Wednesday 25 March 2009

သင်္ကြန်စိတ်ကူး

ကိုသစ်နက်ဆူးရဲ့ သင်္ကြန်လက်ဆောင်ပုံလေးတွေ တွေ.တော့မှ သင်္ကြန်ရောက်ဖို. သိပ်မလိုတော့မှန်း သတိရမိတယ်။ ကလေးဘ၀က ပျော်ခဲ့ရတဲ့ သင်္ကြန်ကတော့ အဖြူစင်ဆုံးနဲ့ အပျော်ခဲ့ရဆုံး သင်္ကြန်ရက်တွေပေါ့။ အသက်တွေရလို. အရွယ်ရောက်လာတော့ သင်္ကြန်ရောက်တိုင်း အတွဲလေးတွေ ပြောင်းတတ်ခဲ့တာပေါ့။ ဒီနှစ်တော့ နိုင်ငံရပ်ခြား သင်္ကြန်အတွေ.အကြုံ စတွေ.ရတော့မှာပေါ့လေ။
ရန်ကုန်က အင်ယားနဲ့ တကသိုလ်ရိပ်သာကိုလဲ လွမ်းမိပါရဲ့။ ကန်ဘောင်က ဘူးသီးကြော်လဲ တမ်းတမိတယ်။
မန်းလေးက ကျုံးရှေ.နဲ့ ဦးပိန်တံတားလဲ သတိရတယ်။
ပုဂံက သင်္ကြန်မှာလဲ ပျော်ဖူးချင်တယ်။
အခု Abu Dhabi က သင်္ကြန်ကတော့ ချောင်းသာကမ်းခြေက Beach သင်္ကြန်နဲ့ ဆင်မယ်ထင်တယ်။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ မြန်မာ့ရိုးရာ အတာသင်္ကြန်မှတော့ သင်္ကြန်အစာလေးတွေ အပြတ်ဝါးရင်၊ သင်္ကြန်မယ်လေးတွေကို အပြတ်ငမ်းပလိုက်ဦးမယ်။ အဟေ့။
ခုလောလောဆယ်တော့ သင်္ကြန်မှာ သူများတွေနားညည်းရအောင် သင်္ကြန် RAP သီချင်းလေးတစ်ပုဒ်လုပ်ဦးမယ်။ ဟီဟိ

2 comments:

Anonymous said...

သင်္ကြန်Rapသီချင်းတွေနဲ့ ထွေးလေးတို့က အပြတ်ဒန့်စ်အုံးမယ်ပေါ့လေ၊ ကောင်းပါ့...ကောင်းပါ့။

GHOSTBELL said...

အဟဲ။ ကဲလိုက်ဦးမယ်ဗျာ