့ရဲ့ ချစ်ခြင်းတွေကို
မမြင်ကွယ်ရာမှာ ထားပစ်ခဲ့ပြီလား

ငါမရှိတဲ့ အချိန်
နင်လုပ်ချင်ရာတွေလုပ်နေမှန်းငါသိတယ်
ငါ့ပတ်ဝန်းကျင်ကို ထည့်မတွက်ဘူး
ငါ့ရင်ကို ငဲ့မကြည့်ဘူး
နင့်ဘက်မှာတော့ ငါဟာ လူဆိုးပေါ့
ထားပါလေ
နင်ကိုမှ မချစ်တော့တာဘဲ

Monday 6 October 2008

Cold Stone







Abu Dhabi မှာ ကိုယ်အကြိုက်ဆုံးရေခဲမုန်.ဆိုင်လေးပါ။ Cold Stone တဲ့။ေ၇ခဲမုန်.နဲ့ ကိတ်မုန်.ကို အဓိကရောင်းတယ်။ ဆိုင်ထဲကို ၀င်လာတဲ့ မိန်းကလေးမှန်သမျှကို အရောင်းဝန်ထမ်းတွေက ဆိုင်ရဲ့ မူပိုင်သီချင်းလေးတစ်ပုဒ်ကို (ဘယ်သူ.သီချင်းလဲတော့သေချာမသိပါ) တပြိုင်နက်အော်ဆိုကြပြီး၊ ပြုံးနေတဲ့ မျက်နှာလေးတွေနဲ့ ၀န်ဆောင်မှုကိုပေးပါတယ်။ ကြိုက်တဲ့ အရသာကို ဇွန်းလေးတွေနဲ့ မြည်းခွင့်ပေးပါတယ်။ မန်းတလေး တောင်ပြုံးပွဲမှာ ကရေကရာ ၀ယ်ရသလိုပါဘဲ။ စိတ်ကြိုက်အရသာကို မြည်းစမ်းပြီးမှ ကြိုက်တာကို မှာလို.ရပါတယ်။ ကိုယ်များသောအားဖြင့် စားတတ်တာကတော့ Cheese, Vanila and Banana သုံးမျိုးစပ်အရောပါဘဲ။ (ဓာတ်ပုံပါဘူး၊ စားလို.ကုန်မှ ရိုက်ဖို.သတိ၇လို.) ဈေးနှုန်းကတော့ နဲနဲများပေမယ့်၊ ကော်ဖီဆိုင် ထိုင်သလောက်တော့ မကုန်ပါဘူး။
မှာထားတဲ့ ရေခဲမုန်.ထဲကို ကိတ်မုန်.၊ အသီးနှံများ၊ သစ်စေ့၊ အသီးခြောက် စတာတွေကို စားသုံးသူစိတ်ကြိုက်ရွေးစေပြီး၊ ဗန်းတစ်ခုထဲမှာ သေချာနယ်ပြီး၊ ဝေဖာခံထားတဲ့ ခွက်ကလေးနဲ့ ထည့်ပေးပါတယ်။
ရေခဲသုပ်လိုမျိုးပုံစံပါ။ တခြားနိုင်ငံတွေမှာ Cold Stone ရှိမရှိမသိပါဘူး။ ကိုယ်ကတော့ ဒီဆိုင်လေးကို ကြိုက်လွန်းလို. ၁ပတ်၂ခါတော့ အမြဲရောက်တယ်။ အမေနဲ့ပေါ့။ အခုတော့ နောက်အပတ်ဆို အမေလဲပြန်ရဦးမယ်။ နောက်ဆို ဘယ်သူနဲ့ သွားရပါ့နော်။

