Sunday 28 September 2008

TV ပြသနာများ

ဒီနေ့အလုပ်ထဲကိုစရောက်တာနဲ့ ကြုံလိုက်ရတာကတော့ TV ပြသနာတွေပါဘဲ။ စစချင်း အခန်းနံပါတ် (၂၃၄) ဧည့်သည်က သူ.အခန်းမှာ TV မလာလို.ဆိုပြီးပြေးရပါတယ်။ သွားကြည့်တော့ သူကြည့်နေကျ အီတလီလိုင်း ဖမ်းမရလို.ပါ။ System ကိုပြန်စစ်ကြည့်တော့ receiver မှာ အဲဒီလိုင်းဖမ်းမရဘူးဖြစ်နေပါတယ်။ free line ကိုအသုံးပြုထားတော့ ပင်မနေရာကလွှင့်တာကို မမိရင်ဖမ်းလို.မရဖြစ်နေတတ်ပါတယ်။ အဲဒါနဲ့ ဧည့်သည်ကို တောင်းပန်ပြီး၊ တခြားလိုင်းတွေ စိတ်ဝင်စားအောင် လျောက်ဖွင့်ပြရပါတယ်။
နောက်တစ်ခန်းကတော့ အခန်းနံပါတ် (၂၄၀)၊ ဒီအခန်းကတော့ရှင်းပါတယ်။ remote control battery ကုန်နေတာပါ။ remote battery လဲပေးလိုက်တော့ ပုံမှန်ပြန်ဖြစ်သွားပါတယ်။
နောက်အခန်းနံပါတ် (၆၃၁)ကျတော့ TV မှာဘာရုပ်မှမပေါ်တာဗျ။ တော်တော်ခေါင်းစားသွားပါတယ်။ ကြိုးတွေလွတ်နေလားကြည့်တော့လဲ အားလုံးကအိုကေနေတယ်။ Program လဲသေချာစစ်ပေါ့။ နောက်ဆုံးတော့ ပြသနာက TV မှာလာဖြစ်နေတာပါ။ အလုံးလိုက်လဲရမှာပါ။ ဧည့်သည်ကို TV လဲဖို. ခွင့်တောင်းတော့ သူကခွင့်ပြုပါတယ်။ အဲဒီမှာစကြုံရတာကတော့ TV ကိုတစ်ယောက်တည်း ဘယ်လိုလဲရမလဲပါဘဲ။ ခါတိုင်းတော့ အဖော်တစ်ယောက်အမြဲပါတတ်တယ်။ ဒီလကစပြီး တစ်ဂျူတီလုံးကို တစ်ယောက်တည်းချထားတော့ ဘယ်သူမှအားကိုးစရာ မရှိပါဘူး။ ဧည့်သည်ကလဲ ငုတ်တုတ်ထိုင်စောင့် နေတော့ အပြင်ပြန်ထွက်ပြီးလူလိုက်ရှာဖို.က မဖြစ်ဘူးလေ။ အဲဒါနဲ့ ကိုယ်တိုင်မဖို.ပြင်ရပါတော့တယ်။ TV ကြိုးတွေကိုသေသေချာချာမှတ်ပြီးဖြုတ်၊ screw တွေသေချာဖြုတ်ပြီး။ TV အလုံးလိုက်ကို တစ်ယောက်ထဲမရပါတယ်။ ကံကကောင်းတော့ Main Door နားက အခန်းဖြစ်နေလို.ပေါ့။ မဟုတ်လို.ကတော့ Main Door ရောက်တဲ့အထိ သယ်ရမှာ မစားသာဘူးလေ။ Lift ရောက်တော့ ၇ထပ်ကိုတက်၊ ကောင်းတဲ့ TV ကို၇ှာ၊ ပါလာတဲ့ အပျက်ကို မကောင်းတဲ့အခြမ်းမှာထားခဲ့ပြီး၊ ပြန်ဆင်းလာရပါတယ်။ အခန်းထဲပြန်ရောက်တော့ ကြိုးတွေဘာတွေသေချာပြန်တပ်ပြီးတဲ့ အချိန်မှာ စစ်ဆေးကြည့်တော့ အိုကေတယ်ဗျ။ တော်သေးတာပေါ့။ ဘုရားစာရွတ်ပြီးပြန်ဆင်နေတာ။ ဒီအလုံးလဲပြီးလို.မှပြန်မကောင်းရင် ဧည့်သည်က Complain တတ်တော့မှာ သေချာနေပြီလေ။ ကံကောင်းထောက်မစွာနဲ့ဘဲ အဆင်ပြေသွားပါတယ်။
နောက်တစ်ခန်းကျတော့ DVD အလုပ်မလုပ်ဘူးဗျ။ ဒါကတော့လွယ်ပါတယ် HTML Cable လွတ်နေလို.ပါ။ ဒါနဲ့ဘဲ cable ပြန်တပ်ပေးခဲ့ပါတယ်။
အခန်းနံပါတ် ၄၀၅ ကျတော့ TV Cabinet Light Fused ဖြစ်တာလေ။ မီးချောင်းကျွမ်းတာပေါ့။ မီချောင်းက ဖြုတ်ပြီးပြန်တပ်ရုံဘဲပေမယ့်၊ TV Cabinet ရဲ့ အနောက်ကချောင်လေးထဲမှာဆိုတော့ အနောက်က ပျဉ်ချပ်ကြီးကို ခွာပြီးမှ လဲလို.ရပါတယ်။ အဲဒီပျဉ်ချက်မှာ စုစုပေါင်း screw အလုံးပေါင်း ၄၀ကျော်တပ်ထားပါတယ်။ အဲဒီScrew တွေကို ခွာထုတ်ဖို.အတွက် အ၇င်ဆုံး TV Cabinet ကြီးကို အရှေ.တွန်းရွှေ.ရပါတယ်။ အားလားလား ရွေ.တောင်မရွေ.ပါဘူး။ ဧည့်သည်ကလဲ ထိုင်ကြည့်နေပါတယ်။ စိတ်ညစ်လိုက်တာလေ။ ငိုတောင်ငိုချင်တယ်။ အဲဒါနဲ့ အပြင်ထွက်ပြီး၊ housekeeping တစ်ယောက်ကို ရီပြပြီး အကူအညီတောင်းရပါတယ်။ သူကလဲ မကြည်မလင်နဲ့ ကူညီတယ်။ ဟုတ်တယ်လေ။ သူ.မှာလဲ သူ.အခန်းတွေပြီးအောင် ၇ှင်းရဦးမှာကိုး။ TV Cabinet ကြီးရွှေ.အပြီးမှာတော့ screw တွေကို တစ်ယောက်ထဲ ဖြုတ်ရပါတော့တယ်။ ဧည့်သည်ကလဲ စိတ်မရှည်တော့ပါဘူး။ သူ အပြင်သွားမယ်၊ ပြန်လာရင်ပြီးတာ မြင်ချင်တယ်လို. ပြောပြီးထွက်သွားပါတယ်။ ကိုယ်လဲတော်တော်ပျော်သွားတယ်။ သူ.အရှေ.မှာ လုပ်နေရတာထက်စာရင် ကိုယ့်ဘာသာ မြန်မြန်ဆန်ဆန် လုပ်ပစ်လိုက်ချင်နေတာပါ။ သူရှိနေတော့ အသံတွေဘာတွေ ဆူမနေအောင် ထိန်း၇သေးတယ်လေ။ Screw တွေဖြုတ်ပြီး၊ မီးချောင်းလဲပြီး ပြန်တပ်။ အားလုံးပြီးတော့ TV cabinet ကိုပြန်တွန်းဖို. လုပ်ရပါတယ်။ Housekeeping ကလဲမရှိတော့ပါဘူး။ ထပ်ခေါ်မှာ သိလို.လစ်သွားတာထင်တယ်။ တစ်ယောက်တည်း ကြိုးစားပမ်းစားတွန်းရတာ၊ Aircon ခန်းထဲမှာ ချွေးပြိုက်ပြိုက်ကျပါတယ်။ အဲဒီအချိန်မှာ တော်တော်ကို စိတ်အားငယ်ရပါတယ်။ အလုပ်ကို တစ်ခါမှ အဲလောက်ပင်ပင်ပန်းပန်း မလုပ်ဖူးပါဘူး။ ခါးလဲနာ၊ လူကလဲ ၀မ်းနည်း၊ တော်တော်ဆိုးတဲ့ ခံစားမှုပါဘဲ။ အဲဒီအချိန်သာ အမေ့ဆီကဖုန်းလာရင် ငိုမိမှာသေချာတယ်။
ဒီနေ့အတွက်ကတော့ TV ပြသနာတော်တော်များပါတယ်။ တခြားအခန်းတွေမှာလဲ ဆင်တူယိုးမှား ပြသနာတွေဘဲကြုံရပါတယ်။
Evening Shift ကို handover လွှဲတော့တောင် သူတို.က နင်ဒီနေ့ဘုရားမရှိခိုးလာဘူး ထင်တယ်လို. နောက်နေကြသေးတယ်။ ဒီနေ့လို TV ပြသနာ အများကြီး သူတို.တောင်မကြုံဖူးဘူးတဲ့။
ဟုတ်တော့ဟုတ်မယ်၊ ကိုယ်လဲနှလုံးသားပြသနာတွေနဲ့ ၇ှုပ်နေတော့ ဘုရားကို မေ့နေမိတယ်။
နောက်နေ့တော့ ဘုရားသေချာရှိခိုးပြီးမှ အလုပ်သွားဖို.ပြင်ရမယ်။

