Tuesday 28 October 2008

သို့ .............

နွေးထွေးလုံခြုံတဲ့ လက်တစ်စုံနဲ့ ပွေ.ဖက်ထားခြင်းကို ခံနေ၇တယ်။ အေးမြလိုက်တာ။ အရမ်းအားကိုးမိသွားတယ်။ ရုတ်တရက် အဲဒီလက်တစ်စုံ ဗြုန်းခနဲ လွင့်ထွက်သွားတယ်။ မဖြစ်ရဘူး။ အတင်းလိုက်ဖမ်းတယ်။ မရဘူး။ လေထဲလွင့်သွားတယ်။ ကိုယ်ပါလေထဲမျောပါမိတယ်။ မသွားပါနဲ့။ အာခေါင်ကိုခြစ်ပြီး လှမ်းအော်မိတယ်။ ဖေဖေ.....
အိပ်ရာက လန့်နိုးမိတယ်။ အနားမှာ ဖေဖေတကယ်မရှိဘူး။ တစ်သက်နဲ့ တစ်ကိုယ် ဖေဖေဆိုတဲ့ စကားလုံးကို တစ်ခါမှ ခေါ်ခွင့်မရခဲ့ဖူး။ ဖေဖေမျက်နှာ ဘယ်လိုနေလဲ အိပ်မက်ထဲမှာတောင်မြင်ခွင့်မရခဲ့ဘူး။ ဖေဖေ့အသံဘယ်လိုနေလဲ ဒီတစ်သက်မှာ ကြားခွင့်မရှိဘူး။ မွေးပြီးရက်၅၀ဆိုတဲ့ အချိန်မှာ ဆုံးသွားတာ သိပ်စောလွန်းပါတယ်။ ဖေဖေ့ကို တမ်းတနေမယ့် သမီး၃ယောက်ကျန်ခဲ့မှာ ဖေဖေတကယ်မသိဘူးလား။
ကျောင်းနေစဉ် သူငယ်ချင်းတွေကို သူတို.အဖေလာကြိုတာ ငေးမောရင်း ညီအစ်မ၂ယောက် အိမ်တူတူပြန်ခဲ့၇တယ်။ အရွယ်ရောက်လာလို. သူများတွေ အဖေဆီက မုန်.ဖိုးဘယ်လောက် ရလာတာလို.ကြွားရင်၊ ကိုယ်လဲ တမ်းတမိတယ်။ သူငယ်ချင်းတွေ အဖေကိုကြောက်ရတဲ့ အကြောင်းပြော၇င် အားကျနေခဲ့မိတယ်။
သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ်၊ သူစိတ်ညစ်ရင် သူ.ဖေဖေက eternal flame သီချင်းလေး အမြဲဆိုပြတယ်တဲ့။ အဲဒီထဲက ဒီသီချင်းကို အမြဲစိတ်ညစ်တိုင်း တိုးတိုးလေးညည်းတတ်တဲ့ အကျင့်ရလာတယ်။ DSA 13, gathering party သွားတိုင်း ဖေဖေ့သူငယ်ချင်းတွေက .......ရဲ့သမီးတွေလား၊ သူ.အဖေနဲ့ တစ်ရုပ်ထဲဘဲလို.ပြောရင် ဂုဏ်ယူမိတယ်။ ဖေဖေ့အကြောင်းတွေ ပြောကြရင် မမြင်ဖူးလိုက်တဲ့ ဖေဖေ့ကို ဘေးမှာထိုင်ပြီး ဖေဖေကိုယ်တိုင်ပြောပြနေသလိုဘဲ ခံစားမိတယ်။ Gathering ပွဲကို ဖြစ်နိုင်ရင်မသွားချင်ဘူး။ သမီးမသိတဲ့ ဖေဖေ့အကြောင်းတွေ၊ စကားပြောရင် မျက်ရည်ဝဲလာတဲ့ မေမေ့မျက်နှာ၊ အဲဒါတွေမတွေ.ချင်ဘူး။ မေမေတို.နားမလည်တဲ့ လျှပ်စစ်ပစည်းတွေအကြောင်း၊ စက်ကိရိယာတွေအကြောင်း၊ အားကစားအကြောင်းတွေ ဖေဖေ့ကို တိုင်ပင်ချင်တယ်။ shopping ထွက်တိုင်း အစ်မတွေအကြိုက်နဲ့မတူ ယောကျာ်းလေး အ၀တ်အစားရောင်းတဲ့ဆိုင်တွေကို ဖေဖေနဲ့အတူ သွားချင်တယ်။ ကိုယ်သီချင်းဆိုတိုင်း ဖေဖေဂစ်တာ တီးပေးစေချင်တယ်။ တင်းနစ်ကို ဖေဖေနဲ့တူတူ တစ်ပွဲလောက်ကစားဖူးကြည့်ချင်တယ်။ ဖေဖေကျွမ်းကျင်တဲ့ ဘက်စကတ်ဘောကို လိုက်ဆော့တတ်ချင်တယ်။ ဖေဖေဖတ်တဲ့ အင်္ဂလိပ်စာအုပ်တွေ ဖေဖေနဲ့တူတူ ဖတ်ချင်တယ်။
November 5ရက်နေ့ဆို ဖေဖေဆုံးတာ ၂၃နှစ်ပြည့်ပြီ။ သမီးအသက်လဲ ၂၃နှစ်နဲ့ ရက်၅၀ ပြည့်မယ်။ အသက်တစ်နှစ်ကြီးတိုင်း၊ ဖေဖေနဲ့ခွဲခဲ့ရတဲ့ နှစ်တွေလဲ များများလာတယ်။ ဒီဘ၀မှာတော့ ထပ်ဆုံတွေ.ဖို.မဖြစ်နိုင်တော့ဘူးနော်။ ဒါပေမယ့်လေ ဘု၇ားရှိခိုးတိုင်း ဆုတောင်းပါတယ်၊ ဘ၀ဆက်တိုင်း ဒီအဖေ ဒီအမေ၊ ဒီအစ်မတွေနဲ့ဘဲ အသက်ရှင်လျက် တူတူနေခွင့်ရပါစေလို.လေ......