Pearls and Caviar















Pearls & Caviar တဲ့။ ကိုယ်တို. Shangri-La Hotel ရဲ့ နောက်ဆုံးအသစ်ဖွင့်တဲ့ restaurant ပါ။ စားသောက်ဆိုင်ကို အဖြူနဲ့ အနက်၂မျိုးတည်းနဲ့ မွမ်းမံထားပါတယ်။ အပေါ်ထပ်အောက်ထပ် ၂ထပ်ပါပါတယ်။ အောက်ထပ်ကိုတော့ အနက်ရောင်တွေနဲ့ မွှန်းခြယ်ထားပြီး၊ အပေါ်ထပ်ကတော့ အဖြူရောင် စီစဉ်ထားပါတယ်။ ၀န်ထမ်းတွေရဲ့ Uniform ကအစ အဖြူနဲ့ အနက်ကိုဘဲ သုံးထားတာပါ။ ၀န်ထမ်းတွေကလဲ Morocco, Indonesia, Thailand, Phillipe, Singapore, Australia အစရှိတဲ့ အရှေ.နဲ့အနောက်လူမျိုးစုံ ရောနေကြပါတယ်။ များသောအားဖြင့် လူမျိုးတစ်မျိုးကို တစ်ယောက်ဘဲခန့်ထားပါတယ်။ မြန်မာတော့ မပါပါဘူး။
Chef တွေကိုလဲ အနက်ရောင် ၀တ်စုံတွေဆင်ထားပါတယ်။ စာဖိုမှူးတွေရဲ့ ၀တ်စုံက အမြဲ အဖြူများတော့ အခုအနက်ရောင်ကလဲ တစ်မျိုးလေး ကြည့်ရဆန်းပါတယ်။
အပေါ်ထပ်ကတော့ Chilled Out Bar အမျိုးအစားဖြစ်ပြီး၊ ညနေ၈း၀၀မှ မနက်၃း၀၀ထိဖွင့်ပါတယ်။ ယမကာမျိုးစုံနဲ့ Snackများ ရရှိပါတယ်။ Music အမျိုးအစားက DJ ကို အမြဲဖွင့်ပါတယ်။
အောက်ထပ်ကတော့ New Arabic Seafood Restaurant ဖြစ်ပါတယ်။ Seafood မျိုးစုံမှာယူရရှိနိုင်ပါတယ်။ ညနေ ၆း၀၀မှ ည၁၂း၀၀ ထိဖွင့်ပါတယ်။ Music အမျိုးအစားက Jazz နဲ့ အခြား Arabic Music များကိုဖွင့်ပါတယ်။
Pearls & Caviar ကိုလာတဲ့ ဧည့်သည်များအတွက် သတ်မှတ်ချက်ကတော့ အမျိုးသား၊ အမျိုးသမီးတိုင်း Smart Causal Wear များကိုဘဲ ၀တ်ဆင်ခွင့်ပြုပါတယ်။ Nationality Dress၊ Shorts များ လုံးဝ ၀တ်ခွင့်မပြုပါ။
စားသောက်ဆိုင်ရဲ့တည်နေရာက ပင်လယ်ဝမှာ တည်ဆောက်ထားတာဖြစ်ပြီး၊ ၀န်ထမ်းများကြားမှာ Light House လို. လူသိများပါတယ်။ Jetti တစ်ခု တည်ဆောက်ပေးထားပြီး၊ ဇိမ်ခံသင်္ဘောများနဲ့ လာတတ်သော ဧည့်သည်များအတွက် အထူးရည်ရွယ်ပါတယ်။ သာမန်အားဖြင့် ကားနဲ့ လာရန်ခက်ပါတယ်။
ဒါတွေကတော့ ကိုယ်သိသလောက် Pearls & Caviar ရဲ့ အကျဉ်းချုပ် အကြောင်းအရာလေးတွေပါ။ သူငယ်ချင်းတို.လဲ UAE ကိုရောက်ရင် လာလည်ကြပါဦးနော်။ အခုလောလောဆယ်တော့ Hollywood Action မင်းသား Nicolas Cage လာစားမယ်ဆိုလို. အားလုံးစောင့်မျှော်နေကြလေရဲ့။ ဓာတ်ပုံလေးရိုက်ခွင့်ရရင်တော့ တင်ပေးမယ်နော်။။