

Abu Dhabi ရဲ့ လမ်းမပေါ်မှာ သူတစ်ယောက်တည်းလျောက်သွားနေတယ်။ အဖော်မရှိဘူး။ ပြုစုစောင့်ရှောက်မယ့်သူမရှိဘူး။ နေစရာမရှိဘူး။ လူတွေတွေ.၇င် မသင်္ကာတဲ့မျက်လုံးနဲ့ အရင်လေ့လာတယ်။ မခံမရပ်နိုင်အောင်ဆာလွန်းရင်တော့ အရိုက်ခံပြီး အစာတောင်းတတ်တယ်။ အမှိုက်ပုံတွေ.သမျှဝင်ရှာတယ်။ ငွေမလိုဘူး၊ ရွှေမလိုဘူး၊ ချစ်သူမလိုဘူး၊ အသက်ရှင်သန်ဖို. အစာကိုဘဲတောင့်တယ်။
ကြင်နာတတ်သူရှာပြီး အစာတောင်းတယ်။ စားနေရင်းလဲ ပြေးဖို.ကို အဆင်သင့်ပြင်နေတတ်တယ်။လောကဓံကို ကြံ့ကြံ့ခံပြီး အသက်ရှင်နေထိုင်တယ်။ နှိပ်စက်တတ်တဲ့ လူတွေရဲ့လက်ကနေ လွတ်အောင်မပြေးနိုင်တဲ့နေ့မျိုးဆို နာကြင်နေတဲ့ ကိုယ်ထည်လေးကို လျာလေးနဲ့ ထိုင်လျက်ရင်း တအီအီငိုညည်းနေတတ်တယ်။ ဆာလောင်လွန်းတဲ့ ညတွေမှာ မြေကြီးပေါ်က သဲတွေကို လျာနဲ့လျက်ပြီး အဆာဖျောက်နေတတ်တယ်။
No comments:
Post a Comment