3 comments:

သစ်နက်ဆူး said...

ထွေးလေးရေ....
ဖတ်ရတာ စိတ်မကောင်းဖြစ်မိသလို ...
ကိုယ်ချင်းစာမိပါတယ်....
ဘ၀ဆက်တိုင်း မိသားစုစုံလင်တဲ့ အေးချမ်းသော ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...
တစ်ဆက်တည်း..ထွေးလေး ဖေဖေလဲ...
ကောင်းမွန်သော ဘုံတစ်ခုမှာ အေးချမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။

soe lu said...

စိတ်မကောင်းပါဘူး
တောင်းတဲ့ဆုနဲ့ပြည့်ပါစေ ကျားရယ်
ကိုယ်လည်း အသက် ၈၀ ကျော်နေပြီဖြစ်တယ်
ဖေဖေ မေမေ တို့နဲ့မတွေ့ရတာ ၁၇ နှစ်ရှိပြီမို့ ကိုယ်ချင်းတအားစာမိပါတယ် ကျာ်းတို့က သေခွဲခွဲ ခဲ့
ရသလို ကိုယ်လည်းအသက်ရှင်နေရက်နဲ့ မတွေ့ရတဲ့ဘဝ
ဒီတသက် မသေခင်များ တွေ့ ခွင့်ရှိဦးမလားမသိဘူးကျားရယ် ဘ၀တူ အချင်းချင်းပါဘဲ

ဆောင်း said...

ညီမရေ မြန်မာပြည်မှာ မိစုံဖစုံမိသားစု တွေနဲ့ တွေ့ဆုံရလို့ ညီမ ၀မ်းနည်းနေတာပါ။ ကိုသစ်နက်ဆူး ဆိုရင် မိဘစုံရှိလည်း သူ့ခမျာ အဆင်မပြေဘူး။
အနောက်နိုင်ငံမှာ ဆိုရင် ဖအေ မပေါ်တဲ့သူနဲ့။ မိရော ဖရော ဘယ်သူမှန်းမသိတဲ့သူနဲ့။ ဒါတွေ နဲ့စာရင်ညီမ အဖြစ်က မေမေရှိသေးတော့ သာသေးတယ် မဟုတ်လား။
မိစုံ ဖစုံရှိခဲ့လည်း ရေစက်ကုန်ရင် ခွဲရမှာဘဲ (ဘယ်သူ အရင်သေမယ် ဆိုတာ မသိနိုင်ဘူး မဟုတ်လား)
စိတ်ကို ကြံ့ကြံ့ခံနိုင်အောင် ထားနော်။ ဒါနဲ့ အမဆီ ပြန်လာလည်ပါအုန်းလား