3 comments:

ပန်းခရမ်းပြာ said...

ညီမလေးရဲ့ အလုပ်သဘာဝကိုဖတ်ပြီး တော်လိုက်တာလို့ ပြောပါရစေတော့။ အမျိုးသမီး အင်ဂျင်နီယာတွေ အတွက် ဂုဏ်တက်စရာပဲ။ ဒို့လည်း ညီမလို Electrical trained ပါ။ ခုထိတော့ စာရွက်နဲ့ ကွန်ပြူတာနဲ့ပဲ။ အဲဒီလိုသာ Hands on လုပ်ရရင် ပထမဆုံးနေ့မှာပဲ အလုပ်ပြုတ်မယ်ထင်ပါရဲ့။ အောင်မြင်ပါစေ။ အမြဲအားပေးနေမယ်။

သစ်နက်ဆူး said...

ကျိုးစား ညီမလေး.....
ပညာတတ်တစ်ယောက်အတွက်တော့ စိန်ခေါ်ပွဲတိုင်းဟာ အတွေ့ အကြုံဘဲ.....။
ဝန်နဲ့ အားမမျှတာ ကိုယ်ချင်းစာမိပေမယ့်...
ငိုမိမယ်ထင်ရင် ...အာရုံပြောင်းပြီး...
ခံပြင်းစိတ် တစ်ခု...တွေးပြီး
အင်အားအဖြစ်ဖန်တီးပေါ့...။

အားလုံးကို ကျော်ဖြတ်နိုင်ပါစေ

GHOSTBELL said...

ဟုတ်ကဲ့၊ အရှုံးမပေးဘဲဆက်ကြိုးစားနေပါ့မယ်။ အားပေးကြတဲ့အတွက်လဲကျေးဇူးပါ။