Thursday 16 October 2008

လူဆိုးတစ်ယောက်ရဲ့ ဆုတောင်း


ဘ၀လမ်းပေါ် နင်းလျောက်နိုင်အောင်
လမ်းညွှန်ပေးသူ
လစ်ဟာနေတဲ့ ကွက်လပ်ကို
လိုနေမှန်းမသိအောင်
ဖြည့်စွက်ပေးသူ
အိပ်ရာဝင်၊ အိပ်ရာထ
ဘုရားတရားမမေ့အောင်
ဆုံးမပဲ့ပြင်သူ
လိုအပ်ချက်တွေကို အရိပ်ကြည့်ပြီး
ဖြည့်ဆည်းပေးနေသူ
အားငယ်ချိန် အနားမှာအားပေးတတ်ပြီး၊
အောင်မြင်ချိန်ဆို ဘေးက ပျော်ရွှင်ပေးတတ်သူတစ်ယောက်
အခုတော့ အဝေးမှာ
တစ်ယောက်ထဲ အဖော်မဲ့၊ အထီးကျန်နေချိန်
ငါ ပြန်မပြုစုနိုင်ခဲ့ဘူး။
ဘ၀တိုးတက်ဖို.ကို အကြောင်းပြပြီး
အမေ့ကို စွန့်ပစ်မိတဲ့ ငမိုက်သား
အခုမှ အမေအားလုံးအဆင်ပြေပါစေလို.
ဆုတောင်းနေရတယ်။
အမေ ကျန်းမာချမ်းသာပါစေ......









2 comments:

သစ်နက်ဆူး said...

ထွေးလေး...
ဘ၀တိုးတက်ဘို့ စွန့် ခွာပြီး လုပ်နေပေမယ့်...
မိခင်ကို ပစ်မထားရက်တဲ့ အတွင်းစိတ်ကို မြင်နေရပါတယ်...။
စုန်ရေဘဲ...ရှိပေမယ့်
ဆန်ရေဖြစ်လာတဲ့ အခါ ၀မ်းမသာတဲ့ မိဘ မရှိပါဘူး...။
ရည်မှန်းချက်အတိုင်း ကျိုးစားပါ ထွေးလေးရေ...
အမေ နားလည်ပေးနိုင်မှာပါ..။
မေ့တော့ မနေနဲ့ ပေါ့..။
လူဆိုး မဟုတ်ပါဘူးကွာ..သိပါတယ်။

GHOSTBELL said...

ဟုတ်ကဲ့ပါ။ တစ်ခါမှမခွဲဖူးကြတော့ အခုလို၃လ၁ခါခွဲရတာ တော်တော်ခံရခက်တယ်။