Sunday 12 October 2008

ငါ့ချစ်သူ

မခေါ်ဘဲနဲ့ရောက်လာတယ်
မနှင်ဘဲနဲ့ ပြန်ထွက်သွားတယ်
မပြန်ပါနဲ့ တားလဲမရဘူး
ရင်မှာ အမြစ်တွယ်နေတဲ့
ငါ့ရဲ့ ချစ်ခြင်းတွေကို
မမြင်ကွယ်ရာမှာ ထားပစ်ခဲ့ပြီလား

ငါမရှိတဲ့ အချိန်
နင်လုပ်ချင်ရာတွေလုပ်နေမှန်းငါသိတယ်
ငါ့ပတ်ဝန်းကျင်ကို ထည့်မတွက်ဘူး
ငါ့ရင်ကို ငဲ့မကြည့်ဘူး
နင့်ဘက်မှာတော့ ငါဟာ လူဆိုးပေါ့
ထားပါလေ
နင်ကိုမှ မချစ်တော့တာဘဲ

2 comments:

သစ်နက်ဆူး said...

ဒီ ပလက်တီနမ်ဆွဲကြိုးက....ဒယ်ဒီပေးထားတာ.....
ဒီ ပလက်တီနမ် ကြီုးလေးက...ဒါဒါ ဒါးဒါ့ဒါ...။

Anonymous said...

interesting comment