Saturday 18 April 2009

HAPPY NEW YEAR

မင်္ဂလာနှစ်သစ်ကူးပါ။ သူငယ်ချင်းအားလုံးပျော်ရွှင်ကြမယ်ထင်ပါတယ်။ ကိုယ်တို.ကတော့ မြန်မာနိုင်ငံမဟုတ်တဲ့ နိုင်ငံရပ်ခြားမှာ သင်္ကြန်အတုလေးတစ်ခု ဖန်တီးပြီး နှစ်သစ်ကို ပျော်ရွှင်စွာဖြတ်ကျော်ခဲ့ကြပါတယ်။


နှစ်သစ်မှာ
ကန်တော့ဖို.
အမေကအနားမှာ မရှိဘူး။
နှစ်သစ်မှာ
တရားနာဖို.
ဘုန်းကြီးကျောင်း မရှိဘူး။
နှစ်သစ်မှာ
ရိုးရာဓလေ့တွေ ပျောက်ဆုံးလို.
ယဉ်ကျေးမှုခြင်း ဆန့်ကျင်နေတဲ့
နိုင်ငံတခုမှာ ငါရောက်နေတယ်
နှစ်သစ်တိုင်း
ရပ်ကွက်ဓမာရုံမှာ
တရားနာဖို.
ငါ့ကို အားပြုလမ်းလျောက် ရောက်အောင်သွားတတ်တဲ့
အဖွားကိုလွမ်းတယ်။
နှစ်သစ်တိုင်း
မနက်အစောကြီး
ရွှေတိဂုံဘုရားသွားဖို. နှိုးဆော်တတ်တဲ့
အမေ့ကို သတိရတယ်။
နှစ်သစ်တိုင်း
သူငယ်ချင်းတွေနဲ့ သွေးလှူဖြစ်တဲ့
အချိန်တချို.
နှစ်သစ်တိုင်း
........နဲ့ ဆုံဆည်းနေကျ အချိန်တချို.
အရာရာ သတိရမိတယ်
သင်္ကြန်ကို အတုဖန်တီးပျော်နိုင်ခဲ့ပေမယ့်
နှစ်သစ်ကို ဘာနဲ့မှ အစားထိုးမရခဲ့ဘူး။
လွမ်းတယ် နှစ်သစ်ရယ်

2 comments:

Anonymous said...

ကိုယ်ချင်းစာပါတယ် ခုလိုကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထားတတ်တာကိုလည်းလေးစားပါတယ် တိုင်းပြည်နှင့်လူးမျိုး၊ ဘာသာကျိုးကိုသယ်ပိုးနိုင်ပါစေ
ဗျာ။

Anonymous said...

ကိုယ်ချင်းစာပါတယ် ခုလိုကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထားတတ်တာကိုလည်းလေးစားပါတယ် တိုင်းပြည်နှင့်လူးမျိုး၊ ဘာသာကျိုးကိုသယ်ပိုးနိုင်ပါစေ
ဗျာ။