ဒီနေ့ နိုဝင်ဘာ၅ရက်နေ့။
အိပ်ရာကနေ မနက်၅း၀၀ထဖြစ်တယ်။ ဘုရားရှိခိုး၊ ပုတီးစိပ်၊ ဖေဖေ့အတွက် ဆုတောင်းဖြစ်တယ်။ တစ်နေ့လုံးသက်သက်လွတ်စားတယ်။ ဖြစ်နိုင်ရင် ဥပုသ်ပါစောင့်ချင်တာ။ အလုပ်ကနားရက်မရဘူး။
ဒီအချိန်ဆို ဖေဖေဘယ်ဘ၀ရောက်နေမလဲနော်။ မေမေလဲ ရန်ကုန်မှာ ဘုန်းကြီးကျောင်းသွားဖြစ်တယ်တဲ့။ စင်ကာပူမှာ အလည်ရောက်နေတဲ့ အစ်မကြီးနဲ့၊ ညနေပိုင်း ဂျူတီကျနေတဲ့ အစ်မလတ်ဆီ ဘုရားရှိခိုးကြဖို. မက်ဆေ့ပို.ရသေးတယ်။ တကယ်တမ်းတော့ သူတို.လဲဒီနေ့ကို မမေ့ကြပါဘူးလေ။
လွမ်းတယ်ဖေဖေရယ်။ ဘယ်လိုလွမ်းရမှန်းလဲသိဘူး။ မျက်နှာလဲမမြင်ဖူးတော့ ဘာကိုကြည့်ပြီး သတိရလွမ်းရမှန်းတောင်မသိဘူး။ ရင်ထဲမှာလဲ တစ်ဆို.နေတယ်။ တစ်နေ့လုံး ငိုချင်နေတယ်။
ဘာဘဲဖြစ်ဖြစ် ဖေဖေကောင်းရာမွန်ရာဘုံဘ၀မှာ ပျော်နေမယ်ဆိုတာ ယုံကြည်လျက်ပါ။
Renegade Immortal - Episode 21 - Episode 21
2 hours ago
1 comment:
ထွေးလေးရေ....
အကို ဆုတောင်းမေတ္တာ ပို့ ပေးပါတယ်...။
ထွေးလေး ဖေဖေလဲ အေးချမ်း ကောင်းမြတ်သော ဘုံတစ်ခုမှာ ချမ်းမြေ့ပါစေ..
ကိုယ့်ညီမလေးလဲ ဘ၀ဆက်တိုင်း မိစုံဖစုံ ဘ၀လေးကို
ပိုင်ဆိုင်နိုင်ပါစေ။။။
Post a Comment