Thursday, 26 February 2009

Family Photo

ဒီတစ်ခါတော့ ကိုယ်တို. လက်ရှိနေထိုင်နေတဲ့ Arab နိုင်ငံသူမိသားစုရဲ့ ပြုံးချင်စရာဓာတ်ပုံလေးကို တင်ပေးလိုက်ပါတယ်။ ဒီဓာတ်ပုံလေးကို Forward Mail ထဲက ရထားတာမို.လို. မြင်ဖူးပြီးသားလဲ ဖြစ်ကြမှာပါ။ ဒီပုံလေးကိုကြည့်ပြီး ကိုယ်တွေးမိတာလေးတစ်ခုရှိပါတယ်။ Arab နိုင်ငံတွေမှာ အ၀တ်အစားကို ကန့်သတ်ချက်မရှိပါဘူး။ (ဥပုသ်ကာလမှာ အတို၊အပြတ် မ၀တ်ရတာကလွဲလို.ပေါ့)။ ၀တ်ချင်တဲ့ အ၀တ်အစားကို လွတ်လပ်စွာ ၀တ်ဆင်ခွင့်ရှိပါတယ်။ အဲလို တွင်ကျယ်စွာ ခွင့်ပြုထားပေမယ့် သူတို.Local မိသားစုတွေကတော့ Local ၀တ်စုံကို ယောကျာ်း၊ မိန်းမ မရွေး နှစ်သက်စွာ ၀တ်ဆင်ကြပါတယ်။ ဘယ်သူကမှ by force နဲ့ မ၀တ်ခိုင်းပါဘူး။ အမျိုးသားများက အဖြူရောင်ဝတ်ရုံရှည်၊ အမျိုးသမီးများက အနက်ရောင် ၀တ်ရုံရှည်နဲ့ မျက်နှာအုပ်။ နေရထိုင်ရတော်တော်ခက်မှာပါ။ ဒါပေမယ့် သူတို.က ဒီဝတ်စုံကို ဂုဏ်ယူဝံ့ကြွားစွာ ၀တ်ဆင်ကြပါတယ်။ ဒီဝတ်စုံဝတ်ပြီး တော်ရုံတန်ရုံ (ဥပမာ- သူများကားမောင်းပေးတာ) မျိုးလုပ်မိရင်တောင် လက်မခံကြပါဘူး။ ဂုဏ်သရေရှိ Arab နိုင်ငံသားသာ ၀တ်ခွင့်ရှိတဲ့ ရိုးရာဝတ်စုံပါ။ နိုင်ငံခြားသားတောင် ၀တ်ချင်ရင် ၀တ်ကြည့်ပြီး ဓာတ်ပုံရိုက်၊ ပြီးရင် ပြန်ချွတ်ရပါတယ်။
ကိုယ်တို. နိုင်ငံမှာသာ ကိုယ့်မြန်မာဝတ်စုံလေးကို အဲလိုတန်ဖိုးထား ၀တ်တတ်ကြရင် သိပ်ကောင်းမှာပါ။ အခုတော့ ကိုယ်ကိုယ်တိုင်ကအစ တန်ဖိုးမထားတတ်သေးပါဘူး။ ဘာဘဲဖြစ်ဖြစ်ပေါ့လေ ဒီပုံလေးကို ကြည့်ပြီး ရီလိုက်ကြပါဦး။








3 comments:

ဒေါင်းမင်း said...

ဟားဟားဟားအဲဒီလိုရိုက်တော့သူတို့မျက်နှာမှမမြင်ရတာတော်တော်ထုံထိုင်းတဲ့ကုလားတွေဟီး

GHOSTBELL said...

သူတို.ရိုးရာကိုက မျက်နှာကို တချိန်လုံးအုပ်ထားရတာလေ။ သူတို.အစားပူလိုက်တာနော်။ ဟီး

♥ Acacia ♥ said...

အမလေး ရယ်လိုက်ရတာ ဘယ်သူက ဘယ်သူမှန်းမသိ
say cheese ရော အော်သေးသလားဗျ ဓါတ်ပုံရိုက်မယ် ပြုံးပြုံးလေး