Saturday, 21 March 2009

တစ်နေ့နေ့ရောက်ဖို.

နင်မရှိဘဲနဲ့
ရက်ပေါင်း ၃၆၈
ငါဘယ်လိုကျော်ဖြတ်ခဲ့မိပါလိမ့်။
အသေအချာတွေးတော့
ဒီရက်တွေကြားမှာ
ငါတို.ရဲ့.....
သတိရခြင်းတွေပါတယ်
ဝမ်းနည်းမှုတွေအပြည့်
နာကျင်ခြင်းနဲ့
ကြင်နာခြင်းတွေ
စကားလုံးနဲ့ဖော်ပြလို.မရခဲ့တဲ့
ခံစားချက်အချို.
ဘာဘဲဖြစ်ဖြစ်ပေါ့
နင်ငါ့ကိုချစ်တယ်
ငါနင့်ကိုချစ်တယ်
လုံလောက်ပါပြီလေ
ကျန်ခဲ့တဲ့
ချိုမြိန် ခါးသီးမှု
မှတ်တမ်းတွေကိုမေ့လို.
ငါတို.လမ်းကို
ယုံကြည်ချက်နဲ့
မ၀ံ့မရဲ ဆက်လှမ်းကြတာပေါ့။
တစ်နေ့နေ့ကျရင်...
ဆိုတဲ့ ပန်းတိုင်ရောက်ဖို.လေ။

2 comments:

♥ Acacia ♥ said...

ကဗျာတွေကတော့ မိုက်ပြီးရင်း မိုက်ရင်းပဲ.... မိုက်တယ်ဟာ... အရမ်းကြိုက်တယ်... အရမ်းခိုက်တယ်...

GHOSTBELL said...

ဂယ်ကြောတာလား။