Sunday 26 October 2008

သူငယ်ချင်းကို ချစ်မိတာ

တကယ်ချစ်မိပြီဆိုမှ မရနိုင်မှန်းသလေ ရောဂါပိုတတ်လေဖြစ်နေတယ်။ ဒီနေ့ အတူတူမြို.ထဲသွားဖြစ်ခဲ့တာကို မှတ်မှတ်ရရပျော်နေမိတယ်။ ခါတိုင်းလဲ အတူတူသွားဖူးခဲ့ပေမယ့် ဒီနေ့မှ ရင်ခုန်သံတွေပါ အတူပါလာခဲ့ဖူးတာလေ။ လမ်းလျောက်နေရင်း အရပ်နဲနဲပိုနိမ့်တဲ့ သူမကို ငုံ.ကြည့်ပြီး စကားပြောရတာကို သဘောကျတယ်။
တစ်ခါမှမချက်ဘူးတဲ့ နေ့လည်စာကိုလဲ သူ.အတွက် အိပ်ရာက ထပြီးချက်ပေးနေတတ်ပြီ။ သူကြိုက်တတ်တဲ့ အရာတွေကိုဘဲ အလိုက်တသိ ရှာဖွေပေးနေတတ်တယ်။

လူနောက်တစ်ခေါက် ပြန်ဖြစ်ခွင့်ရမယ်ဆိုရင်
နင့်အနားကလူဘဲ ပြန်ဖြစ်ခွင့်ရချင်တယ်။
အသက်တစ်ခါရှူလိုက်တိုင်း နှလုံးခုန်သံတွေက
နင့်ကိုချစ်တယ်လို. မြည်ဟည်းနေတယ်။
လမ်းလျောက်နေတဲ့ ခြေထောက်တွေကလည်း
နင်ရှိတဲ့ အရပ်ကို ဦးတည်နေတယ်။
သူငယ်ချင်းဆိုတဲ့ စည်းဘောင်တွေကြားမှာ
ငါ့နှလုံးသားလေး အသက်ရှုကြပ်နေတယ်။





3 comments:

သစ်နက်ဆူး said...

ဆရာ....
များပြီထင်တယ်နော်...။
စိတ်ထိန်းဆရာ...
ကျနော်ဆရာ့ကို ဆွဲလို့ မနိုင်ဘူးနော်..
ဆရာ့ ရင်ခုန်သံတွေ သိပ်စိတ်နေတယ်ဆရာ...။

GHOSTBELL said...

ဟီးဟီး သိဘူးဗျာ၊ ကောင်မလေးတွေမြင်ရင် ရင်ကအလိုလိုခုန်ပြီးသားဗျ။ စိတ်ညစ်တယ်။ ဘာလုပ်ရရင်ကောင်းမလဲဟင်။
သူငယ်ချင်းတွေကိုလဲကြောင်လွန်းလို. အခင်အမင်ပျက်ပေါင်းများပြီ။ အဟဲ

soe lu said...

နာ့ကိုလည်း အ၇ုပ်ကလေး ပေးပြီး ထမင်းချက်ကြွေးရင် အရမ်းကောင်းမှာဘဲကျားရယ်